25 November 2013

Samsung Zawgyi Enabler v1.0 for Android

 
နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတစ်ချို့တွေအတွက် Samsung Zawgyi Enabler လို့ခေါ်တဲ့ Android ဖုန်းဆော့ဝဲလေး တစ်ခုကို Myanmar Mobile App Store (www.myanmarmobileapp.com) မှရေးသားထုတ်လုပ်လိုက်ပါပြီ ။Android 4.2 နှင့်အထက် မြန်မာစာ (Myanmar Language) မပါဝင်သေးသော Samsung ဖုန်းများကို မြန်မာဘာသာစကား Myanmar Zawgyi ထည့်သွင်းပေးမည်ဖြစ်ပါသည်။ဖုန်းတွင်း setting များအားလုံးတွင် မြန်မာဘာသာစကားပါဝင်လာစေမည်ဖြစ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုရန် သင့်ဖုန်းအား root လုပ်ထားရန်လိုအပ်ပါသည်။ Samsung Zawgyi Enabler ကိုအသုံးပြုပြီးပါက ဖုန်းရဲ့ Setting >Language & input ထဲသို့ဝင်၍ Language တွင် Myanmar (Zawgyi) ကိုရွေးချယ်၍ မြန်မာဘာသာစကားဖြင့် ဖုန်းတွင်းစနစ်တစ်ခုလုံးကိုစတင်အသုံးပြုနိုင်စေမှာဖြစ်ပါတယ်။ နိုင်ငံခြားရောက်မြန်မာတွေရဲ့ မြန်မာစာစနစ်မပါဝင်သေးတဲ့ Samsung ဖုန်းတွေနဲ့ ပြည်တွင်းက မြန်မာစာစနစ် (Myanmar Language) မပါဝင်သေးတဲ့ Samsung ဖုန်းတွေအတွက်အခု Samsung Zawgyi Enabler ဆော့ဝဲလေးက အတော်လေးလွယ်ကူအဆင်ပြေသွားစေလိမ့်မယ်လို့ထင်ပါတယ်။ Samsung Zawgyi Enabler ကိုရေးသားဖန်တီးသူကတော့ Myanmar Mobile App Store မှ ကိုသက်နိုင်စိုး (http://www.facebook.com/thetnaing.mmas) ဖြစ်ပါတယ်။ Samsung Zawgyi Enabler v1.0 for Android ကိုအောက်က link များမှာ download ရယူနိုင်ပါတယ်။


credit to MMAS

iOS7 အတွက် Zawgyi Font အဆန်းလေးတွေပါ

shared by :Myat Min Soe(Myanmar Mobile Users Group)
iOS 7 ကို Jailbreak မလုပ်ဘဲမြန်မာစာသွင်းနိုင်မယ့် ဇော်ဂျီဖောင့် အလန်းလေးတွေ ထွက်ရှိလာပါပြီ။  ဒီ font များကို iPhone/iPad/Pod touch တွေမှာသွင်းပုံသွင်းနည်းကတော့
1. iDevices ရဲ့ Safari Browser ကနေအခုပေးထားတဲ့ Link ကိုဝင်ပါ။
2. Download ကိုနှိပ်ပါ။
3. Install ကိုနှိပ်ပါ။
ဒါဆိုရင် iDevices ရဲ့ function အားလုံးနီးပါးကို မြန်မာစာမြင်နိုင်ပြီဖြစ်ပါတယ်။Ios7 အတွက် Zawgyi font အလန်းများကိုအောက်မှာ ရယူနိုင်ပါတယ်..

Art House fontအားရယူရန်
ဗိဿနိုး font အားရယူရန်

Dance Zawgyi font အားရယူရန်

zawgyi flower font အားရယူရန်
credit MMAS

ဖုန်းထဲကနေRoot လုပ်နိုင်မယ့် SuBoo Root Pro apk 100%worked

အရင်က ဗားရှင်းအမြင့်ဖုန်းတွေကို ဖုန်းထဲက နေ Root နိုင်မယ့် Pro Myanmar Root ကို ဒီနေရာလးမှာ တင်ပေးခဲ့ပါတယ်။ဗားရှင်းအနိမ့်တွေတော့ သိပ်အဆင်မပြေဘူးပြောလို့ အခု SuBoo Root Pro လေးကို 
တင်ဆက်လိုက်ရတာပါ။ဒီဆော့ဝဲထဲမှာ Root လုပ်ထားလားမလုပ်ထားလားစစ်ဆေးနိုင်မယ့် Test Root ၊ Root လုပ်ထားပြီး ပြန် Unroot လုပ်ချင်သူတွေအတွက် Unroot နှင့် အခုမှ Root လုပ်ချင်သူတွေအတွက် Root tool တွေပါဝင်ပါတယ်။ ဖုန်းထဲမှာတင် Root ဖောက်ချင်သူတွေအတွက် အဆင်ပြေမှာပါ။


24 November 2013

Bagan Keyboard pro Crack

Bagan Keyboard Pro - screenshot thumbnail

ဒီတစ်ခါ Bagan Keyboard pro ကိုနိုင်ငံခြားကနေ သုံးချင်သူများ ကုတ်မရလို့ စိတ်မညစ်ပါနှင့် ဒီ Crack ဗားရှင်း လေးက ကူညီပေးပါလိမ့်မယ်။ သူ့ကိုဖွင့်ပြီး internet on ထားကာ activation code ကို ကြိုက်ရာ စာလုံးများရိုက်နှိပ်လိုက်ပါ။ activated ဖြစ်သွားပါလိမ့်မယ်။ ၀ယ်သုံးနိုင်သူတွေတော့ ၀ယ်သုံးလိုက်ပါနော်။
Themes တွေ ပြင်နိုင်မယ်။Height တွေကို လိုသလိုပြင်နိုင်မယ်။




Jelly Bean တွေအတွက် မြန်မာစာ100%မှန်သော ၊စာတွေနောက်မကျန်သော fepfz 2.1 ထွက်ရှိ

 

အရင်က Jelly Bean တွေမှာ 100% မြန်မာစာမှန်တဲ့ fepfz 1.3 နှင့် 2.0 တို့ကိုတင်ပေးခဲ့ပါတယ်။
အရင်ဗားရှင်းတွေမှာ မြန်မာစာမှန်သော်လည်း စာတွေပြတ်ကျန်ခဲ့တဲ့ ပြဿနာ၊v2.0 မှာ စာမကျန်သော်လည်း Browser မှာ စာတွေမမှန်တဲ့ပြဿနာ၊ FB Group တွေထဲဝင်ရင် မြန်မာစာ မမှန်တဲ့ ပြဿနာကို ဒီဗားရှင်းက ဖြေရှင်းပေးလိုက်ပါပြီ။ လုံးဝ စင်းလုံးချောသွားပါပြီ။မှန်ပြီးသားအဆင်ပြေပြီးသားသူတွေကတော့ ထပ်မလုပ်ပါနှင့်တော့။
လုပ်ပုံ လုပ်နည်းကတော့ အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ ၊Version 1 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။
1.install
2.Run
3.Click Got it
4. Patch v2 and Reboot(အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ ၊Version 1 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။)
ကျနော် G510 လေးတော့ စင်းလုံးချောသွားပြီ။



21 November 2013

Ubutu (Linux) မှာ မြန်မာဖေါင့်သွင်းနည်းစာအုပ် (မြန်မာလို)


Open source operation system တစ်ခုဖြစ်တဲ့ Ubutu (Linux) မှာ မြန်မာဖေါင့်သွင်းနည်းစာအုပ် (မြန်မာလို) ကိုတင်ပေးလိုက်ပါတယ်။ လေ့လာလိုသူများဒေါင်းလုပ်ရယူနိုင်ပါပြီ။


15 November 2013

Jelly Bean တွေမှာ မြန်ာမစာနောက်မှာ မကျန်အောင်၊မှန်အောင်လုပ်ပေးမယ့် Fefpz (2.0)apk


အရင်က Jelly Bean တွေမှာ မြန်မာစာ မှန်အောင်လုပ်ပေးမယ့် apk လေး တင်ပေးခဲ့ပါတယ်။
မြန်မာစာတော့ မှန်ခဲ့ပါတယ်။ဒါပေမယ့် နောက်မှာ စာတွေပြတ်ကျန်ခဲ့ပါတယ်။အခု Version မှာတော့ 
နောက်က စာတွေမကျန်အောင် လုပ်ပေးပါတယ်။
အရင်က မှန်နေတဲ့၊စာတွေ မကျန်ခဲ့တဲ့ဖုန်းတွေ လုပ်စရာမလိုပါဘူး။ စာတွေ ပြတ်ကျန်ခဲ့တဲ့ ဖုန်းတွေကို ဒီတော့ဝဲ လေး update သွင်းပြီး အပေါ်ဆုံးက Patch(V2)and Reboot ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင် 
စာတွေ ပြတ်မကျန်ခဲ့တော့ပါဘူး။အားလုံးအဆင်ပြေပါစေဗျာ။





 

Kit Kat Launcher for android

 
Kit Kat ဖုန်းလေးကို အမှန်တကယ် မကိုင်နိုင်သေးပေမယ့်
Kit Kat Theme တွေကို ခံစားချင်တယ်ဆိုရင် ဒီ Kit Kat Launcher လေးကို 
သုံးလိုက်ပါနော်။Go,Apex,Next launcher,ADW/EX,Nova,TSF Shell, Action ,
Smart launcher တွေနှင့်တွဲပြီး အလုပ်လုပ်ပါတယ်။အရမ်းလန်းတယ်နော်။


ဖိုင်ဆိုဒ်ကြီးလို့် တစ်ခုပဲ တင်လိုက်တယ်နော်။လိုင်းသိပ်မကောင်းလို့ပါ။DDD

14 November 2013

IDM Plus(Internet Download Manager) For Android

IDMကိုကွန်ပျူတာသုံးသူတိုင်းသိကြမှာပါ။ ဖိုင်အမျိုးစားတော်တော်များများကို ဒေါင်းလို့ရတယ်။
ဒေါင်းလုတ် Speed အရမ်းကောင်းတယ်။ အခုလည်းအဲလို ကွန်ပျူတာက IDM လိုမျိုးခံစားမှုနှင့် ဒေါင်းနိုင်မှာပါ။ ဒေါင်းလုတ် Speed မြန်မယ်။ ဖိုင်တော်တော်များများဒေါင်းနိုင်မယ်။
ဖေ့ဘုတ်က ဗွီဒီယိုတွေလည်း ဒေါင်းနိုင်တယ်။အရင်က ကျနော် Download Blazer ကိုသုံးခဲ့တယ။်အခုတော့ သူ့ထက် ဒေါင်းစပိကောင်းတဲ့ IDM Plus လေးကို ပြောင်းသုံးနေတယ်။

သုံးကြည့်လိုက်ပါဦးဗျာ။



ကွန်ပျူတာမလိုပဲ ဖုန်းထဲက နေ Root ကြမယ်100%Worked


ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေပဲ လုပ်နေရတာ အားလုံးအသိပါ။ 
ကွန်ပျူတာကို လူတိုင်းမကိုင်နိုင်၊မသုံးတတ်ကြပါဘူး။ Root Tool တွေရှိပေမယ့်
ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။အဲဒီအခါ
ဖုန်းထဲကနေ လုပ်လို့ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဖုန်းဆော့ဝဲတွေရှာမိကြမှာပါ။
ကျနော်လည်းရှာဖူးပါတယ်။တွေ့ပါတယ်။ဒါပေမယ့် အမှန်တကယ် အလုပ်မလုပ်ပါဘူး။ဟိုဟာလိုရတာနှင့် ဒီဟာလိုရတာနှင့်ပါ။ကွန်ပျူတာသုံးတတ်ပြန်တော့လည်း Driver လိုရတာနှင့် ရှုပ်နေတာပါပဲ။အခုတော့ 
ဖုန်းထဲကနေ အမှန်ကန် Root လို့ရတဲ့ apk လေးထွက်ပေါ်လာပါပြီ။ကျနော် G510 ကို စမ်းကြည့်တာ unlockcode မတောင်းပဲ Root နိုင်ခဲ့ပါတယ်။ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။
ဆော့ဝဲကိုဖွင့်ပြီး Start Root ကိုနှိပ်လိုက်တာ စတင်အလုပ်လုပ်ပါတော့တယ်။ 79%လောက်မှာ Ok နှင့် Cancel နှစ်ခုမေးတယ်။တရုတ်စာတွေနှင့်မေးတော့ ဘာမှန်းမသိဘုး။အရဲစွန့်ပြီး OK ကို နှိပ်လိုက်တာ ဆက်အလုပ်လုပ်သွားပါတယ်။ နောက်ထပ် Boxတစ်ခုကျလာပါတယ်။ Ok နေရာမှာ အနီရောင် Box လေးနှင့်ပါ။ Cancel ရောပေါ့။အနီရောင်ဘက်က တရုတ်လိုဆိုတော့ဘာမှန်းတော့မသိပေမယ့် အဲဒါကိုနှိပ်လိုက်တယ်။ ကံကောင်းစွာ Root လုပ်ငန်းပြီးဆုံးသွားတယ်ဗျာ။
ကြိုက်ရင်တော့ယူသွားလိုက်ပါ။

အော်ဆော့ဝဲလေးနာမည်က Pro Myanmar Root တဲ့ ။Developer ကတော့ KoKyawKoKo ပဲဖြစ်ပါတယ်။
တရုတ် root apk လေးကို English လို နားလည်အောင်ပြန်ရေးပေးထားပါတယ်တဲ့။ English version အဖြစ်ပြောင်းပေးထားတဲ့ ဆော့ဝဲလေးနာမည်ကိုတော့ Pro Myanmar Root လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ တရုပ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုပ်စာတွေပါတဲ့ တရုပ် superuser တက်လာပါတယ် ။ဒီကောင်လေးက လုံးဝ English လို တက်ပါတယ်။ ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ် ။ ပြုလုပ်ထားသူကတော့ ကိုကျော်ကိုကို (IPA Cracker) ပါ။ Pro Myanmar Root for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


12 November 2013

စုဗူး ဟင်းချက်နည်းများ စုစည်းမှု apk for android


ဒီတစ်ခါတော့ Facebook ကနေ ကို Be Mind တောင်းဆိုထားလို့ ဒါလေးကို လုပ်ဖြစ်သွားတာပါ။
ဟင်းချက်နည်းတွေကို သီးသန့်တင်ပေးတဲ့ ဆိုဒ်တွေကို စုစည်းပေးထားတာပါ။ဒီထဲမှာ Facebook page နှစ်ခုနှင့် Blog နှစ်ခု ထည့်ပေးထားပါတယ်။Facebook တွေက update တွေ တင်ပေးပါတယ်။
Blog တွေက update တွေ မတင်ပေးပါဘူး။ဒါပေမယ့် အရင်က သူတို့တင်ထားတဲ့ ဟာတွေလည်း ကောင်းလို့ လေ့လာလို့ရအောင်ထည့်ပေးထားတာပါ။ကျန်တဲ့ FB page တွေ ဆိုဒ်တွေ ထည့်ချင်သေးရင် မန့် ထားခဲ့ကြပါ။ version 2 မှာ ပါဝင်နိုင်အောင်လုပ်ပေးပါ့မယ်။



Jelly Bean တွေမြန်မာစာ100%မှန်ပြီ(Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း)

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D

ဒီဖုန်းတွေမှာ စမ်းသပ်ြ့ပီးဖြစ်ပါတယ်။
Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sony,G510,Y320


11 November 2013

IP လွယ်လွယ်ပြောင်းမယ်



ကျွန်တော်တို့ ADSL တို့ WIMAX လိုင်းတွေမှာဟိုဟာဝင်မရ ၊ဒီဟာဝင်မရနဲ့
တိုင်ပတ်နေပြီး softwears တွေအမျိုးမျိုးသုံး၊IP န့ပါတ်တွေအမျိုးမျိုးခံ ပြီးသုံးကြတယ်။
အဲဒိထဲမှာလွယ်လွယ် နဲ့ Installer လုပ်ပြီး Auto IPကြားခံပေးတဲ့ softwear တစ်ခုနဲ့
မိတ်ဆက်ပေးချင်ပါတယ်။

GetPrivate ဆိုတဲ့ Softwear ပါ။ဒီကောင်က မိုက်တယ်ဗျ။ကျွန်တော်သုံးသမျှတွေ
ထဲမှာတော့ အကြိုက်ဆုံးပဲ။အခုလဲဒါပဲသုံးနေတာ။
ဆော့ဝဲကိုဒေါင်းပြီး installer လုပ်လိုက်။
ပြီးရင်သူဟာသူ Auto IP နံပါတ် ပြောင်းသွားလိမ့်မယ်။

သုံးကြည့်လိုက်ပါအရမ်းလန်းနေတာတွေ့ရလိမ့်မယ်။



Network ပေါ်ကနေ Window တင်နည်းစာအုပ် (မြန်မာလို)



Network ပေါ်ကနေ Window တင်နည်းစာအုပ် (မြန်မာလို) တင်ပေးလိုက်ပါတယ်။ လန်းတယ်နော်...ကြိုက်ရင်ယူထားကြပါနော်။ လေ့လာလိုသူများ အောက်မှာယူသွားပါခင်ဗျာ။ အဆင်ပြေပါစေ....



မဖြစ်မနေကြုံတွေ့နေကြ ကွန်ပျူတာမှ ပြဿနာများဖြေရှင်းနည်းစာအုပ် (မြန်မာလို)

 
သူငယ်ချင်းများအားလုံးအတွက် ဆရာဥာဏ်ကြွယ်ရေးသားထားတဲ့ မဖြစ်မနေကြုံတွေ့နေကြ ကွန်ပျူတာမှ ပြဿနာများဖြေရှင်းနည်းစာအုပ်လေးတင်ပေးလိုက်ပါတယ်။ ကွန်ပျူတာမှာ ဖြစ်တတ်တဲ့ ပြဿနာပေါင်း ၁၆၀၀၀ ကိုဖြေရှင်းနည်းတွေရေးသားပေးထားတဲ့စာအုပ်လေးဖြစ်ပါတယ်။
 လိုအပ်သူများဒေါင်းလုပ်ရယူနိုင်ပါပြီ.......

 


10 November 2013

Android Version 4.0.3 မှ 4.2.2 အထိ GApps သွင်းပေးနိုင်မည့် Smart GApps Installer


ဒါလေးကတော့ တောင်းဆိုထားလို့ပါ။ တခြားဆိုဒ်တွေမှာ တင်တာတော့ ကြာပါပြီ။
သိပြီးသူတွေကျော်သွားလိုက်ပါ။Android Version 4.0.3 မှ 4.2.2 အထိ GApps သွင်းပေးနိုင်မည့် Smart GApps Installer လေးပါ။ကိုကျော်စွာသွင်ရဲ့လက်ရာလေးပါ။ 
 GApps Installer တွေ ပုံစံအမျိုးမျိုး အိုင်ဒီယာအမျိုးမျိုးနဲ့ လူတော်တော်များများ လုပ်နေကြတာပါပဲ... ဒါပေမယ့် နောက်ထွက်တဲ့ G610 လို ဖုန်းတွေနဲ့ သိပ်အဆင်မပြေတာလဲ သိတဲ့အတိုင်းပါပဲ... ဒါ့ကြောင့် ဒီ Tool လေးကို လုပ်ဖြစ်သွားတာပါ... Smart GApps Installer လို့ အမည်ပေးထားပြီး... လက်ရှိမှာ Android Version 4.0.3 မှ 4.2.2 အထိ အလုပ်လုပ်ပါတယ်... ဒီ Tool လေးကို သုံးဖို့ Root Access လိုအပ်ပါတယ်... Custom Recovery ရှိရန် မလိုအပ်ပါ...
 DOWNLOAD HERE 1 
 DOWNLOAD HERE 2


Google Play က This item is not available in your country ဆိုတဲ့ app ကို SuBoo Apk Downloader လေးနှင့်ရအောင်ဒေါင်းမယ်

 

ဒီတစ်ခါတော့ Google play ၀င်လိုက်တိုင်း မြန်မာပြည်က ဒေါင်းလို့မရတဲ့ This item is not available in your country ဆိုတဲ့ app ကို ယခု IT SuBoo မှ တင်ဆက်လိုက်တဲ့ SuBoo Apk Downloader လေးနှင့် အဆင်ပြေပြေ ဒေါင်းယူနိုင်ပါပြီ။ Google Play မှာ Resume မရပေမယ့် ဒီဆော့ဝဲလေးနှင့်ဒေါင်းရင်တော့ Resume ရပါတယ်။မြန်မာပြည်ကဒေါင်းခွင့်ရပေမယ့် ဖိုင်ဆိုဒ်ကြီးလို့ စိတ်ညစ်နေသူတွေလည်း အဆင်ပြေသွားတာပေါ့။ကဲစမ်းသုံးကြည့်ပေးပါဦး။ အဲ တစ်ချို့သိပြီးသား လေးကိုပဲ ဆော့ဝဲလုပ်ပေးလိုက်တာပါနော်။ သိပြီးသူတွေအပြစ်မတင်ကြပါနှင့်။ အသုံးပြုပုံကိုတော့ ဆော့ဝဲထဲမှာ ထည့်ပေးထားပါတယ။် ကြိုက်တယ်ဆို အောက်မှာ ဒေါင်းသွားလိုက်ပါ။


08 November 2013

Android application တွေ အခမဲ့ ဒေါင်းနိုင်မယ့် Mobogenie Market apk


ကဲဗျာအခုမှ ထွက်ထားတဲ့ Market app အလန်းလေးတစ်ခုတင်ပေးလိုက်တယ်။
တခြား Market တွေလိုပါပဲ သုံးရတာ အရမ်းလွယ်တယ် ။ဒေါင်းလုပ် speed အရမ်းကောင်းတယ်။

ဒေါင်းထားတဲ့ ဖိုင်လေးကို SD ကဒ်ထဲမှာ သိမ်းပေးထားနိုင်ပါတယ်။
တခြား Market တွေနှင့်မတူတာကတော့ သူ့ထဲမှာ YouTube ဆိုတဲ့ Tag တစ်ခုပါဝင်ပြီး youtube ကဗွီဒီယိုတွေ ကိုလည်း ပတ်မွှေပြီးဒေါင်းနိုင်တာပါပဲ။ အခုတစ်လော Tubemate နှင့် အဆင်မပြေတဲ့သူတွေအတွက် Two in one လေးကို သုံးကြည့်လိုက်ပါ။
အဆင်ပြေပါစေ။


07 November 2013

PDF TO Word Converter for PC 3MB

ဒါလေးကတော့ ကွန်ပျူတာမှာ PDF ကနေ Word ကို အလွယ်တကူပြောင်းလို့ ရတဲ့ ဆော့ဝဲလေးပါ။
ဖောင့်တွေလည်း ထွက်တာ မှန်ပါတယ်။ နေရာအထားအသို အားလုံးအဆင်ပြေအောင် ပြောင်းပေးနိုင်တယ်။
တခြားဟာတွေက အဆင်မပြေဘူးဆိုလို့ဒါလေးကိုတင်ပေးလိုက်ပါတယ်။