30 July 2013

ွဓါတ်ပုံတွေ၊ဗွီဒီယိုဖိုင်တွေကို အလျှင်မြန်ဆုံး Scan ဖတ်ပေးမယ့် QuickPic (Update) apk

QuickPic (Update) App လေး update ထွက်လာလို့တင်ပေးလိုက်ပါတယ်။ ဓါတ်ပုံတွေ scan ဖတ်ချက်ကတော့ လန်ထွက်နေတာပါပဲ။ ဘယ်လောက်ပဲ ပုံများများ စက္ကန့်ပိုင်းအတွင်း မိမိဖုန်းထဲမှ ရှိသမျှ ဓါတ်ပုံများကို ဖော်ပြပေးနိုင်ပါတယ်။ ဖုန်းတွေမှာ built in ပါတဲ့ Gallery တွေက လေးပါတယ်။ Videos တွေ ဖတ်တဲ့အခါ ချက်ခြင်း မပေါ်ပဲ ဖြေးဖြေးချင်းမှ ပေါ်လာတတ်ပါတယ်။ QuickPic ကို သုံးကြည့်ပါ။ ခဏလေးနဲ့ အကုန်လုံး ဖော်ပြပါတယ်။ တစ်ခါပဲ scan ဖတ်ထားရုံနဲ့ နောက်တစ်ခါဖွင့်တဲ့အခါ ချက်ချင်း ဖော်ပြပေးတယ်။
မယူရသေးသူတွေ ယူကြဗျာ။ ဓါတ်ပုံတွေ အများကြီးရှိနေရင် ဒီကောင်လေးနဲ့ ရှာဖွေရေးလုပ်တာ အမြန်ဆုံးပါပဲ။ Android 2.2 နှင့်အထက် ဖုန်းများတွင် အသုံးပြုနိုင်ပါတယ်။
 
DOWNLOAD HERE

ဘောလုံးဝါသနာရှင်များအတွက် မြန်မာနှင့်ကမ္ဘာ့ဘောလုံးသတင်းတွေဖတ်လို့ရမယ့် mflp apk

ဒါလေးကတော့ တောင်းဆိုထားလို့ တင်ပေးလိုက်တာပါ။ဘောလုံးဝါသနာရှင်တွေအတွက်ပါ။ ဆော့ဝဲလေးကိုသွင်းပြီး အင်တာနက်ချိတ်လိုက်ရုံနှင့် မြန်မာနှင့် ကမ္ဘာ့ ဘောလုံးသတင်းများကို အားရပါးရ ဖတ်ရှုနိုင်ပါပြီ။

အောက်မှာဒေါင်းသွားပါ။

DOWNLOAD HERE

Viber : Free Messages & Calls v 3.1.0 for android(latest version)

Android ဖုန်း/Tablet တွေအတွက် ဇူလိုင်လ 30 ရက်နေ့ ၂၀၁၃ မှာ Viber version အသစ်ထွက်လာပါပြီ။ Viber ဗားရှင်းအသစ်မှာတော့ ရေရေလည်လည် ကိုလန်းပါတယ်။ ယခု version မှာ viber ဆော့ဝဲရဲ့အသွင်အပြင် ဒီဇိုင်းလည်းတော်တော်လေးပြောင်းလဲသွားပါတယ်။ ဖုန်း free call ကို HD sound နှင့် ပြောနိုင်တာ ၊ Message Free ပို့နိုင်တာ ၊ Group chat ပြောနိုင်ရုံတင်မက အခြား Featuresတွေလည်းတော်တော်လေးကိုမိုက်လာပါတယ်။ အထူးခြားဆုံးကအခု version အသစ်မှာ Video File တွေကိုပါ Share လိုရပြီ: Sticker အသစ်များစွာပါဝင်လာတာကိုတွေ့ရပါတယ် .. Viber v3.1.0 for Android အောက်ကလင့်မှာ download ရယူနိုင်ပါပြီ။
 
   
DOWNLOAD HERE
 

25 July 2013

ဖုန်းထဲက လုပ်ဆောင်ချက်တော်တော်များများကို တစ်နေရာထဲကနေ လုပ်ဆောင်ပေး နိုင်တဲ့ Easy_Controller apk

ဖုန်းထဲက လုပ်ဆောင်ချက်တော်တော်များများကို တစ်နေရာထဲကနေ လုပ်ဆောင်ပေး နိုင်တဲ့ Easy_Controller  apk လေးတင်ပေး လိုက်ပါတယ်။ လုပ်ဆောင်နိုင်တာတွေကတော့
- Airplane mode switch
- WIFI switch
- Moblie data(2G/3G) switch
- Bluetooth switch
- GPS switch
- Screen timeout setting
- Screen rotation switch
- Ringer mode switch
- Auto sync switch
- Clean memory
- Screen brightness setting
- Auto Screen brightness switch
- Media button(Play/Stop, Next, Previous)
- Media volume
- Flashlight
- Map app shortcut
- Calculator app shortcut
- Camera app shortcut

  




 

DOWNLOAD HERE ON DROBOX

21 July 2013

TTPod Player အသုံးပြုသူတွေအတွက် နောက်ဆုံးထွက် English ဗားရှင်း

TTPod Player အသုံးပြုသူတွေအတွက် နောက်ဆုံးထွက် English ဗားရှင်း
လေးတွေ့လို့တင်ပေးလိုက်ပါတယ်။ အရင်က တော့ တရုတ်စာတွေပေါ့ ။အခုတော့
English Version ပေါ့။ အရင်ကထက် ပိုလန်းလာတယ်။
What’s the TTPod powerful features:
- High quality decoding with mp3,mp4/m4a,wma,flac and ape;
- Built in graphic and customize EQ;
- High accurate lyrics and album acts downloads;
- Plenty of skins to chose from;
- Minilyrics style floating lyrics.

DOWNLOAD HERE ON COPY

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

ပြည်သူများသို့ အသိပေးကြေငြာခြင်း

Photo  
 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Order data service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

credit: yatanarpon News

18 July 2013

ကွန်ပျူတာပေါ်ကနေ skynet ၇ုပ်သံလိုင်းတွေကြည့်ရအောင်

ကဲဒီတစ်ခါ ကွန်ပျူတာပေါ်ကနေ skynet ရုပ်သံလိုင်းတွေကို အင်တာနက်ချိတ်ဆက်ပြီးကြည့်လို့ရမယ့် နည်းလေးတစ်ခုပြောပြမယ်။ သိပြီးသားသူတွေအတွက်တော့ ကျော်သွားလိုက်ပါနော်။
ကဲ လိုအပ်တဲ့ ဆော့ဝဲလေးကို ဒီမှာ ဒေါင်းလိုက်ပါနော်။
ပြီးရင်ဆော့ဝဲလေးကို computer မှာ install မောင်းလိုက်ပါ။
ပြီးရင် ဆော့ဝဲကို ဖွင့်လိုက်ပါ။ အောက်ပါအတိုင်းတွေ့ရပါလိမ့်မယ်။
အဲဒီထဲမှာ Search Channel ထဲမှာ myanmar လို့ရိုက်ထည့်လိုက်ရင် လိုင်းသုံးလိုင်းပေါ်လာမယ်။




Skynet-up-to-date ရယ် ၊မြန်မာဇာတ်ကားတွေကို အင်္ဂလိပ်စာတန်းထိုးပြီးလွင့်တဲ့ MITV ၇ယ်ကိုတွေ့ရမှာပါ။ Buddha channel ကတော့ off air လို့ပြနေတယ်.။နှစ်ခုလောက်တော့ ကြည့်လို့ရပါတယ်။သိတဲ့အတိုင်းပဲ မြန်မာပြည်က တော့ မရဘူး။ လိုင်းလေးလို့။ နိုင်ငံခြားက သူငယ်ချင်းတွေ မြန်မာပြည်ကို အလွမ်းပြေကြည့်ရအောင်ပေါ့ ။
အဆင်ပြေပါစေဗျာ။

အော် အဆင်ပြေရင် ကြော်ငြာလေးကို နှိပ်ခဲ့ပေးဦးနော်။





17 July 2013

MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ အဆင်ပြေပြေကြည့်ကြရအောင်

MRTV LIVE နှင့် MWD LIVE တို့ကို ဖုန်းထဲကနေ အဆင်ပြေပြေကြည့်လို့ရမယ့်နည်းလေးလာပါပြီ။
လိုအပ်တဲ့ ဆော့ဝဲံလေးကိုတော့ ဒီမှာ ဒေါင်းလိုက်ပါ။
အရင်ဆုံးမြ၀တီကြည့်နည်းကိုပြောပြပါ့မယ်။
ဆော့ဝဲလေးကို install မောင်းပြီးဖွင့်လိုက်ပါ။ပြီးရင် အောက်ပါအတိုင်း ညာဖက်ထိပ်က အစက်သုံးစက်ကို နှိပ်လိုက်ပြီး အပေါ်ဆုံးက Open URL ကိုနှိပ်ပါ။


ပြီးရင်အောက်ပါပုံအတိုင်း Title မှာ မိမိကြိုက်ရာထည့်နိုင်ပါတယ်။ဒီမှာတော့ MWD လို့ရေးလိုက်ပါတယ်။
 Stream URL ထည့်ရမယ့်နေရာမှာ http://www.myawaddy.net.mm/mwdlive  ဆိုတာလေးကို ရိုက်ထည့်လိုက်ပါ။


  တကယ်လို့ ထည့်ရမှာပျင်းရင် ဒီလင့် ပေါ်ကိုဖုန်းကိုသုံးပြီးနှိပ်လိုက်ပါ။ဒါဆို အေက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။
 

ဒီ Vplayer ကိုရွေးပြီး Always ဒါမှမဟုတ်၊Default ကိုရွေးနှိပ်လိုက်ပါ။
ဒါဆိုရင်မြ၀တီကို ကြည့်လို့ရပါပြီ။မြ၀တီက Stream URL မပြောင်းလဲတဲ့အတွက် အဲဒီ player ထဲက ခုနက MWD ခေါင်းစဉ်ပေါ်မှာ နှိပ်လိုက်ရုံနှင့် နောက်တစ်ခါမှာတော့ player ကနေတိုက်ရိုက်ကြည့်နိုင်ပါပြီ။်မြ၀တီကြည့်နည်းနောက်တစ်နည်းကို ဒီမှာ လေ့လာပါ။

MRTV LIVE ကြည့်ဖို့ကတော့ ဒီလင့်  လေးကို အရင်သွားလိုက်ပါ။ဖုန်းထဲကနေ သွားရင် ပိုအဆင်ပြေပါလိမ့်မယ်။ဘာဖြစ်လို့လဲဆိုတော့ ဖုန်းနှင့်ကြည့်မှာမို့ပါ။ အဲဒီမှာ MRTV LIVE ရဲ့ Stream URL က အမျိုးမျိုးပြောင်းနေလို့ အရင်တစ်ခါကြည့်ပြီးသားကို player ကနေ နှိပ်ကြည့်ရင် အလုပ်မလုပ်တော့ပါဘူး။ ဒါကြောင့် ဒီပေ့လေးကို Bookmark မှတ်ထားဖို့လိုပါတယ်။ဒါမှ နောက်တစ်ကြိမ်သုံးချင်ရင် အလွယ်တကူ ပြန်ရှာလို့ရမှာပါ။ အဲဒီမှာ အောက်ပါအတိုင်းတွေ့ရမှာပါ။

 

အဲဒီထဲက အပေါ်ဆုံး Player ပေါ်က Play icon ပေါ်မှာ နှိပ်လိုက်ပါက အောက်ပါအတိုင်းရွေးခိုင်းပါလိမ့်မယ်။
Vplayer ကို Always ဒါမှမဟုတ် Default ကို ရွေးပေးလိုက်ပါ။ဒါဆို နောက်တစ်ခါ Browser ကနေ ပြန်ကြည့်တဲ့ အခါ ထပ်မရွေးခိုင်းတော့ ပဲ Play Icon ပေါ်ကို နှိပ်တာနှင့် တန်းပွင့်ပါလိမ့်မယ်။

   
ဒါဆို MRTV Live ကို ဖုန်းပေါ်ကနေ အဆင်ပြေပြေကြည့်နိုင်ပါပြီ။
ထူးခြားတာက မြ၀တီကို ကြည့်ရတာ လိုင်းမကောင်းရင် ကြည့်လို့အဆင်မပြေပါဘူး။
ဒီ MRTV LIVE ကတော့ ကျနော်တို့လို လိုင်းမကောင်းတဲ့ နေရာမှာတောင် အဆင်ပြေအောင် ကြည့်နိုင်ပါတယ်။ အသံတိုးတာနှင့်တစ်ခါတစ်လေ နောက်က အသံပါးပါးလေး ထပ်တာကလွဲံရင်ပေါ့။ ကျနော်စမ်းသပ်ရသလောက် MRTV LIVE ကို Download rate 20kb လောက်ရှိရုံနှင့်အဆင်ပြေပြေကြည့်လို့ရပါတယ်။


 

အော် player ရဲ့အောက်ခြေက icon တွေကိုမြင်ပြီ ကွန်ပူတာနှင့်ကြည့်တာလို့မထင်နှင့်နော်။ သူတို့က ကွန်ပူတာပေါ်ကဟာကို လွင့်တာ။ သူတို့လွင့်တဲ့အထဲမှာကို အဲဒါကပေါ်နေတာ ။တစ်ခါတစ်ရဲ Mouse က မြှားလေးတောင် ပေါ်လိုက်သေး။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေကြည့်ရတာကိုပဲ ကျေးဇူးတင်ရပြီ။
တကယ်လို့ Bookmark မှတ်ထားတဲ့ လင့်ကို ပြန်ဖွင့်လို့ အောက်ကအတိုင်းပေါ်နေရင် ဘာမှ လုပ်လို့မရဘူး။ သူတို့ မလွင့်သေးလို့လေ။ဟုတ်တယ် ။အချိန်ပြည့်လွင့်တာမှမဟုတ်တာ။

  

ဒါပေမယ့်ကျနော်တစ်ခုသံသယရှိတာက ဒါဟာ အရင်ရက်က ဟာတွေကို Delay ပြန်ပြတာလားဆိုတာပါပဲ။
ကျနော်တို့ဆီမှာ TV တောင် ကောင်းကောင်းမလွင့်တဲ့ဒေသမို့ အဲဒါကိုတော့ သေချာမပြောနိုင်ပါဘူး။
ကဲ အဆင်ပြေပါစေဗျာ။
အော် ဒါနဲ့
ဒီလင့်လေးကိုလည်း ထည့်ပြီး MRTV LIVE ကိုကြည့်နိုင်ပါတယ်။
rtmp://203.81.81.230/live/mrtv 
တစ်ခုနှင့်တစ်ခုကမတူဘူးလို့တော့ထင်တယ်။စမ်းသပ်တာကြည့်တော့ဗျာ။ အခုပေးတဲ့ လင့်က ကြည့်ရတာတော့ မကောင်းဘူး။ လိုင်းကောင်းမှရမယ်ထင်တယ်။ဒါပေမယ့် တကယ့်တိုက်ရိုက် ပြတာ ပိုဖြစ်နိုင်တယ်။ ကလိကြည့်လိုက်ကြပါတော့။


16 July 2013

ကွန်ပျူတာမလိုပဲ ဖုန်းကနေတိုက်ရိုက် print ထုတ်လို့ရမယ့် PrintHand Mobile premium apk

ကွန်ပျူတာမလိုပဲ သင့်ဖုန်းနှင့်တိုက်ရိုက် print ထုတ်နိုင်မယ့် ဆော့ဝဲကောင်းလေးပါ။
WiFi, Bluetooth ဒါမှမဟုတ် USB cable တစ်မျိုးမျိုးကို အသုံးပြုပြီး print ထုတ်ပေးနိုင်ပါတယ်။ print device ကိုလည်း အလိုလျောက်ရှာဖွေချိတ်ဆက်ပေးနိုင်ပါတယ်။ Free version မှာတော့ အစမ်းသဘောလောက်ပဲအသုံးပြုခွင့်ပေးထားပြီး ဒီ premium version မှာတော့ အမှန်တကယ်သုံးလို့ရနိုင်ပါတယ်။premium version ကို 12.95 $ နှင့်ပေးဝယ်ရမှာဖြစ်ပြီး IT SuBoo မှာတော့ အခမဲ့ဒေါင်းနိုင်ပါတယ်။ Android OS 4.0 နှင့်အထက်အသုံးပြုနိုင်ပါတယ်။
print ထုတ်နိုင်တဲ့ Format တွေကတော့ 
You can print:
- Office documents (DOC, XLS, PPT, PDF, TXT)
- Images and photos
- Emails and attachments
- Web pages
- Calendar, call log, text messages
- Facebook albums
- Files from Google Drive, Dropbox, Box, SugarSync
- Content from business apps such as OfficeSuite, DocumentsToGo, QuickOffice, Exchange, EverNote and more via Share option
ကဲစမ်းသုံးကြည့်လိုက်ပါဦး။
အဆင်ပြေရင် ဘေးက ကြော်ငြာလေးတွေကို နှိပ်ခဲ့ပေးဥိးနော်။




DOWNLOAD HERE ON DROBOX

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 133 ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရပါတယ်။
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Credit To:Mordern

13 July 2013

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်



(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း)

အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့စီစဉ်ထားပါသလဲ။

ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။

အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။

True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။

သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။

အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။

သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။

သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။

အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေ
ကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်
ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
 

အဝေးဆီက မလေးရောက်ခရီးသည်

Credit to ZinYawNews


Candy Crush ဂိမ်းမှ level တွေကိုကျော်ပေးမယ့် Candy Crush Hack apk

လာပြန်ပြီနော် Candy Crush  ချစ်သူများအတွက်။အရင်တစ်ခါ အသက်ခိုးနည်းတုန်းက လူကြိုက်အများဆုံးပို့စ်တစ်ခုဖြစ်ခဲ့လို့် အခုလည်း Candy Crush နှင့်ပတ်သက်တာလေးတင်ပေးလိုက်ပါတယ်။
ဒီကောင်လေးက Hack ထားပြီးသားပါ။သူ့ကိုသုံးမယ်ဆို အသက်တွေ Full ဖြစ်ဖို့ အရင်တစ်ခါလို Setting ပြောင်းစရာမလိုတော့ပါဘဘူး ။ သူများတွေကိုလည်း life တောင်းတာတွေ၊ Extra Moves တောင်းတာတွေလုပ်စရာမလိုတော့ပါဘူး။ဒီထဲမှာ Full Life ကို 1000 တောင်ပေးထားတယ်ဗျာ။စိတ်ကြိုက်ဆော့စမ်းပါ။ အဲ Extra Moves ကိုလည်း 150 ပေးထားတယ်ဗျား။
ချိန်ကိုက်ဗုံးတွေရဲ့ အချိန်ကိုလည်း 99 တောင်ထားပေးတယ်ဗျာ။ဂိမ်းတစ်ခုပြီးရင်အမှတ်ကအနည်းဆုံး 2 သိန်းကျော်ကနေ 6 သိန်းဝန်းကျင်ရနိုင်တယ်။အသုံးပြုမယ်ဆိုအောက်ကဒေါင်းလုပ်လင့်ကနေဒေါင်းလိုက်ပါ။
ပြိးရင် ရှိပြီးသား ဂိမ်းကို ဖြုတ်ရမှာပါ။မဖြုတ်ခင် ကိုယ့်ဆော့ထားပြီးသားကို မှတ်မိနေအောင် ဖွဘုတ်နှင့် ချိတ်လိုက်ပါ။ Successfully ပြရင် ရပါပြီ။ပြန်ထွက်ပြီး ဂိမ်းကို uninstall လုပ်လိုက်ပါ။ ပြီးရင်ဒီ ဒေါင်းထားတဲ့ ဂိမ်းကို install ထည့်လိုက်ပါ။ ပြီးရင် ဂိမ်းကိုဖွင့်ပြီး facebook နှင့်ချိတ်လိုက်ပါ။ ဒါဆိုနဂိုနောက်ဆုံးအဆင့်ကို ဆော့ထားတဲ့နေရာမှာ ပြန်ရောက်နေပါလိမ့်မယ်။ဂိမ်းကို မဖြုတ်ခင် Facebook နှင့်တစ်ခါချိတ်ခဲ့ဖို့မမေ့နှင့်နော် ။မဟုတ်ရင် ဟိုအရင် က အဆင့်တွေမှာပဲ ပြန်ရောက်သွားလိမ့်မယ်။ ကဲ အခုဆို ဂိမ်းကိုဖွင့်ကြည့်လိုက်ပါ။ 1000 FULL ဆိုပြီး ပြူးပြဲပြီး ပြနေပါလိမ့်မယ်။ Moves ကိုလည်း 150  တဲ့။ ရှေ့က သူငယ်ချင်းတွေကို အမှီလိုက်စို့။ အောက် လွယ်လွန်းလို့ မသုံးချင်ရင်လည်း ခုနလို လုပ်ပြီးဂိမ်းကို လဲဆော့ပေါ့။တကယ်ခက်တဲ့ ဟာကျမှ ဒါလေးသုံးပြီးဆော့ပေါ့။တော်ကြာ IT SuBoo ကြောင့် ဦးနှောက်တွေ သိပ်အလုပ်မလုပ်ပဲနေဦးမယ်။
အဆင်ပြေပါစေဗျာ။
အဲ ဂိမ်းကို ဟက်ထားတာ အနော်ဟုတ်ဘူးနော်။ဟက်ပေတဲ့ developer ကို မမှတ်တော့ပါ။ဒီနေရာကနေ
Credit ပေးပါတယ်ဗျာ။


DOWNLOAD HERE ON DROBOX


ဘလော့ကာတွေအတွက် ဖုန်းထဲက ပို့စ်တွေတင်လို့ရမယ့် Blogger for Android နောက်ဆုံးဗားရှင်း

ကဲဒါလေးကတော့ ဘလော့ကာတွေအတွက်ပါ။Chat Box ထဲမှာတောင်းဆိုထားလို့ပါ။နောက်ဆုံး Official Update Version 2.1.1 ပါ။ ကဲ yoieyoie ရေ တင်ပေးလိုက်ပြန်ပြီနော်။July 11, 2013 နေ့ထွက် နောက်ဆုံးဗားရှင်းနော်။

 

Description

Download the latest release of the official Blogger app, and start blogging on the go. With Blogger for Android you can:* Compose a post that you can save to draft or immediately publish
* Edit existing posts
* View list of your saved and published posts
* Switch account/blog if you have more than one
* Embed an image from the gallery, or, by taking a picture directly from the app
* Add labels to your posts
* Add location information
With the Blogger app for Android, you can quickly and easily publish posts to your blog wherever you are.
အဆင်ပြေပါစေ။

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY

12 July 2013

အထွက်Call ကို သူများတွေ ခေါ်လို့မရအောင်လုပ်ပေးမယ့် Out Call Blocker apk (358.77 KB)

အခုတစ်လောလိုင်းမကောင်းလို့ ပိုစ့်သိပ်မတင်ဖြစ်ဘူး။IT Suboo ပရိတ်သတ်ကြီးကို တောင်းပန်ပါတယ်။အခုလည်းပုံတွေနှင့်တင်မပေးနိုင်တာခွင့်လွတ်ကြပါ။
ဒါလေးကတော့ အထွက်CAll တွေကို ကိုယ်မရှိတုန်း တခြားသူတွေဝင်ကလိလို့မရအောင်လုပ်ပေးမယ့် Out Call Blocker လေးပါ။Call Blocker တော်တော်များများက တော့ အ၀င်Call ကိုပဲ ပိတ်တာပါ။ဒါလေးကတော့  
အထွက်Call ကိုပိတ်ပေးမှာပါ။Password ခံထားနိုင်ပါတယ်။ အဲတစ်ယောက်ယောက်က ကိုယ်မသိအောင်ဝင်ခေါ်ခဲ့ရင် သူ့ကိုယ်သတိပေးစကားကို မိမိစိတ်ကြိုက် မြန်မာလိုလည်းရေးကာNotification မှာ ပြပေးနိုင်ပါလိမ့်မယ်။ သူလည်းကိုယ်မသိဘဲ ကိုယ့်ဖုန်းကို ၀င်သုံးရင် အဲဒီစာတန်းလေးမြင်လိုက်ရင် နည်းနည်း ရှိန်သွားတာပေါ့။ဖိုင်ဆိုဒ်ကသေးသေးလေးပါ။ စမ်းသုံးကြည့်လိုက်ပါဥိး။

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY

10 July 2013

မြန်မာဗွီဒီယိုဇာတ်ကားများကို ဖုန်းထဲက နေ ကြည့်လို့ရမယ့် Burmese Movies HD apk

ဒါလေးကတော့ မြန်မာဗွီဒီယိုဇာတ်ကားများကို ဖုန်းထဲက နေ ကြည့်လို့ရမယ့်  ဆော့ဝဲလေးပါ။
ကျနော်စမ်းကြည့်ရသလောက် ကျနော်တို့ဆီက အင်တာနက်လိုင်း အစုတ် နှင့်တောင် အဆင်ပြေပြေ ကြည့်လို့ရပါတယ်.။ buffering လုပ်တာနဲနဲ ကြာပေမယ့် ပြီးသွားရင် ဖြောင့်နေအောင်ကြည့်လို့ရပါတယ်။ အဲလို ကြည့်လို့ရအောင် low bandwidth နှင့်လုပ်ထားလို့ Quality တော့ နည်းနည်းညံ့ပါတယ်။ ဘာပဲဖြစ်ဖြစ် အဆင်ပြေပြေကြည့်လို့ရတာကိုပဲ ကျေးဇူးတင်ရပါတယ်။ ကဲ ဘော်ဘော်တို့ လည်းစမ်းသုံးကြည့်ပါဦး။

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY

09 July 2013

မြန်မာရေဒီယို၊နှင့် တစ်ကမ္ဘာလုံးမှရေဒီယိုများကို ဖုန်းထဲက နေ နားထောင်လို့ရမယ့် TuneIn_Radio_Pro apk

ဒါလေးကတော့ ဖုန်းထဲကနေ ရေဒိယိုနားထောင်ချင်သူတွေအတွက်ပါ။ ဒီကောင်လေးက သူ့ထဲမှာပါတဲ့ ရေဒီယိုတွေအပြင် မိမိနှစ်သက်ရာ ရေဒီယိုဌာနရဲ့ URL ကိုထည့်ပြီး လည်း စိတ်ကြိုက် နားဆင်နိုင်ပါတယ်။
အသုံးပြုနည်းကတော့ ဆော့ဝဲကို ဖွင့်လိုက်ပြီး Favorites ကိုသွားပါ ။ ရောက်ရင် Station ကိုဝင်ပါ။ အဲဒီ ကောင်ရဲ့ အောက်ဆုံးကသွားပါ။ အောက်ဆုံးမှာ  Custom URL ဆိုတာပါတယ်။အဲဒီမှာ Add New Custom URL ကိုနှိပ်ပြီးမိမိကြိုက်ရာ Radio Station ရဲ့ URL ကို ထည့်ပြီးနည်းဆင် နိုင်ပါတယ်။
Google Play မှာတော့ $4.99 နှင့်ပေးဝယ်ရမှာဖြစ်ပြီး IT SuBoo မှာတော့ အခမဲ့ ဒေါင်းနိုင်ပါတယ်။

အောက်မှာ ကျနော် ရှာဖွေမိသမျှ မြန်မာ ရေဒီယို Station တွေရဲ့ URL တွေကို ထည့်ပေးလိုက်ပါတယ်။
Padamyar Fm တို့ Shwe Fm တို့လည်းပါတယ်။နော်။


RFA မြန်မာ    mms://a652.l2130856651.c21308.g.lm.akamaistream.net/D/652/21308/v0001/reflector:56651

VOAမြန်မာ   http://www.voanews.com/wm/live/live-burmese-a.asx

BBC မြန်မာ
http://www.bbc.co.uk/worldservice/meta/live/nb/BURMA_au_nb.asx?BBC-UID=a4fe047fdbdc81a5563e71de91fc4de3707c336330709201c28880f4938cc0e8&SSO2-UID

စည်းလုံးခြင်းသံစဥင်္ ရေဒီယို
http://s2.viastreaming.net:6250/listen.pls
http://s2.viastreaming.net/6250/mobile/

အိပ်မက်လှိုင်း ရေဒီယို
mms://nyc04.egihosting.com/EML

Myanmar Youth Media Club
mms://wma1.viastreaming.net/MYMC

Just Music Radio
http://s7.viastreaming.net:8220/

Padamyar Fm
http://174.37.16.73:4120/live

Shwe Fm
http://174.37.16.73:8261/live

Easy Music Radio Myanmar
http://50.115.124.196:55358

တကယ်လို့ လင့်တွေကို ကူးရတာခက်တယ်ဆိုရင်ဖုန်းထဲမှာ ဒီပေ့ကိုဖွင့်ပြီး ရေဒီယို နာမည်ပေါ်မှာ click နှိပ်လိုက်ပါ။ အဲဒီမှာ ရွေးခိုင်းရင် ဒီ Tunein ကို ရေးပေးလိုက်ပါ အလိုလို ၀င်သွားပါလိမ့်မယ်။

DOWNLOAD HERE ON DROBOX


08 July 2013

သီချင်းတွေရဲ့ ခေါင်းစဉ်၊ဆိုသူအမည်၊အယ်လဘမ် နာမည်၊ Album Art တွေကို မိမိစိတ်ကြိုက် ပြင်လို့ရမယ့် iTag Pro 1.48

ဒါလေးကတော့ သီချင်းတွေရဲ့ ခေါင်းစဉ်၊ဆိုသူအမည်၊အယ်လဘမ် နာမည်၊ Album Art တွေကို မိမိစိတ်ကြိုက် ပြင်လို့ရမယ့် iTag Pro 1.48 ပါ။စိတ်ကြိုက်ပြောင်း ကြည့်လိုက်ပါဦး။ အဆင်ပြေပါစေ။ အော်  Google Play မှာဆိုရင် $4.99 တောင်ပေးရမှာနော်။IT SuBoo မှာတော့ အခမဲ့ပေါ့။


 

A music tag editor on your phone!

Feature
*Support quick search and preview
*Title,artist and album editor
*Easy Cover with “lucky cover”
*Support mp3 m4a ogg flac editing.
*Automatically fetching all missing album cover.(beta)
*Support ID3v1,ID3v23 and ID3v24.

DOWNLOAD HERE ON DROBOX

 

07 July 2013

အသံတိုးတဲ့ ဖုန်းရဲ့ Audio ကို အမှန်ကန်မြှင့်တင်ပေးနိုင်တဲ့ Audio Booster apk

ကဲ ဖုန်းထဲက Audio အသံတွေတိုးလို့စိတ်ညစ်နေသူတွေအတွက်လာပါပြီ ။အသံတွေတိုးလို့ မြင့်လို့ရမယ့်ဆော့ဝဲရှိမလားလို့ ခဏခဏမေးနေလို့ ကျနော်လိုက်ရှာတာ။ အမှန်ကန် မြင့်လို့ရတာဆိုလို့ဒါလေးတစ်ခုပဲတွေ့တာ။တခြားဟာတွေက မူရင်းအသံထက် ပိုမကျယ်နိုင်တာကို တွေ့ရတယ်။ ဒါလေးကတော့ မူရင်းအသံကို ဒိတ်ကုန်ချဲ့ထားပြီး သူကို on လိုက်တာ။မူလထက် အနည်းငယ်သိသာစွာ အသံကျယ်လာတာကို တွေ့ရပါတယ်။ အသုံးပြုစရာဆိုလို့ ခလုတ်နှစ်ပဲရှိတယ်။ အပေါ်ကစပီကာပုံကို နှိပ်ရင် 0n တာပါ။ အောက်က စပီကာပုံကို နှိပ်ရင် off တာပါ။

ကဲစမ်းသုံးကြည့်လိုက်ပါဦး။

DOWNLOAD HERE ON COPY
  
DOWNLOAD HERE ON DROBOX 

DOWNLOAD HERE ON 4SHARED



06 July 2013

မြဝတီ တိုက်ရိုက်အစီအစဉ်ဖြစ်သော myawady live ကို မိမိ mobile ဖုန်းထဲမှ တိုက်ရိုက်ကြည့်ရှု့နည်း

မြဝတီတိုက်ရိုက် အစီအစဉ်ကို ကြည့်ရှု့ရန် မိမိ mobile ဖုန်းတွင် Android Version 2.3.6 နှင့်အထက် ရှိရမည်ဖြစ်သည်။ ထို့နောက် IT SuBoo မှ Download ပေးသော VLCPlayer apk ကို
မိမိဖုန်းတွင် Install ပြုလုပ်ရမည် ဖြစ်သည်။ ထို့နောက် mobile ဖုန်းအတွင်းမှ VLCPlayer ၏ ညာဖက်ထိပ်မှ မြှားလေးကိုနှိပ်လိုက်ပါက URL ထည့်ရန်ပေါ်လာမည်။၎င်းထဲတွင် http://www.myawaddy.net.mm/mwdlive   ကို ရိုက်ထည့်ပြီးဖွင့်လိုက်လျှင် မြ၀တီမှလွှင့်သော အစီစဉ်များကို ဖုန်းထဲမှ တိုက်ရိုက်ကြည့်နိုင်ပါသည်။ကျနော်ဆီမှာတော့ ဖုန်းလိုင်းမကောင်းပါသဖြင့် စီဒီ ထစ်သလိုကြည့်နေရပါသည်။ လိုင်းကောင်းသောသူငယ်ချင်းများ အားရပါးရ ကြည့်ကြပါကုန်။

DOWNLOAD HERE VLC Player apk

05 July 2013

မြန်မာပြည်က ကြိုးဖုန်းတွေရဲ့ တည်နေရာကို ဖော်ပြပေးနိုင်တဲ့ Golden-Call-Locator

ဒါလေးကတော့ မြန်မာပြည်က ကြိုးဖုန်းတွေရဲ့ တည်နေရာကို ဖော်ပြပေးနိုင်တဲ့ Golden-Call-Locator apk လေးပါ။သူကတော့ဖုန်းတိုင်းရဲ့တည်နေရာကိုဖော်ပြနိုင်တယ်လို့ဆိုပေမယ့် ကျနော်စမ်းကြည့်ရသလောက်တော့ ကြိုးဖုန်းတွေကတော့ အဆင်ပြေပါတယ်။ ရပ်ကွက်အထိ ဖော်ပြနိုင်တယ်။တစ်ခုခုဆိုသုံးလို့ရတာပေါ့ ။ အော်သုံးမယ်ဆို အင်တာနက်ဖွင့်ထားမှ ရမယ်။နံပါတ်ရိုက်ရှာလည်းရသလို ၊သူတို့ ဆက်လာတဲ့အခါမှာလည်း ဖော်ပြပေးနိုင်ပါတယ်။ ကဲ ကြိုက်တယ်ဆို အောက်မှာ ဒေါင်းပြီး စမ်းသုံးကြည့်လိုက်ပါ။

DOWNLOAD HERE ON DROBOX

Lock ချထားသော်လည်း notification တွေပြပေးနိုင်တဲ့ LockerPro Lockscreen 4.0

ဒါလေးကတော့ Android OS 4.0 နှင့်အထက်မှာသုံးနိုင်တဲ့ Screen lock ချတဲ့ ဆော့ဝဲလေးပါ။Screen ကို lock လုပ်ထားပေမယ့် နောက်ဆုံးရောက်ရှိလာတဲ့ notification တွေကို  Screen ပေါ်မှာ ပြပေးနေမှာပါ။Google Play မှာတော့ $3.98 နှင့်ပေးဝယ်ရမှာဖြစ်ပြိး IT SuBoo မှာတော့ အခမဲ့ ဒေါင်းနိုင်ပါတယ်။

 

DOWNLOAD HERE ON DROBOX

Candy Crush မှ အသက်များကို မိမိစိတ်ကြိုက်ရယူနည်း





Download via Google Play:

ဒါလေးကတော့ Candy Crush ကစားတဲ့သူတွေအတွက် ပါ။အခုတစ်လော
 ခေတ်စားလာတဲ့ ဂိမ်းလေးပါ။ဆော့လိုက်ကြတာတချို့ဆို level 150 ကျော်နေပြီ။တစ်ချို့က အစရှိသေး။    ဒီနည်းလေးက တော့ အဲဒီဂိမ်းထဲက အသက်တွေကို မိမိစိတ်ကြိုက်ယူသုံးနည်းပါ။သိပြိးသားသူတွေတော့ ကျော်သွားလိုက်ပါနော်။မသိသေးသူတွေအတွက်ပါ။
ဂိမ်းထဲမှာ အသက်တစ်ကောင်ရဖို့ နာရီဝက်စောင့်ရပါတယ်။ငါးကောင်ရအောင်ဆိုရင် သုံးနာရီစောင့်ရပါမယ်။Facebook က သူငယ်ချင်းတွေကို အကူညီတောင်းရင်ရနိုင်ပေမယ့် လိုသလောက်မရနိုင်ပါဘူး။ပြီးတော့စောင့်ရတာကြာပါတယ်။မစောင့်နိုင်လို့ ချက်ချင်းသုံးချင်သူတွေအတွက် ဒီနည်းကအဆင်ပြေပါတယ်။စမ်းသပ်ပြီး ကျနော်ကိုယ်တိုင် အသုံးပြုနေတာပါ။ဘာပြဿနာမှမရှိပါဘူး။ကဲလေရှည်နေပြီစရအောင်။
အသက်တွေကုန်သွားလို့ ဆော့စရာမရှိတော့ရင် မစောင့်ပါနှင့် ဖုန်းထဲက setting ကိုသွားလိုက်ပါ။ အဲဒီထဲက Date and time ကိုသွားပြီး လက်ရှိရောက်နေတဲ့ နာရီထက် သုံးနာရီ တိုးပြီး ပြန်ထွက်လိုက်ပါ။ဥပမာ လက်ရှိ 1း15 pm ဆိုရင် 4း15 ကို ပြောင်းလိုက်ပါ။နာရီဘက်ကဂဏန်းကို သာ+3ပေါင်းပြီးတိုးရင်ရပါပြီ။ညဥ့်နက်မှဆော့သူတွေအတွက်တော့ 113း0 pm ဆိုပါဆိုတော့ နောက်ရက် 33း0 am မှာထားရမှာဖြစ်လို့ ရက်ကိုလည်း5.7.2013 အစား 6.7.2013 ကိုပြောင်းပေးဖို့လိုပါတယ်။ပြိးရင်ပြန်ထွက်လိုက်ပြီး ဂိမ်းကို ဖွင့်လိုက်ပါ။ 5 ကောင်အပြည့် Full ဖြစ်နေတာကို တွေ့ ရမှာဖြစ်ပါတယ်။မသုံးပါနှင့်ဦး ဂိမ်းကိုပြန်ထွက်လိုက်ပါ။ပြိး Setting မှာပြန်ဝင်ပြိး လက်ရှိရောက်နေတဲ့ အချိန်နာရီကို ပြန်တိုက်လိုက်ပါဦး။နို့မို့ဆို မတိုက်ရင်နောက်ဆို နာရီက မမှန်ပဲဖြစ်နေမယ်။အဲပြီးပြီဆိုမှာ နောက်တစ်ခါဂိမ်းကို ပြန်ဝင်ပြီး ဆော့လိုက်ပါတော့။5ကောင်အပြည့်နှင့် စိတ်ကြိုက်ဆော့ပေတော့။အဲဒီ5ကောင်ကုန်လည်း နောက်ထပ် ကြိုက်သလောက်ဒီနည်းကိုသုံးနိုင်တယ်။ ကဲသူငယ်ချင်းတွေကို အမှီလိုက်ရအောင်။အော်သတိထားစရာကိုပြောဥိးမယ်။ အချိန်တိုးတဲ့အခါ 3နာရိ၊ဒါမှမဟုတ်4နာရီလောက်သာတိုးပါ။ ပိုတိုးလည်းအသက်တွေ က 5ကောင်ထက်ပိုမတိုးနိုင်ပါဘူး။အဲတစ်ခုခုအဆင်မပြေလို့ပြန်စောင့်ရလည်း သုံးလေးနာရီပေါ့။ကျနော်ကတော့လုံးဝ အာမခံတယ်။အဆင်ပြေတယ်။ဒါပေမယ့် အသက်ကို Full မဖြစ်ပဲ 4 ကောင်လောက်သာယူသုံးခဲ့ရင် setting ကိုပြန်ချိန်တဲ့အခါ မိနစ်တွေအများကြိးကိုစောင့်ခိုင်းတာတွေ့ရမှာပါ။ ဒါ့ကြောင့် ငါးကောင်ပြည့်အောင် ယူပြီးမှ Setting မှာမူလ အချိန်ကိုပြန်ထားပါ။အဆင်ပြေပါလိမ့်မယ်။
နောက်တစ်ခုက သော့ဖွင့်တဲ့အခါမှာ တော့ တစ်ရက်စောင့်ခိုင်းပါတယ်။ ဒီနည်းကိုပဲသုံးပြိးသုံးခုလုံးကို တစ်ရက်တည်းမိမိစွမ်းသလောက်ဆော့နိုင်ပါတယ်။ဒါပေမယ့်တစ်ရက်တိုးရမှာဖြစ်လို့ Time ကိုမပြင်ပဲ Date ကိုပဲ 5.7.2013 ဆိုရင်6.7.2013 ကိုထားလိုက်ပါ။ပြိးရင် Settingကိုပြန်မပြင်ပါနှင့်တော့။ပြန်ပြင်ရင်ဆော့မရပဲ ပြန်စောင့်ခိုင်းပါတယ်။ပြသနာမရှိပါဘူး။ဒီတိုင်းသုံးခုလုံးပြီးအောင်ဆော့လိုက်ပါ။ပြီးသွားရင်နောက် level ရောက်မှ 5ကောင် Full ဖြစ်အောင်ယူထားပြီး Setting မှာ အချိန်ကိုပြန်ပြင်လိုက်ပါ။ပြိးရင်လိုသလောက် အပေါ်နည်းကိုသုံးပြိးတစ်နေလုံးတစ်ညလုံးမနားပဲ မစောင့်ပဲ သူငယ်ချင်းတွေကို အမှီလိုက်ပြီး ကျော်တက်ကြစို့။အဆင်ပြေပါစေ။


03 July 2013

ထိုင်းထီ ၊မြန်မာထီများကို ဆော့ဝဲတစ်ခုထဲကနေ အချိန်နှင့်တစ်ပြေးညီ တိုက်စစ်လို့ရတဲ့ Lottery SuBoo apk

ဒါလေးကတော့ Cbox မှာ တောင်းဆိုထားတဲ့သူရှိလို့တင်ပေးလိုက်တာပါ။ထိုင်းထီ၊မြန်မာထီများကို တိုက်နိုင်ပါတယ်။ထိုင်းထီကိုတိုက်လိုပါက သုံးမျိုးတွေရမှာဖြစ-်ပြီး ထီဖွင့်ရက်မှာ ညနေ 33း0နာရီလောက်မှာ ဆော့ဝဲကို udate လုပ်လိုက်ပါက အောက်ပါအတိုင်းတွေ့မြင်ရမှာပါ။

01/07/2013 Lottery Thai Results 2013


First Prize Winner: 646905

Two Numbers Prize: 51

Three Numbers Prize: 075 284 903 904

အဲ ဒီထဲကမှ မြန်မာပြည်က သုံးလုံးသမားတွေက First Prize Winner ရဲ့ ဂဏန်းခြောက်လုံးထဲက နောက်ဆုံး 3လုံးကိုယူရမှာဖြစ်ပါတယ်။ဒါ့ကြောင့် ယခုအပတ်ဥပမာအနေနှင့်ဆို
First Prize Winner 646 905  ထဲမှာ 905 ဟာ ဒီတစ်ပတ်ရဲ့ ပေါက်မဲနံပါတ်ဖြစ်ပါတယ်။ နှစ်လုံးသမားတွေအတွက်မပါပါဘူး။Two Numbers Prize: 51 ကို နှစ်လုံးသမားတွေအတွက်လို့မထင်လိုက်ပါနှင့်မြန်မာပြည်က နှစ်လုံးဟာ ဈေးကွက်ဂဏန်းကို ယူတာမို့ ဒီထဲမှာ မပါဝင်နိုင်ပါ။
မြန်မာထီတိုက်ချင်ရင်တော့ ဆော့ဝဲရဲ့ အောက်ဖက်က web ဆိုတဲ့ Tag ကို အင်တာနက်ဖွင့်ကာ နှိပ်ဖွင့်ပြီး တိုက်ရိုက်တိုက်ရမှာပါ။အကြိမ်ရေ အက္ခရာ ၊နံပါတ်များကို ရိုက်ထည့်ပြီး တစ်စောင်ချင်းဒါမှမဟုတ်၊ အုပ်လိုက် ကြိုက်သလို တိုက်နိုင်ပါတယ်။ အဆင်မပြေမှုများရှိပါက itsuboo@gmail.com သို့ cbox မှာ ပြောခဲ့နိုင်ပါတယ်။ကဲ ကို yoieyoie ရေတင်ပေးလိုက်ပြီနော်။
ဒီပို့စ်ကို နည်းပညာတစ်ခုအနေနှင့်သာတင်ပါသည်။  တားတားကို အမှုလာပတ်နှင့်နော် ဘွာတေး။
အဆင်ပြေပါစေ။

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY 

DOWNLOAD HERE ON BOX

DOWNLOAD HERE ON 4SHARED

02 July 2013

လုပ်ဆောင်ချက်တွေစုံတဲ့ ZDbox apk

ဒါလေးကိုတော့ သင့်ဖုန်းထဲမှာ မ၇ှိမဖြစ်ဆောင်ထားသင့်တယ်လို့ပြောလိုက်ပါရစေ။ပါဝင်တဲ့လုပ်ဆောင်ချက်တွေကတော့
App lock:  Task killer: history eraser:Uninstaller: App to SD: Battery info:  အပြည့်စုံကိုတော့
 အောက်မှာဖတ်ကြည့်လိုက်တော့ဗျာ။
Widgets:
Keep screen always on, kill all tasks, WiFi on/off, airplane mode on/off, brightness adjustment, sound settings, rotate screen on/off, bluetooth on/off, start/stop sync, switch between 2G/3G/4G, app lock on/off, GPS on/off, APN on/off (mobile access point),LED flashlight on/off
Battery infor:
Monitoring and showing information about remaining battery time, temperature, health, time since last boot, necessary time until full charge and so on
one tap power saver :click battery saving button to turn Battery saving mode on/off. Turn off Battery saving mode to resume the previous mobile status before battery saving.

Traffic counter:
Monthly/daily mobile data usage overview, shows remaining data traffic, detailed data usage information for each app.

Do not disturb:
Just set days and the time when you need your privacy and you won’t be disturbed by your phone. Set phone to silent, vibration or airplane mode.

App lock:
Protect apps with a password or pattern, for exmaple your contacts, Facebook, Twitter, Whatsapp,Gmail and so on.

Task killer:
· Kill all apps at once, define protected apps which won’t be killed, set auto kill when screen gets locked, mark single or multiple apps to kill.
· If your phone is rooted,you can use root task killer to stop self-starting apps and save more battery.

history eraser:
clean your(Browser history,market search history,Google Map search history,Gmail search history,Clipboard)

Uninstaller:
Shows used/available internal and SD card memory. Apps can be easily uninstalled. Single or multiple (batch) uninstall possible.

App to SD:
Move apps to your SD card. Single or multiple (batch) move possible. Only for Android 2.2 and 2.3.

Cache Cleaner:With Cache Cleaner you can clean your cache of phone.protect your secret without a trace.

DOWNLOAD HERE ON COPY

DOWNLOAD HERE ON DROBOX

Mobile Doc Scanner (MDScan) 2.0.31

ဒါလေးကတော့ ဖုန်းကို Scanner အဖြစ်လုပ်ဆောင်ပေးမယ့် ဆော့ဝဲလေးပါ။ ဖုန်းကင်မရာကို အသုံးပြုပြီး စာအုပ်များ စာရွက်စာတမ်းများ ဓါတ်ပုံများကို Scanner ဖတ်ပြိး PDF ဖိုင်ပြောင်းပေးမယ့် ဆော့ဝဲကောင်းလေးတစ်ခုပါ။ စကင် ဖတ်ပြီး ဖိုင်ကို လိုတဲ့အပိုင်းလေးတွေပဲဖြတ်ထားလို့ရသလို အလင်းအမှောင်ချိန်ကာ ပြုပြင်ပြီးမှ PDF အဖြစ်သိမ်းနိုင်ပါတ
ယ်။Google Play မှာတော့ $4.99 နှင့်ပေးဝယ်ရမှာဖြစ်ပြိး IT SuBoo မှာ တော့ အခမဲ့ ဒေါင်းနိုင်ပါတယ်ဗျာ။
Google Play မှာလေ့လာပြီး ကြိုက်တယ်ဆို Market က၀င်မရသူများ အောက်မှာဒေါင်းသွားနိုင်ပါတယ်။


DOWNLOAD HER ON DROBOX

01 July 2013

ကိုယ်ပိုင် notification ထားချင်သူတွေအတွက် Notif Pro 0.7.1

ဒါလေးကတော့ မေ့တတ်သူတွေအတွက် အထူးသင့်လျော်ပါတယ်။ ဘယ်နေ့ဘယ်အချိန်မှာ ဘာလုပ်မယ်ဆိုတာတွေကို နေ့စဉ်မှတ်တမ်းတစ်ခုလို မှတ်သားအချက်ပေးခိုင်းလို့ရပါတယ်.။
icons ပေါင်း200 ကျော်ကို မိမိစိတ်ကြိုက်အသုံးပြုနိုင်ပါတယ်။Google Play မှာတတော့ $0.99နှင့်ပေးဝယ် ရမှာဖြစ်ပြီး IT SuBoo မှာတော့ အခမဲ့ ဒေါင်းနိုင်ပါတယ်။

Notif Pro features:
- Notification editing
- Android Beam support! Beam notifications straight into the notification drawer of another device
- All 200 custom icons!
- Create notifications from Google Now Voice Search (say “note to self…”)
- Create notifications from other apps through the share intent
- QuickNotif – create and clear notifications anywhere on your phone from your notification drawer
- Lots more to come

 

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်း

ဘာ Software မှ မသုံးဘဲ Video နှင့် Music တွေကို Doanload လုပ်နည်းကို သိပြီးသားမိတ်ဆွေများလည်းရှိမှာပါ. ခု မျှဝေတာက မသိသေးသူတွေအတွက်ပါ.. ဘာ Software မှ မလိုပါဘူး.. တစ်ခုတော့ရှိတယ်.. Browser ကတော့ Mozilla Firefox ကိုသုံးရမှာပါခင်ဗျ..
လုပ်နည်း
*******
1. Mozilla Firefox ရဲ Menu Bar ပေါ်က Tools အောက်မှာ Add-ons ဆိုတာကိုနှိပ်ပါ.. ( Shortcut = Control + Shift +A)
2. ကျလာတဲ့ New Tab မှာ ဘယ်ဘက်က Get Add-ons ကိုရွေးလိုက်ပါ.. ညာဘက်အပေါ်နားလေးက Search Box လေးထဲမှာ Download Video Helper ဆိုပြီး ရိုက်ထည့်လိုက်ပါ.. ပုံမှာ ပြထားသလို Video DownloadHelper နဲ့ အခြား Downloader Add-ons တွေကို တွေ့ရမှာဖြစ်ပါတယ်..



3. ပထမဆုံး Video DownloadHelper ရဲ့ဘေးက Install ကိုနှိပ်လိုက်ပါ.. ပြီးရင် အထက်မှာပြထားသလို ကိုယ်ကြိုက်တဲ့ Downloader Add-ons တွေကို ၂ ခု ၃ ခုလောက် Install လုပ်လိုက်ပါ.. ပြီးရင် Firefox ကို ပိတ်လိုက်ပြီး  ပြန်ဖွင့်ပါ.. Restart လုပ်တာပေါ့ဗျာ.. ဒါဆိုရင်တော့ IDM လို Software မသုံးဘဲနဲ့ Video နဲ့ သီချင်းတွေကို လွယ်လွယ်ကူကူ မြန်မြန်ဆန်ဆန် ဒေါင်းနိုင်ပြီးပေါ့ဗျာ..

အဆင်ပြေပါစေ..

Credit to   မောင်ပေါက်

ဖုန်းဘက်ထ၇ီအကုန်မြန်သူတွေအတွက်Battery Booster (Full) 6.3.apk

ကဲ ဖုန်းဘက်ထရီအကုန်မြန်သူတွေအတွက် Android OS 2.1 နှင့်အထက်မှာအသုံးပြုလို့ရတဲ့ Battery Booster (Full) 6.3.apk လေးဝေမျှပေးလိုက်ပါတယ်။ Google Play မှာတော့ $0.99နှင့်ပေးဝယ်ရမှာဖြစ်ပြီး IT SuBoo မှာတော့ အခမဲ့ဒေါင်းနိုင်ပါတယ်။
Battery Booster•NEW UI•NEW FUNCTION*
- Interactive design
- Automatic battery saving mode
- Battery usage track & monitor
- Quick network & screen control
*Supported language: English, Korean, Japanese, Simplified Chinese, Traditional Chinese, French, Arabic, Hindi, Persian
*Feature details*
- Real-time battery usage tracking
Battery Booster provides real-time battery information, including battery level, battery temp, remaining battery usage time, and so on.
- Battery saving mode to save battery at all conditions
Battery Booster offers four preset battery saving modes to help you save more power. These modes watch your system performance and save battery at all possible situations. Besides, personalized modes are welcomed to be added if you need advanced battery saving techniques.
-Battery graph to track battery level/temp/voltage change
Three graphs are given in Battery Booster to track the recent three days battery information, including battery level, temp, and voltage. You can use these statistics to analyze and find out the most effective battery saving mode for yourself.
-Monitor battery consumption of each running program
Battery Booster keeps an eye on all running processes, and shows you the battery consumption ratio of each process. With this information, you will easily find out the battery-draining processes, stop or uninstall them to enhance battery life.
-Quick Settings and Homescreen widget
For easy management of daily used elements, fifteen quick control buttons are available to be added on Homescreen: WiFi, Bluetooth, GPS, Mobile data, Airplane, screen timeout, brightness, haptic feedback, etc. It only takes one line space to add these buttons, yet with them you will no longer need the system settings to adjust network or screen. If widget is not your choice, these buttons are available in Battery Booster settings, too.
-Task Killer to save more battery
Battery Booster saves battery by killing running background processes. For apps that you do not want to kill, you can use Whitelist Manager to protect. Furthermore, with the advanced task manager (Memory Booster – Android RAM Optimizer), Battery Booster can perform better and help you get the best battery saving results!
HIGHLIGHTS:
USER-FRIENDLY
* Interactive design for easy control
* Simple yet effective battery saving features
ALL-IN-ONE BATTERY SAVIOR
* Battery saving mode to automatically manage battery-related settings
* Monitor battery usage to extend battery running time
* Manage running processes to reduce battery draining




DOWNLOAD HERE ON DROBOX 

DOWNLOAD HERE ON COPY

ဖုန်း screen က လုပ်ရှားမှုများကို ဗွီဒီယို record မှတ်နိုင်တဲ့ SCR Screen Recorder Pro ★ root 0.5-beta apk

ဒါလေးကတော့ဖုန်း screen က လုပ်ရှားမှုများကို ဗွီဒီယို record မှတ်နိုင်တဲ့ SCR Screen Recorder Pro လေးပါ။ Android OS 4.0.3 နှင့်အထက်တွင်အသုံးပြုနိုင်ပြီး အသုံးပြုမယ်ဆို ဖုန်းဟာRoot လုပ်ထားဖို့လိုအပ်ပါတယ်။Google Play မှာတော့ $5.99နှင့်ပေးဝယ်ရမှာဖြစ်ပြိး IT SuBoo မှာတော့ အခမဲ့ဒေါင်းနိုင်ပါတယ်။



  

DOWNLOAD HERE ON DROBOX

DOWNLOAD HERE ON COPY