အရင်က ကွန်ပျူတာပေါ်မှာ apk ဖိုင်တွေကို မြင်လို့ရအောင်ကျနော်လည်းကြိုးစားခဲ့ဖူးပါတယ်။BlueStacks တို့ windrowandroid တို့ကို သုံးပေမယ့် ပုံတွေပေါ်ဖို့ အဆင်မပြေခဲ့ဘူး။ အခုမှ ဒါလေးနှင့် အဆင်ပြေသွားတော့တယ်။
အောက်ကပုံကိုကြည့်လိုက်ပါ။ အခုတော့အဆင်ပြေသွားပါပြီ။သူငယ်ချင်းတို့လည်း အဆင်ပြေချင်ရင်အောက်မှာပေးထားတဲ့ ဖိုင်လေးကိုဒေါင်းလိုက်ပါ။ အဲဒီ Rar ဖိုင်ကို ဖြည်လိုက်ရင် folder နှစ်ခုတွေ့ရပါလိမ့်မယ်။apkshellext_v2_2 folder ထဲမှာရှိတဲ့ install ဆိုတဲ့ Batch file လေးကို အရင် Run လိုက်ပါ။ အဲဒါပြီးမှ Show APK file in Computer folder ထဲက mzwpc exe ကို install မောင်းလိုက်ရင် apk ဖိုင်တွေကို အောက်ပါအတိုင်းစတင်မြင်ရပါပြီ။အဆင်ပြပါစေ။

0 comments:
Post a Comment