05 July 2013

Candy Crush မှ အသက်များကို မိမိစိတ်ကြိုက်ရယူနည်း





Download via Google Play:

ဒါလေးကတော့ Candy Crush ကစားတဲ့သူတွေအတွက် ပါ။အခုတစ်လော
 ခေတ်စားလာတဲ့ ဂိမ်းလေးပါ။ဆော့လိုက်ကြတာတချို့ဆို level 150 ကျော်နေပြီ။တစ်ချို့က အစရှိသေး။    ဒီနည်းလေးက တော့ အဲဒီဂိမ်းထဲက အသက်တွေကို မိမိစိတ်ကြိုက်ယူသုံးနည်းပါ။သိပြိးသားသူတွေတော့ ကျော်သွားလိုက်ပါနော်။မသိသေးသူတွေအတွက်ပါ။
ဂိမ်းထဲမှာ အသက်တစ်ကောင်ရဖို့ နာရီဝက်စောင့်ရပါတယ်။ငါးကောင်ရအောင်ဆိုရင် သုံးနာရီစောင့်ရပါမယ်။Facebook က သူငယ်ချင်းတွေကို အကူညီတောင်းရင်ရနိုင်ပေမယ့် လိုသလောက်မရနိုင်ပါဘူး။ပြီးတော့စောင့်ရတာကြာပါတယ်။မစောင့်နိုင်လို့ ချက်ချင်းသုံးချင်သူတွေအတွက် ဒီနည်းကအဆင်ပြေပါတယ်။စမ်းသပ်ပြီး ကျနော်ကိုယ်တိုင် အသုံးပြုနေတာပါ။ဘာပြဿနာမှမရှိပါဘူး။ကဲလေရှည်နေပြီစရအောင်။
အသက်တွေကုန်သွားလို့ ဆော့စရာမရှိတော့ရင် မစောင့်ပါနှင့် ဖုန်းထဲက setting ကိုသွားလိုက်ပါ။ အဲဒီထဲက Date and time ကိုသွားပြီး လက်ရှိရောက်နေတဲ့ နာရီထက် သုံးနာရီ တိုးပြီး ပြန်ထွက်လိုက်ပါ။ဥပမာ လက်ရှိ 1း15 pm ဆိုရင် 4း15 ကို ပြောင်းလိုက်ပါ။နာရီဘက်ကဂဏန်းကို သာ+3ပေါင်းပြီးတိုးရင်ရပါပြီ။ညဥ့်နက်မှဆော့သူတွေအတွက်တော့ 113း0 pm ဆိုပါဆိုတော့ နောက်ရက် 33း0 am မှာထားရမှာဖြစ်လို့ ရက်ကိုလည်း5.7.2013 အစား 6.7.2013 ကိုပြောင်းပေးဖို့လိုပါတယ်။ပြိးရင်ပြန်ထွက်လိုက်ပြီး ဂိမ်းကို ဖွင့်လိုက်ပါ။ 5 ကောင်အပြည့် Full ဖြစ်နေတာကို တွေ့ ရမှာဖြစ်ပါတယ်။မသုံးပါနှင့်ဦး ဂိမ်းကိုပြန်ထွက်လိုက်ပါ။ပြိး Setting မှာပြန်ဝင်ပြိး လက်ရှိရောက်နေတဲ့ အချိန်နာရီကို ပြန်တိုက်လိုက်ပါဦး။နို့မို့ဆို မတိုက်ရင်နောက်ဆို နာရီက မမှန်ပဲဖြစ်နေမယ်။အဲပြီးပြီဆိုမှာ နောက်တစ်ခါဂိမ်းကို ပြန်ဝင်ပြီး ဆော့လိုက်ပါတော့။5ကောင်အပြည့်နှင့် စိတ်ကြိုက်ဆော့ပေတော့။အဲဒီ5ကောင်ကုန်လည်း နောက်ထပ် ကြိုက်သလောက်ဒီနည်းကိုသုံးနိုင်တယ်။ ကဲသူငယ်ချင်းတွေကို အမှီလိုက်ရအောင်။အော်သတိထားစရာကိုပြောဥိးမယ်။ အချိန်တိုးတဲ့အခါ 3နာရိ၊ဒါမှမဟုတ်4နာရီလောက်သာတိုးပါ။ ပိုတိုးလည်းအသက်တွေ က 5ကောင်ထက်ပိုမတိုးနိုင်ပါဘူး။အဲတစ်ခုခုအဆင်မပြေလို့ပြန်စောင့်ရလည်း သုံးလေးနာရီပေါ့။ကျနော်ကတော့လုံးဝ အာမခံတယ်။အဆင်ပြေတယ်။ဒါပေမယ့် အသက်ကို Full မဖြစ်ပဲ 4 ကောင်လောက်သာယူသုံးခဲ့ရင် setting ကိုပြန်ချိန်တဲ့အခါ မိနစ်တွေအများကြိးကိုစောင့်ခိုင်းတာတွေ့ရမှာပါ။ ဒါ့ကြောင့် ငါးကောင်ပြည့်အောင် ယူပြီးမှ Setting မှာမူလ အချိန်ကိုပြန်ထားပါ။အဆင်ပြေပါလိမ့်မယ်။
နောက်တစ်ခုက သော့ဖွင့်တဲ့အခါမှာ တော့ တစ်ရက်စောင့်ခိုင်းပါတယ်။ ဒီနည်းကိုပဲသုံးပြိးသုံးခုလုံးကို တစ်ရက်တည်းမိမိစွမ်းသလောက်ဆော့နိုင်ပါတယ်။ဒါပေမယ့်တစ်ရက်တိုးရမှာဖြစ်လို့ Time ကိုမပြင်ပဲ Date ကိုပဲ 5.7.2013 ဆိုရင်6.7.2013 ကိုထားလိုက်ပါ။ပြိးရင် Settingကိုပြန်မပြင်ပါနှင့်တော့။ပြန်ပြင်ရင်ဆော့မရပဲ ပြန်စောင့်ခိုင်းပါတယ်။ပြသနာမရှိပါဘူး။ဒီတိုင်းသုံးခုလုံးပြီးအောင်ဆော့လိုက်ပါ။ပြီးသွားရင်နောက် level ရောက်မှ 5ကောင် Full ဖြစ်အောင်ယူထားပြီး Setting မှာ အချိန်ကိုပြန်ပြင်လိုက်ပါ။ပြိးရင်လိုသလောက် အပေါ်နည်းကိုသုံးပြိးတစ်နေလုံးတစ်ညလုံးမနားပဲ မစောင့်ပဲ သူငယ်ချင်းတွေကို အမှီလိုက်ပြီး ကျော်တက်ကြစို့။အဆင်ပြေပါစေ။


0 comments:

Post a Comment