Showing posts with label နည်းပညာသတင်းများ. Show all posts
Showing posts with label နည်းပညာသတင်းများ. Show all posts

09 October 2013

မြန်မာနိုင်ငံသားများ Master Card သုံးနိုင်ပြီ ------------------------------

မြန်မာနိုင်ငံသားများအနေဖြင့် နိုင်ငံပေါင်း ၂၁၀ ကျော်တွင် သယ်ဆောင် အသုံးပြုနိုင်သည့် အွန်လိုင်းငွေပေးချေမှုစနစ် Easi Travel Master Card ကို အောက်တိုဘာလ ၈ ရက်နေ့မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်း သတင်းရရှိသည်။ ပြည်တွင်း ပုဂ္ဂလိက ဘဏ်တခုဖြစ်သော သမ၀ါယမဘဏ်(CB Bank) နှင့် Master Card တို့ ပူးပေါင်း၍ ပြည်ပနိုင်ငံပေါင်း ၂၁၀ ကျော် ရှိ ATM ငွေထုတ်စက်များ တွင် ငွေသားထုတ်ယူနိုင်ပြီး ဈေးဝယ်စင်တာများ၊ ဘဏ်များ၊ စားသောက်ဆိုင်များ၊ ဟိုတယ် အခန်းဌားရမ်းခြင်းများ အပါအဝင် နေရာအများစုတွင် လက်ခံ အသုံးပြုနေသော အွန်လိုင်း ငွေပေးချေမှုစနစ် Master Card ကို မြန်မာနိုင်ငံသားများ အတွက် ပထမဆုံး စတင်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံသားများ အနေဖြင့် CB ဘဏ်တွင် Master Card ပြုလုပ်ပြီး ကမ္ဘာ့နိုင်ငံအများအပြားသို့ သယ်ဆောင် အသုံးပြု နိုင်ပြီ ဖြစ်ကြောင်း CBဘဏ် ၏ အုပ်ချုပ်မှုဒါရိုက်တာ ဦးဖေမြင့်က ဧရာဝတီသို့ပြောသည်။ “ပြည်ပနိုင်ငံ သွားမယ့် မြန်မာတွေအနေနဲ့ Master Card သုံးစွဲချင်တယ်ဆိုရင် လျှောက်လို့ရပြီ၊ မန္တလေး အပါအဝင် နယ် မြို့တွေ မှာလည်း ကတ်တွေ လျှောက်လို့ရအောင် လုပ်ဖို့ရှိတယ်၊ လောလောဆယ်တော့ နယ်ကလူတွေက ရန်ကုန် မှာ လာလျှောက်ရမယ်။ ကတ်လျှောက်ပြီး ၄ ရက် လောက် စောင့်ပြီးတာနဲ့ Master Card ထုတ်ယူ သုံးလို့ရပြီ”ဟု ဦးဖေမြင့် က ရှင်းပြသည်။ မြန်မာနိုင်ငံသား များအနေဖြင့် Master Card ပြုလုပ်ရာတွင် ကတ်အတွင်း အမေရိကန်ဒေါ်လာ ၅၀ မှ ၅၀၀၀ အထိ ထည့်သွင်း ထားနိုင်ပြီး မြန်မာငွေဖြင့် ငွေသားထည့်သွင်းမည်ဆိုပါက မြန်မာငွေနှင့်အမေရိကန်ဒေါ်လာ ပေါက်ဈေး ပေါ် မူတည် တွက်ချက် ရရှိလာသော ဒေါ်လာငွေတန်ဖိုးကို Master Card တွင် ထည့်သွင်းပေးထားမည်ဖြစ်ကြောင်း၊ Master Card အသုံးပြု နိုင်သော ပြည်ပနိုင်ငံများတွင် ယင်းကတ် ဖြင့် ငွေထုတ် သုံးမည်ဆိုပါက ငွေတခါ ထုတ်တိုင်း ဝန်ဆောင်ခ ၃ ဒေါ်လာ ပေးရမည် ဖြစ်ပြီး ကတ် ပျက်စီးခြင်းနှင့် ပျောက်ဆုံးခြင်း တို့အတွက် လျှောက်ထားပါက ဝန်ဆောင်ခ မြန်မာငွေ ကျပ် ၁၀၀၀၀ ပေး၍ ကတ် အသစ် ပြန်လျှောက်ရမည်ဟု သိရှိရသည်။ လတ်တလော Master Card အသုံးပြုရန် လျှောက်ထားသော မြန်မာနိုင်ငံသားအရေအတွက် ၅၀၀ကျော် ရှိပြီး ကတ် လျှောက်လိုသူ များအနေဖြင့် သမဝါယမဘဏ်ရုံးချုပ်နှင့် သတ်မှတ်နေရာ များတွင် ဝန်ဆောင်ခ ကျပ်ငွေ ၈၀၀၀ပေး၍ စတင် လျှောက်ထား နိုင်ကြောင်း၊ နိုင်ငံခြားသို့ ချက်ချင်း ထွက်ခွာမည့်သူများအနေဖြင့် အွန်လိုင်းဖြင့်လည်း လျှောက်ထား နိုင်ကြောင်း သိရသည်။ CB ဘဏ်အနေဖြင့် Master Card ၀န်ဆောင်မှုအပြင် မြန်မာနိုင်ငံသားများ Visa Card အသုံးပြုနိုင်ရေးကိုပါ ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရှိရသည်။ MasterCard ၏ အရှေ့တောင် အာရှဆိုင်ရာ ဥက္ကဋ္ဌ ဖြစ်သူ Mr Matthew Driver က “အရင်က အပျော်ခရီးသွားတာ ပဲဖြစ်ဖြစ်၊ စီးပွားရေးအရ ခရီးသွားတာပဲဖြစ်ဖြစ် ငွေသားတွေ အများကြီးယူသွားဖို့လိုအပ်တဲ့ မြန်မာနိုင်ငံသားတွေအတွက် Master Card က ရွေးချယ်စရာနည်းလမ်း တခုပဲဖြစ်ပါတယ်။ ဒီနည်းလမ်းဟာ သူတို့တွေကို လုံခြုံစိတ်ချရတဲ့ ငွေပေးချေ မှုစနစ်ကို ပြည်ပနိုင်ငံတွေမှာ အသုံးပြုနိုင်ဖို့ ကူညီပေးသွားမှာ ဖြစ်ပါတယ်” ဟု ပြောဆိုကြောင်း CB ဘဏ်၏ ၀က်ဘ်ဆိုက် တွင် ဖော်ပြထားသည်။ ကမ္ဘာလှည့်ခရီးသည်များအပါအ၀င် နိုင်ငံခြားသားဧည့်သည်များအတွက် မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်များ၏ ATMငွေထုတ် စက်များတွင် Master Card နှင့် Visa Card ဖြင့် ငွေသားထုတ်ယူနိုင်သည့် စနစ်ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလတွင် စတင်ခဲ့ သည်။ ဧရာဝတီ Visa Card နှင့် Master Card ကိုင်ဆောင်ထားသော မြန်မာအမျိုးသမီးငယ်တဦး (ဓာတ်ပုံ – ဂျေပိုင် / ဧရာဝတီ)

 
Credit to : Android News

20 September 2013

YouTube Video များကို Offline ကြည့်ရှုနိုင်တော့မည်

သင့်အနေနဲ့ ယခင်တုန်းက YouTube ဗီဒီယိုများကို Android နဲ့ အွန်လိုင်းဝင်ပြီးမှ ကြည့်ရှုခဲ့ရပေမယ့် အခုနိုဝင်ဘာလမှ စတင်ပြီး Andriod App တွင်
Offline ကြည့်ရူနိုင်ရုံသာမက Chrome, Firefox အစရှိတဲ့ Browserများနဲ့ပါ offline ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။ YouTube Creators Blog မှ အရ Android app နဲ့ YouTube ကို ၀င်ရောက်ကြည့်ရှုသူများသည် အချိန်တိုလေးအတွင်းမှာ ဗီဒီယိုများကို Save လုပ်နိုင်ရုံသာမကပဲ မိမိ offline ဖြစ်သွားသော်လည်း ထိုဗီဒီယိုများကို ကြည့်ရှုနိုင်တော့မှာ ဖြစ်ပါတယ်။
အချိန်တိုလေးအတွင်းဆိုပေမယ့် ဘယ်မိနစ်၊ ဘယ်နှစ်နာရီ၊ ဘယ်ရက်များစသည်ကိုတော့ အတိအကျ မသိရသေးပါဘူး။ ဒါပေမယ့် (အထူးသဖြင့်)မိုဘိုင်းမှတဆင့် မြန်မြန်ဆန်ဆန် စောင့်ကြည့်ချင်သူများအတွက်ကတော့ အခုထိ အဆင်ပြေနေတုန်းပါပဲ။
http://www.mensxp.com/technology/web-and-social/20460-now-watch-youtube-videos-offline.html 
====================
IT SuBoo ပရိတ်သတ်ကြီးကျန်းမာပါစေ။ နည်းပညာများစုဝေးရာ IT SuBoo သို့လှမ်းခဲ့ကြပါ။ ဒေါင်းနည်းများမသိပါက Menu Bar က How To Download မှာ ကြည့်နိုင်ပါတယ်။ အဆင်မပြေပါက မှတ်ချက်ထားခဲ့နိုင်ပါတယ်။ အဆင်ပြေတယ်ဆို ကြော်ငြာလေးတွေကို နှိပ်ခဲ့ပေးပါနော်။ အားလုံးကို ကျေးဇူးတင်ပါတယ်။


11 September 2013

၁၅၀၀ တန် SIM Card နှင့် ဖုန်းခေါ်ဆိုခ ၂၅ နှုန်းဖြင့် Ooredoo မှရောင်းချမည်


 
 နေပြည်တော် ၊ စက်တင်ဘာ ၁၀။ ။
ဖုန်းခေါ်ဆိုခနှုန်း တစ်မိနစ်လျှင် ၂၅ကျပ်နှင့် ဝန်ဆောင်မှုပေးသွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံတွင် ဆက်သွယ်ရေးလိုင်စင်ရ Ooredoo ကုမ္ပဏီမှ အကြီးတန်းဌာနေ ကိုယ်စားလှယ် Ross Cormack ကပြော သည်။ ယနေ့ နေပြည်တော် MICC တွင်ကျင်းပသော လန်ဒန်၊ အင်္ဂလန်ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ဝန် ကြီးဌာနတို့မှ ပူးတွဲစီစဉ်ကျင်းပ သော Myanmar Connect 2013 တွင် ယင်းသို့ပြောခြင်းဖြစ်သည်။

''ဆင်းမ်ကတ်တွေကတော့ တစ်ကတ် ကျပ်၁၅ဝဝနဲ့ရောင်းချ ပေးသွားမှာပါ။ ဖုန်းခေါ်ဆိုခနှုန်း ကိုတော့ တစ်မိနစ် ၂၅ကျပ်နဲ့ဝန် ဆောင်မှုပေးဖို့ စီစဉ်ထားပါတယ်။ ဆက်သွယ်ရေးက တင်ထားတဲ့ ဥပဒေထွက်လာရင် စတင်ပြီးဈေး ကွက်အတွင်း ဖြန့်ဖို့ ဆောင်ရွက် နေပါတယ်။ မြန်မာနိုင်ငံတွင်းမှာ ရှိတဲ့သူတွေအားလုံး ဈေးသက် သက်သာသာနဲ့ လူတိုင်းစေ့နီးပါး အသုံးပြုနိုင်အောင် လုပ်ပေးမှာ ပါ''ဟု ယင်းက ပြောသည်။ ယနေ့ကျင်းပသောMyanmar Connect 2013 သည် MICT, MPT, PDT, Yatana-pon Teleport Company, Ooredoo နှင့် Telenor Myanmar တို့ကို ကမ္ဘာ့စီးပွားရေးစင်မြင့်ထက် တွင် ပေါင်းစည်းပေးသော ပထမ ဆုံးသော နိုင်ငံတကာအခမ်းအနားတစ်ခု ဖြစ်ကြောင်း သိရသည်။

''ကျွန်တော်တို့အနေနဲ့လဲ ဖုန်းခေါ်ဆိုခနှုန်းတွေကို သူတို့ ပြောတဲ့ဈေးထက် ပိုပြီးသက်သာ သောဈေးနှုန်းနဲ့ ဆောင်ရွက်ပေး ဖို့ အစီအစဉ်ရှိပါတယ်''ဟု Yatanapon Telelport မှ တာဝန်ရှိ သူတစ်ဦးမှ သတင်းထောက်များ မေးမြန်းမှုကို ဖြေကြား ခဲ့သည်။
 
==========================
မောင်ပိုင်
==========================
Yangon Media Group
 
 

10 September 2013

ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ် ကိစ္စရပ်များနှင့်ပတ်သက်၍ သက်ဆိုင်ရာဖုန်းအလိုက် သတ်မှတ်ဖုန်းနံပါတ်များသို့ မေးမြန်းနိုင်

 
ဖုန်းကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များ၊ ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ သိလိုရာမေးမြန်းနိုင်ရန် ဖုန်းနံပါတ်များ သတ်မှတ်ထားရှိပြီး အဆိုပါဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်းနိုင်ကြောင်းသိရသည်။
ငွေဖြည့်ကတ်ကိစ္စရပ်များနှင့် ပတ်သက်၍ အခက်အခဲတစ်စုံတစ်ရာရှိပါက GSM/ WCDMA (UMBS) မိုဘိုင်းဖုန်းများအတွက် ဖုန်း နံပါတ် ၀၁- ၅၅၅၄၇၆၊ CDMA 450, CDMA 800 WLL မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၂၁၇၂၁၉ နှင့် ၀၉- ၇၃၀၀၀၀၀၀၊ CDMA 800 (MEC Tel) မိုဘိုင်းဖုန်းများအတွက် ဖုန်းနံပါတ် ၀၁-၆၅၆၉၉၄ နှင့် ၀၁- ၆၅၆၉၉၅ တို့သို့ ဆက်သွယ်မေးမြန်း စုံစမ်းနိုင်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူများနှင့် မြန်မာ့အလင်း သတင်းစာတို့ တွေ့ဆုံမေးမြန်းခြင်း သတင်းဖော်ပြချက်အရသိရသည်။
ရန်ကုန်မြို့တွင် ကတ်ပျောက်၊ ကတ်ပျက်ကိစ္စရပ်များနှင့် ပတ်သက်၍ မိုဘိုင်းဆက်သွယ်ရေးဌာန၏ ရွှေဂုံတိုင်၊ ပန်းဆိုးတန်းနှင့် အလုံစီးပွားရေးဌာနများအပြင် တန်ဖိုးနည်းမိုဘိုင်းဖုန်းများအတွက် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရန်ကုန်တိုင်းဒေသကြီး၊ တိုင်းဒေသကြီး မန်နေဂျာရုံး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွက် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့် ပြည်နယ်မန်နေဂျာရုံးများတွင် ဆောင်ရွက်ပေးလျက်ရှိသည်ဟု သိရသည်။ “ခါတိုင်းကတော့ Call Center ကနေပဲ တစ်ဆင့် ကတ်ပျောက်ကတ်ပျက်နဲ့ပတ်သက်တာတွေကို မေးမြန်းဖြစ်ပါတယ်။ သက်ဆိုင်ရာဖုန်းနံပါတ်တွေ တစ်ခုချင်းစီမှာ ဆက်သွယ်နိုင်ပြီဆိုရင်တော့ ကိုယ်သိချင်တာတွေကို သေသေချာချာမေးလို့ရတာပေါ့။ ဖုန်းတွေက အမြဲမအားဘူးဖြစ်နေတာမျိုးမဖြစ်ဖို့တော့ မျှော်လင့်ပါတယ်" ဟု ကုမ္ပဏီဝန် ထမ်းတစ်ဦးဖြစ်သည့် မမေမြတ်သူက ပြောသည်။
ကတ်ပျက်ခြင်းအတွက် ပြန်လည်လျှောက်ထားရာတွင် အခမဲ့ ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ကတ်ပျောက်ခြင်းအတွက် ဆောင်ရွက်ရာတွင် နှစ်သောင်းကျပ် ကျသင့်မည်ဖြစ်ကြောင်း ရွှေဂုံတိုင် မိုဘိုင်းအိတ်ချိန်းရုံးမှ စုံစမ်းသိရှိရသည်။ “၁၅ မိနစ်လောက်ပဲ ကြာပါတယ်။ ကတ်ပျက်တာ ချက်ချင်းပြန်လဲပေးတယ်။ ကတ်ပျက်လဲပေးတဲ့ ဌာနသီးသန့်ရှိပြီး အဲ့ဒီနေရာမှာ သွားရောက်လဲလှယ်ရတာဖြစ်ပါတယ်” ဟု ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးတွင် ကတ်ပျောက်သွားရောက်လျှောက်ထားခဲ့သူတစ်ဦးက ပြောသည်။ သွားရောက်လျှောက်ထားရာတွင် စာချုပ်မိတ္တူသာ လိုအပ်ကြောင်း ၎င်းကပြောသည်။ ကတ်ပျောက်၊ ကတ်ပျက်အတွက် ငါးထောင်ကျပ်ဝန်းကျင်ဖြင့် ပွဲစားဈေးကွက်အတွင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း ရွှေဂုံတိုင်မိုဘိုင်းအိတ်ချိန်းရုံးအနီးရှိ ပွဲစားအချို့ထံမှ သိရှိရသည်။
ထွန်းထွန်း(INTERNET JOURNALS)
 
အဆင်မပြေပါက မှတ်ချက်ရေးခဲ့နိုင်ပါတယ်။ အဆင်ပြေတယ်ဆို ကြော်ငြာလေးတွေကို နှိပ်ခဲ့ပေးပါနော်။

03 August 2013

ရက်လွန် ၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးနိုင်ပြီ

၁၅၀၀ တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်နိုင်ကြောင်း အဆိုပါ မိုဘိုင်းဖုန်းနှင့် ပက်သက်သည့် Hot Line (3456) မှ စုံစမ်းသိရှိရသည်။

ရန်ကုန်တွင် အသုံးပြုသည့် တန်ဖိုးနည်း ၁၅၀၀တန် Sim Card များအား သက်တမ်းတိုးဆောင်ရွက်လိုပါက ဗိုလ်အောင်ကျော်လမ်းရှိ ဗဟိုစာတိုက်ကြီး အပေါ်ထက်တွင် ဆောင်ရွက်နိုင်ကြောင်းသိရသည်။ အကြောင်းအမျိုးမျိုးကြောင့် ရက်လွန်ပါက
သက်တမ်းတိုးလျှောက်ထားနိုင်မည်ဖြစ်ပြီး လျှော်ထားရန် စာချုပ်၊ ဖုန်းကတ်၊ မှတ်ပုံတင် မိတ္တူတို့ လိုအပ်မည်ဖြစ်ကြောင်း သိရသည်။ အကယ်၍
သက်ဆိုင်ရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနတို့မှ စာအချုပ်ထုတ်ပေးထားခြင်းမရှိပါက စာချုပ်ထုတ်မပေးရသေးကြောင်း သက်ဆိုင်ရာ မြို့နယ် အုပ်ချုပ်ရေးမှူးရုံး၊
ဌာနမှ ထောက်ခံချက်ပါရှိရမည်ဖြစ်ကြောင်း၊ ရက်လွန် ၁၅၀၀ တန် ဆင်းကတ်များ သက်တမ်းတိုးလျှောက်ထားနိုင်ခြင်းနှင့် ပက်သက်၍ ဇူလိုင်လ ၂၅ရက်ထုတ် မြန်မာ့ အလင်းသတင်းစာတွင် ဖော်ပြထားသည်။

သက်တမ်းလွန်ရခြင်းအတွက် ထောက်ခံချက်(ကတ်ထုတ်ပေးသည့် သက်ဆိုင်ရာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံး၊ ဌာနရဲ့ထောက်ခံချက်) ပိုင်ရှင်ရဲ့ နိုင်ငံသား စီစစ်ရေးကတ် မိတ္တူတစ်စောင် စသည့် စာရွက်စာတမ်းများနှင့် တိုင်းဒေသကြီး မန်နေဂျာထံလိပ်မူ၍ လျှောက်ထားနိုင်ကြောင်း
ဖော်ပြထားသည်။ ဖုန်းကတ်ဝယ် ယူထားသည့်နေ့မှစ၍ ၁၅ရက်အတွင်း တယ်လီဖုန်းဆင်းကတ်တွင် မူလထည့်သွင်းပေးထားသည့် တယ်လီဖုန်း ခေါ်ဆိုခ ၃၀၀ ကျပ် မကုန်မီ တယ်လီဖုန်းသုံးစွဲသူသည် ..
အနည်းဆုံး ၅၀၀၀ ကျပ်တန်
ကြိုတင်ငွေဖြည့်ကတ်ဖြင့် ငွေဖြည့်သုံးစွဲရမည်ဖြစ်ကြောင်း
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းက သတင်း ထုတ်ပြန်ထားသည်။

ဆင်းကတ်ကို အခြားသူတစ်ဦးဦးသို့ လက်ဆင့်ကမ်းရောင်းချခြင်းမှ ကာကွန်ရန်အတွက် ၁၅ရက်အတွင်း အသုံးပြုခြင်းမရှိပါက အဆိုပါ ဖုန်းကတ်သည် အလိုအလျောက် လိုင်းပတ်သွားမည်
ဖြစ်ကြောင်း သိရသည်။ ထို တန်ဖိုးနည်းမိုဘိုင်းဖုန်းများကို လစဉ် ကြိုတင်ငွေဖြည့်ကတ်ဖြင့် ပြောဆိုခ ကျပ်၂၅၀၀ အနည်းဆုံး သုံးစွဲရန် သတ်မှတ် ထားပြီးဖြစ်၍ နှစ်လပြည့်သော်လည်း ကြိုတင်ငွေဖြည့်ကတ်မှ ၅၀၀၀ ကျပ်ကို အပြည့်မသုံးစွဲပါက အလိုအလျောက် ကျပ် ၅၀၀၀ ပြည့်သည်အထိ ဖြတ်တောက်သွား..
မည်ဖြစ်ကြောင်း၊ ဖြည့်သွင်းထားသော ငွေကုန်ဆုံးပြီးနောက် ၁၅ ရက်အတွင်း ငွေထပ်မံဖြည့်သွင်းခြင်းမရှိပါက အဆိုပါဖုန်းကတ်သည် အလိုအလျောက်လိုင်းပိတ် သွားမည်ဖြစ်ကြောင်း သိရသည်။

Ref - Internet Journal (Vol.14, No.29)

01 August 2013

MPT ၏ Voice Mail Service အကြောင်း

Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ
အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး ၁၅၀၀ ဖုန်းတွေမှာတော့
အသုံးပြုလို့ ရနိုင်မရနိုင်ကတော့ သေချာမိပါဘူး

အသုံးပြုပုံကတော့ ...

မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။

Voice Mail ကိုစတင်အသုံးပြုဖို့အတွက် MPT တွင်လျောက်ထားရမှာ
ဖြစ်ပြီး လက်ရှိအခြေနေမှာတော့ SMS ကတဆင့်လျောက်လို့မရသေးကြောင်း

Voice Mail အသုံးပြုလိုပါက ရွှေဂုံတိုင်ရုံးတွင် ၁၅၀၀ ကျပ်ဖြင့်လျောက်ထား
နိုင်ကြောင်း Yadanarpone Telepost မှဖြေကြားချက်အရသိရှိရပါကြောင်း။
 
Credit to Android News
 

21 July 2013

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

ပြည်သူများသို့ အသိပေးကြေငြာခြင်း

Photo  
 ဆက်သွယ်ရေးနှင့် သတင်းအချက်အလက်နည်းပညာဝန်ကြီးဌာန၊
မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၏ Prepaid GSM/ WCDMA ကြိုတင်ငွေဖြည့်
ကတ်ဖြင့် သုံးစွဲသူများမှ အင်တာနက်စနစ်အား ဌာနသို့လူကိုယ်တိုင်
လာရောက်လျှောက်ထားရန်မလိုဘဲ မိမိ မိုဘိုင်းဖုန်းဖြင့် (၁.၈.၂၀၁၃)မှစပြီး
တိုက်ရိုက်ဖွင့်လှစ် သုံးစွဲဆောင်ရွက်ပေးမည်ဖြစ်ပါသည်။
အင်တာနက်ဖွင့်ရန်အတွက် မိမိမိုဘိုင်းဖုန်းမှ 1331 နံပါတ်သို့ "Order data service " စာသားအား SMS ပေးပို့ရပါမည်။ အင်တာနက်လိုင်းပွင့်ပါက သုံးစွဲသူ၏ငွေလက်ကျန်ထဲမှ ၁၀၀၀၀ကျပ် (တစ်သောင်းကျပ်တိတိ) ကို နှုတ်ယူပါမည်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း

credit: yatanarpon News

16 July 2013

မိုဘိုင်းအင်တာနက်ကို ဖုန်းကတစ်ဆင့်လျှောက်နိုင်မည်

မိုဘိုင်းအင်တာနက် လျှောက်ထားချင်သူတွေအတွက် သြဂုတ်လ ၁ ရက်နေ့က စပြီး မက်ဆေ့ခ်ျ နံပါတ် 133 ကတစ်ဆင့် မိုဘိုင်းအင်တာနက်လျှောက်ထားနိုင်ပြီလို့ မြန်မာ့ဆက်သွယ်ရေးသင်တန်းကျောင်းက ကျောင်းအုပ်ကြီး ဦးကျော်စိုးထံက သိရပါတယ်။
ကနဦးလျှောက်ထားမှုအတွက် ယခင်အင်တာနက်လျှောက်တုန်းက နှုန်းထားအတိုင်း ကျပ် တစ်သောင်း ကျသင့်မှာဖြစ်ပါတယ်။ မက်ဆေ့ခ်ျပို့ပြီး လျှောက်ထားဖို့အတွက် ဖုန်းထဲမှာ ကြိုတင်ငွေ ကျပ် တစ်သောင်းရှိဖို့လိုပါတယ်။
လျှောက်ထားသူတွေအနေနဲ့ မက်ဆေ့ခ်ျနံပါတ် 133 ကို ရိုက်နှိပ်ပြီး လျှောက်ထားရမှာပါ။ စက္ကန့်အနည်းငယ်အတွင်း အင်တာနက်လျှောက်ထားမှုအတွက် လက်ခံရရှိကြောင်းကို စာတို မက်ဆေ့ခ်ျအနေနဲ့ “You have order data service successfully” ဆိုပြီး မက်ဆေ့ခ်ျပြန်ပို့ပေးလာခဲ့ရင် အင်တာနက်လျှောက်ထားမှု ပြီးမြောက်ပြီဖြစ်ပါတယ်။ မက်ဆေ့ခ်ျရောက်တာနဲ့ တစ်ပြိုင်နက် ဖုန်းမှာ အင်တာနက်ကို အလိုအလျောက်အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ အင်တာနက်အသုံးပြုခအတွက် ဂျီအက်စ်အမ်ဖုန်းကို တစ်မိနစ်ကို နှစ်ကျပ် ကျသင့်မှာဖြစ်ပြီး စီဒီအမ်အေနဲ့ သရီးဂျီဖုန်းအတွက်က တစ်မိနစ်ကို လေးကျပ် ကျသင့်မှာဖြစ်ပါတယ်။

Credit To:Mordern

13 July 2013

ဇူလိုင်အတွက် GSM မိုဘိုင်းဖုန်း ၂၅ ရက်တွင် ချထားပေးမည်



(မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ မိုဘိုင်းဆက်သွယ်ရေးဌာနမှ အင်ဂျင်နီယာချုပ် ဦးခင်မောင်ထွန်းနှင့် တွေ့ဆုံမေးမြန်းခြင်း)

အခုလမှာ မိုဘိုင်းဖုန်းတွေ ဘယ်တော့လောက် ရောင်းဖို့စီစဉ်ထားပါသလဲ။

ဇူလိုင် ၂၅ရက်မှာ စပြီးရောင်း ဖို့ စီစဉ် ထားပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်ဖုန်းတွေချည်း ရောင်းမှာလား။ ဂျီအက်စ်အမ်ရော မပါဘူးလား သိချင်ပါတယ်။

စီဒီအမ်အေ ၈၀၀ မဂ္ဂါဟဇ်မိုဘိုင်းဖုန်း ၁၅၀၀၀၀နဲ့ ဂျီအက်စ်အမ်မိုဘိုင်းဖုန်း ၂၀၀၀၀၀ ကို ရောင်းချပေးနိုင်ဖို့ စီစဉ်ထားပါတယ်။

ဒီကနေ့ မနက်ပိုင်းမှာ ဆက်သွယ်ရေးအဖွဲ့အစည်းတစ်ခုနဲ့ ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ ဘယ်နိုင်ငံက ဆက်သွယ်ရေးလုပ်ငန်း အဖွဲ့လည်းဆိုတာ သိချင်ပါတယ်။

အဲဒီအဖွဲ့က ထိုင်းနိုင်ငံက True အဖွဲ့ ဖြစ်ပါတယ်။

True အဖွဲ့က ထိုင်းနိုင်ငံမှာ ဘာလုပ်ငန်းတွေလုပ်ပါသလဲ။

သူတို့က ဆက်သွယ်ရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းမျိုးစုံလုပ်ပါတယ်။ TV ထုတ်လွှင့်မှု၊ အင်တာနက်လုပ်ငန်း၊ မိုဘိုင်းဖုန်းလုပ်ငန်း၊ e-Government လုပ်ငန်း အစရှိတဲ့လုပ်ငန်းတွေကို လုပ်နေတဲ့ အဖွဲ့အစည်းကြီးတစ်ခု
ဖြစ်ပါတယ်။

အဲဒီ True အဖွဲ့က မြန်မာနိုင်ငံမိုဘိုင်းဆက်သွယ်ရေးနဲ့ပတ်သက်လို့ ဘယ်လိုဝေဖန်ချက် ပေးသွား ပါသလဲ။

သူတို့အဖွဲ့ ရန်ကုန်ကနေ နေပြည်တော်ကိုအလာမှာ ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်ကနေ ကားနဲ့ အဆက်အသွယ်မပြတ်ဘဲ မိုဘိုင်းဖုန်းပြောလို့ရတဲ့အတွက် အလွန်ကျေနပ်မိပါတယ်လို့ မှတ်ချက်ပေးသွားခဲ့ပါတယ်။

သူတို့ရဲ့ဝေဖန်ချက်အပေါ် ဆရာက ဘယ်လိုတုံ့ပြန်ခဲ့ပါသလဲ။

“ခင်ဗျားတို့ ကံကောင်းတာပေါ့”လို့ ပြောခဲ့ပါတယ်။

ထိုင်းနိုင်ငံ True အဖွဲ့ရဲ့ မိုဘိုင်းဖုန်းလုပ်ငန်းမှာ ၀န်ထမ်းအင်အားဘယ်လောက်နဲ့ လုပ်နေတယ်လို့ သိရပါသလဲ။

သူတို့မှာ မိုဘိုင်းဖုန်းလုပ်ငန်းအတွက် ၀န်ထမ်းအင်အား ၈၀၀၀ လောက်ရှိတယ်လို့ သိရတယ်။

မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရဲ့ မိုဘိုင်းဌာနမှာရော ၀န်ထမ်းအင်အား ဘယ်လောက်ရှိပါသလဲ။

အမြဲတမ်းဝန်ထမ်းဦးရေ ၂၃၀ ၊ ပုတ်ပြတ်နဲ့ နေ့စားဝန်ထမ်းဦးရေ ၁၈၈ဦး၊ စုစုပေါင်း ၀န်ထမ်းဦးရေ ၄၁၈ဦးနဲ့ မြန်မာ တစ်နိုင်ငံလုံးရဲ့ မိုဘိုင်းဖုန်းဝန်ဆောင်မှုတွေကို ဆောင်ရွက်ပေးနေပါတယ်။

ပြည်တွင်းမိုဘိုင်းဖုန်းအသုံးပြုသူအများစုကလည်း ၁၅၀၀တန် ဂျီအက်စ်အမ်မိုဘိုင်းဖုန်းများကို ၀ယ်ယူရန် စောင့်နေ
ကြပြီး မိုဘိုင်းဖုန်းဆိုင်အများစုကလည်း ဂျီအက်စ်အမ်ကတ်များသာ ချပေးပါက ဈေးကွက်တွင်း ဟန်းဆက်
ရောင်းအား ပိုမိုကောင်းလာနိုင်သည်ဟု ခန့်မှန်းထားကြသည်။
 

အဝေးဆီက မလေးရောက်ခရီးသည်

Credit to ZinYawNews


30 June 2013

Google ကနေငွေလွှဲပြောင်းနိုင်ပြီ




Google update လုပ်ပေးလိုက်တဲ့ Gmail တွင် ပိုက်ဆံ လွှဲပြောင်း ပေးပို့ နိုင်သော လုပ်ဆောင်မှု Feature အသစ် တစ်ခုပါရှိလာပြီး သင်၏ Bank account (သို့ ) Google wallet balance မှနေ၍ တိုက်ရိုက် email attach အနေနဲ့  ပေးပို့ နိုင်ပါပြီ။ 


သင့်မှာ Gmail account မရှိသည့်တိုင်အောင် Google Wallet ကို အသုံးပြု၍ "Send money" button နဲ့  ပိုက်ဆံပေးပို့  နိုင်ပါတယ်။ သင်၏ Bank account ကို Google Wallet နဲ့  တိုက်ရိုက် ချိပ်ဆက်ထားပါက ပိုက်ဆံပေးပို့ မှုအတွက် "FREE" ဖြစ်ပြီး Credit card / Debit card တို့ နှင့် ချိပ်ဆက်ထားပါက အလွန်သက်သာသော ဝန်ဆောင်မှု နှုန်းထား (of 2.9% per transaction (minimum $0.30)) ပေးဆောင် ရပါမယ်။ ပိုက်ဆံ လက်ခံရယူမှုကတော့ အမြဲတမ်း "Free" ဖြစ်ပါတယ်။ ဝန်ဆောင်မှုများအားလုံးကို လုံခြုံစိတ်ချမှု အပြည့် ရှိပါတယ်လို့  ပြောထားပါတယ်။

ဒီဝန်ဆောင်မှုကို Desktop version မှာ အားလုံး အသုံးပြုနိုင်ပြီး Mobile version အနေနဲ့  တော့ အမေရိကန်နိုင်ငံရှိ သတ်မှတ်ထားသော Android mobile device များတွင်သာ အသုံးပြုနိုင်ပါသေးသည်။

အသုံးပြုနိုင်သော Mobile Device list ကို ဤနေရာတွင် ကြည့်ရန်...

ငွေပို့ သူရော ငွေလက်ခံသူရောပါ အနည်းဆုံး "Google Wallet" account ဖွင့်ရန်လိုအပ်ပြီး မိမိ၏ Bank account, Credit account, Debit account တစ်ခုခုနှင့် ချိပ်ဆက်ထားရမှာ ဖြစ်ပါတယ်။


Update လုပ်ထားသော Gmail တွင် Compose လုပ်သည့်အခါ Attachment Option တွင် "$" icon အသစ်ကို
 မြင်တွေ့  ရမှာဖြစ်ပါတယ်။ "$" button ကိုနှိပ်၍ တိုက်ရိုက် ပေးပို့  နိုင်ပါပြီ။ 

 

 

Google ဟာ Apple iOS mobile device များ အတွက် App ကို မကြာမီ ထုတ်ပေးလာမယ်လို့  မျှော်လင့်ရပါတယ်။ 

အသေးစိတ်ဖတ်ရှုရန်... 


အခမဲ့ဆိုတဲ့ အရာတိုင်းမှာ ခန့် မှန်းလို့  မရနိုင်တဲ့ တန်ဖိုးတစ်ခုတော့ အမြဲရှိနေပါတယ်.... 

ဤဆောင်းပါးလေးကနေ သင့်အတွက် တစ်ခုခု ရလိုက်တယ်ဆိုရင် အောက်မှာ "Like" လုပ်နိုင်ပါတယ် 
Credit to : google , မိုးသိကြား

မြန်မာ့ဆက်သွယ်ရေးမှ တယ်လီဖုန်း ခေါ်ဆိုခများကို ယခုဘဏ္ဍာရေးနှစ် အတွင်း တစ်မိနစ်ကျပ် ၅၀ မှ လျော့ချ ကောက်ခံသွားမည်

 
  မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းမှ တယ်လီဖုန်း ခေါ်ဆိုခနှုန်းထား တစ်မိနစ် ကျပ် ၅၀ ကို ယခုနှစ် ဘဏ္ဍရေးနှစ်အတွင်း လျော့ချဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာ ၀န်ကြီးဌာန ဒုတိယ၀န်ကြီး ဦးသောင်းတင်က ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် ဇွန် ၂၈ ရက်က ပြောကြားသည်။
လသာ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကြည်မြင့် မေးမြန်းသည့် လက်ကိုင်ဖုန်းများ၏ ပြောဆိုဆက်သွယ်ခကို တစ်မိနစ်လျှင် ကျပ် ၅၀ နှုန်းမှ ငါးကျပ်နှုန်းသို့ လျော့ချပေးရန် ကမ်းလှမ်း အဆိုပြုလာသည့် ကုမ္ပဏီများ ရှိ၊ မရှိနှင့် မြန်မာ့ဆက်သွယ်ရေး ကော်ပိုရေးရှင်းက ဦးဆောင်လျော့ချ သတ်မှတ်ပေးရန် အစီအစဉ်ရှိ၊ မရှိ စပ်လျဉ်းသည့် မေးခွန်းနှင့် ပတ်သက်၍ ပြန်လည် ဖြေကြားရာတွင် ထိုသို့ ထည့်သွင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။
”ကျွန်တော်တို့ ဆက်သွယ်ရေး ၀န်ကြီးဌာန အနေနဲ့ တယ်လီဖုန်း ပြောဆိုခတွေတင် မကဘဲ တခြားအခွန် အခတွေကိုလည်း ခေတ်နဲ့လျော်ညီမှုရှိအောင်နဲ့ အိမ်နီးချင်းနိုင်ငံများနဲ့ နှိုင်းယှဉ်ပြီး ကွာဟချက် နည်းပါးစေဖို့ ယခုနှစ် ဘဏ္ဍာရေးနှစ် အတွင်းမှာ လျော့ချဆောင်ရွက် သွားပါ့မယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
ထို့ပြင် ၂၀၁၄ ခုနှစ် ဇူလိုင်လလောက်တွင် ဆက်သွယ်ရေး အော်ပရေတာ ကုမ္ပဏီ လေးခုအထိ ရှိလာမည် ဖြစ်သည့်အတွက် မြန်မာ့ဆက်သွယ်ရေး အနေဖြင့် မူဝါဒများ ချမှတ်ကာ အော်ပရေတာ ကုမ္ပဏီလေးခုအား ပြည်သူအတွက် မျှတထိုက်တန်သော ၀န်ဆောင်မှုများ ပေးနိုင်စေရန် ထိန်းကျောင်းမှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်းနှင့် အဆိုပါ ကုမ္ပဏီများ၏ ဈေးကွက်ယှဉ်ပြိုင်မှုများအရ ဈေးနှုန်းကို အပြိုင်အဆိုင် လျော့ချမှုအပေါ် ဈေးနှုန်းအပေါ် နှုန်းထားသတ်မှတ်သွားမည် မဟုတ်ဘဲ လွတ်လပ်စွာ ခွင့်ပြုသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
”တစ်မိနစ်ကို ဖုန်းခေါ်ဆိုခ ငါးကျပ်ထိ မရှိသည့်တိုင် ဈေးကွက်ယှဉ်ပြိုင်မှုတွေ ပြုလုပ်တာကို လွတ်လပ်စွာ ယှဉ်ပြိုင်ခွင့်ပြုပေးပါမယ်။ ကုမ္ပဏီတွေက အပြိုင်အဆိုင် လျော့ချမှုတွေ ပြုလုပ်နိုင်တဲ့အတွက် နောင်တစ်ချိန် ချိန်မှာတော့ ခေါ်ဆိုခတွေ ငါးကျပ်နှုန်းအထိ ကျဆင်းနိုင်မယ်လို့ ထင်ပါတယ်” ဟု ဒုတိယ၀န်ကြီးက ပြောကြားသည်။
Ref & Credit to Eleven Media Group