30 May 2013

Shutdown တွဲသုံးတဲ့ command တွေကို ပြောကြည့်မယ်



Shutdown တွဲသုံးတဲ့ command တွေကို ပြောကြည့်မယ်။

shutdown [-i|-l|-s|-r|-a] [-f] [-t xx] [-c "Text"]
shutdown နဲ့ တွဲသုံးလို့ ရတဲ့ command တွေကို စုစည်းပြီးပြထားတာပါ ။

-a = တကယ်လို့ မိမိက -t xx ဆိုတဲ့ အချိန်အတိုင်းအတာ တစ်ခုကို ပေးထားမယ်ဆိုရင် အဲဒါကို ပျက်ချင်ရင် -a နဲ့ သုံးတာပါ။အချိန်တန်ဖိုး 0 ဆိုရင်တော့ တစ်ခါတည်း shutdown ပေါ့။
-c “Text” = ဒါကတော့ shutdown ပေးရင် comment ပေးချင်ရင်သုံးတာပါ။
-i = shutdown interface(GUI) ကိုဖော်ပြတာပါ။
-l = ဒါက Log off လုပ်တဲ့ command ပါ။
-s = ဒါက shutdown ပေါ့ ။
-r = restart ပါ။
-t xx = ဒါက shutdown လုပ်ရင် အချိန်သတ်မှာတာပါ ။ တကယ်လို့ xx ကို 5 လို့ ထားရင် 5 seconds မှာ ကွန်ပျူတာ shutdown ဖြစ်မှာပါ။
-f = ဒါကတော့ ဘာ သတိပေးချက်မှ မလာပဲ တစ်ခါတည်းကို application တွေကို ပိတ်ပစ်တာပါ။

Shutdown –s –c “Shutting Down!” –t 3
ဒါဟာဆိုရင် နောက် ၃ စက္ကန့်မှာ shutdown ကျမှာဖြစ်ပြီး Shutting Down! ဆိုတဲ့ မက်ဆေ့ ပေါ်လာမှာပါ ။



systeminfo
ဒါကတော့ မိမိ OS ရဲ့ information တွေကို ဖော်ပြပေးတဲ့ command ပါ။ ဘယ် service pack levels ကိုသုံးထားလဲ၊ ဘယ်နေ့ မှာ ၀င်ဒိုးစတင်တာလဲ ၊ Memory ဘယ်လောက်လဲ ၊ ဘာညာပေါ့ ကြည့်လို့ ရပါတယ်။

ipconfig
ဒါကတော့ TCP/IP တွေကို ကြည့်လို့ ရတဲ့ command ပါ။
TCP/IP information အားလုံးကိုကြည့်ချင်ရင်တော့ ipconfig /all
Local DNS cache ကို ကြည့်၇င်တော့ ipconfig /displaydns
Local DNS cache ထဲက content တွေကို ဖျက်ချင်ရင်တော့ ipconfig /fulshdns ကိုထည့်ပြီးသုံးနိုင်ပါတယ်

tasklist and taskkill
Window Task Manager နဲ့ တူပါတယ် ။ လက်ရှိ run နေတဲ့ process တို့ ဘာတို့ ကို ဖော်ပြပေးပါတယ်။
Taskill ကတော့ process တွေကို ပိတ်ချင်ရင် သုံးတာပါ ။ Task Manager မှာ End Porcess နဲ့ တူပါတယ်။
ဥပမာ notepad ဆိုပါစို့ ။ ပိတ်ချင်ရင်
TASKKILL /IM notepad.exe
ဒါမှမဟုတ် သုံးလေးခု ပြိုင်တူပိတ်ချင်ရင်တော့ (/PID) နဲ့ သုံးပါတယ်။
TASKKILL /PID 1230 /PID 750 /PID 487 /T နဲ့ သုံးခုလုံး ပြိုင်တူပိတ်လို့ ၇ပါတယ် ။ ဒီနေရာမှာ (/PID) ဆိုတာ PID Sessiong Name ပဲဖြစ်ပါတယ်။

nslookup
ဒါကတော့ DNS(Domain name Servive) ရဲ့ IP Address ကိုဖော်ပြပေးတာပါ။

ping
ping myanmarfamily.org –t ဆိုရင် မြန်မာမိသားစုဖိုရမ်ရဲ့ DNS IP ကိုဖော်ပြပေးယုံသာမက မိမိရဲ့ connection ကောင်းမကောင်းကိုလဲ ဖော်ပြပေးပါတယ် ။
အချိန်တိုင်း reply လာရင် ကော်နက်ရှင်ကောင်းပြီးတော့ time out ဖြစ်နေရင်တော့ ကော်နက်ရှင်ကျနေပါပြီး ။
တစ်ခါတစ်လေ ဂျီတော့ဖွင့်ထားပြီး မီးစိမ်းလင်းနေပေမဲ့ မိမိဘက်က အော့ဖ်နေတာကို မသိဖြစ်တတ်ပါတယ်။
ဘယ်သူ့ ဘက်ကအော့ဖ်နေတယ်ဆိုတာ အဲဒီလို ရိုက်ပြိးလဲ စမ်းလို့ ရပါတယ်။

0 comments:

Post a Comment