- Start --> Help and Support Center ကို Click လုပ်
- ပေါ်လာတဲ့ Search box မှာ Keyboard Shortcuts ဆိုပြီးရိုက်ထည့် --> Enter ခေါက်ရင်
- ပေါ်လာတဲ့ Search Results 21 ခုမှာ အထူးသဖြင့် Overviews, Articles & Tutorials ခေါင်းစဉ်အောက်မှာ အခု pdf ထဲက Shortcuts အားလုံးအပြင် အခြား Shortcut တွေပါ တစုတစည်းတည်း တွေ့ရမှာပါ...
အခုပြောခဲ့တာလေးတွေက
အများစု သိပြီးသားတွေလည်း ဖြစ်မှာပါ...
တကယ်တော့ Help and Support Center ကနေ Windows OS သုံးနည်းတွေကို ကောင်းကောင်းလေ့လာလို့ ရပါတယ်...
English-Myanmar Dictionary ရယ်, Computer Dictionary ရယ်တော့ လိုမှာပေါ့ဗျာ...
အားလုံးပဲ ပညာဗဟုသုတ အပေါင်းနဲ့ ပြည့်ဝကြပါစေဗျာ...:)

Run
Box ထဲမှာ နောက်ထပ်ရိုက်လို့ရတဲ့ Command လေးတွေပါ
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်
မိုက္ကရိုဆော့ဖ်ဝင်းဒိုးမှာ Environment Variables လို့လည်း ခေါ်ပါတယ်
- %allusersprofile%
- ကွန်ပျုတာကို သုံးနေတဲ့သူ အားလုံးရဲ့ Profile တွေရှိနေတဲ့ နေရာကို ပြပေးပါတယ်။
- %appdata%
- အသုံးချဆော့ဖ်ဝဲတွေရဲ့ အချက်အလက်တွေ သိမ်းထားတဲ့ နေရာပါ။
- %comspec%
- Command shell တကယ် အလုပ်လုပ်နေတဲ့ နေရာ။
- %homedrive%
- လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive နေရာ။
- %homepath%
- လက်ရှိသုံးနေတဲ့ သူရဲ့ Home Drive လမ်းကြောင်း။
- %logonserver%
- လက်ရှိဝင်သုံးနေတဲ့သူရဲ့ Domain Controller
- %programfiles%
- ဆော့ဖ်ဝဲတွေ ထည့်သွင်းထားတဲ့ နေရာ
- %systemdrive%
- ၀င်းဒိုးရဲ့ ပင်မ Directory
- %systemroot%
- ၀င်းဒိုးရဲ့ ပင်မ Root Directory
- %tmp% သို့မဟုတ် %temp%
- လက်ရှိသုံးနေတဲ့ ဆော့ဖ်ဝဲတွေ အလုပ်လုပ်လက်စ ဖိုင်တွေရှိရာနေရာ
- %username%
- လက်ရှိသုံးနေတဲ့သူ အမည်
- %userdomain%
- လက်ရှိသုံးနေတဲ့ Domain အမည်
- %userprofile%
- လက်ရှိသုံးနေတဲ့သူရဲ့ Profile ရှိရာနေရာ
- %windir%
- OS တင်ထားတဲ့ နေရာ