24 November 2013

Bagan Keyboard pro Crack

Bagan Keyboard Pro - screenshot thumbnail

ဒီတစ်ခါ Bagan Keyboard pro ကိုနိုင်ငံခြားကနေ သုံးချင်သူများ ကုတ်မရလို့ စိတ်မညစ်ပါနှင့် ဒီ Crack ဗားရှင်း လေးက ကူညီပေးပါလိမ့်မယ်။ သူ့ကိုဖွင့်ပြီး internet on ထားကာ activation code ကို ကြိုက်ရာ စာလုံးများရိုက်နှိပ်လိုက်ပါ။ activated ဖြစ်သွားပါလိမ့်မယ်။ ၀ယ်သုံးနိုင်သူတွေတော့ ၀ယ်သုံးလိုက်ပါနော်။
Themes တွေ ပြင်နိုင်မယ်။Height တွေကို လိုသလိုပြင်နိုင်မယ်။




Jelly Bean တွေအတွက် မြန်မာစာ100%မှန်သော ၊စာတွေနောက်မကျန်သော fepfz 2.1 ထွက်ရှိ

 

အရင်က Jelly Bean တွေမှာ 100% မြန်မာစာမှန်တဲ့ fepfz 1.3 နှင့် 2.0 တို့ကိုတင်ပေးခဲ့ပါတယ်။
အရင်ဗားရှင်းတွေမှာ မြန်မာစာမှန်သော်လည်း စာတွေပြတ်ကျန်ခဲ့တဲ့ ပြဿနာ၊v2.0 မှာ စာမကျန်သော်လည်း Browser မှာ စာတွေမမှန်တဲ့ပြဿနာ၊ FB Group တွေထဲဝင်ရင် မြန်မာစာ မမှန်တဲ့ ပြဿနာကို ဒီဗားရှင်းက ဖြေရှင်းပေးလိုက်ပါပြီ။ လုံးဝ စင်းလုံးချောသွားပါပြီ။မှန်ပြီးသားအဆင်ပြေပြီးသားသူတွေကတော့ ထပ်မလုပ်ပါနှင့်တော့။
လုပ်ပုံ လုပ်နည်းကတော့ အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ ၊Version 1 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။
1.install
2.Run
3.Click Got it
4. Patch v2 and Reboot(အရင်က Version 2 နဲ့ patch လုပ်ထားတဲ့သူတွေ ၊Version 1 နဲ့ patch လုပ်ထားတဲ့သူတွေ unpatch ပြန်လုပ်ဖို့ လိုပါလိမ့်မယ်။ ပြီးမှ ပြန်ပြီး patch လုပ်ရပါမယ်။)
ကျနော် G510 လေးတော့ စင်းလုံးချောသွားပြီ။



21 November 2013

Ubutu (Linux) မှာ မြန်မာဖေါင့်သွင်းနည်းစာအုပ် (မြန်မာလို)


Open source operation system တစ်ခုဖြစ်တဲ့ Ubutu (Linux) မှာ မြန်မာဖေါင့်သွင်းနည်းစာအုပ် (မြန်မာလို) ကိုတင်ပေးလိုက်ပါတယ်။ လေ့လာလိုသူများဒေါင်းလုပ်ရယူနိုင်ပါပြီ။


15 November 2013

Jelly Bean တွေမှာ မြန်ာမစာနောက်မှာ မကျန်အောင်၊မှန်အောင်လုပ်ပေးမယ့် Fefpz (2.0)apk


အရင်က Jelly Bean တွေမှာ မြန်မာစာ မှန်အောင်လုပ်ပေးမယ့် apk လေး တင်ပေးခဲ့ပါတယ်။
မြန်မာစာတော့ မှန်ခဲ့ပါတယ်။ဒါပေမယ့် နောက်မှာ စာတွေပြတ်ကျန်ခဲ့ပါတယ်။အခု Version မှာတော့ 
နောက်က စာတွေမကျန်အောင် လုပ်ပေးပါတယ်။
အရင်က မှန်နေတဲ့၊စာတွေ မကျန်ခဲ့တဲ့ဖုန်းတွေ လုပ်စရာမလိုပါဘူး။ စာတွေ ပြတ်ကျန်ခဲ့တဲ့ ဖုန်းတွေကို ဒီတော့ဝဲ လေး update သွင်းပြီး အပေါ်ဆုံးက Patch(V2)and Reboot ကို နှိပ်လိုက်ပါ။ ပြန်တက်လာရင် 
စာတွေ ပြတ်မကျန်ခဲ့တော့ပါဘူး။အားလုံးအဆင်ပြေပါစေဗျာ။





 

Kit Kat Launcher for android

 
Kit Kat ဖုန်းလေးကို အမှန်တကယ် မကိုင်နိုင်သေးပေမယ့်
Kit Kat Theme တွေကို ခံစားချင်တယ်ဆိုရင် ဒီ Kit Kat Launcher လေးကို 
သုံးလိုက်ပါနော်။Go,Apex,Next launcher,ADW/EX,Nova,TSF Shell, Action ,
Smart launcher တွေနှင့်တွဲပြီး အလုပ်လုပ်ပါတယ်။အရမ်းလန်းတယ်နော်။


ဖိုင်ဆိုဒ်ကြီးလို့် တစ်ခုပဲ တင်လိုက်တယ်နော်။လိုင်းသိပ်မကောင်းလို့ပါ။DDD

14 November 2013

IDM Plus(Internet Download Manager) For Android

IDMကိုကွန်ပျူတာသုံးသူတိုင်းသိကြမှာပါ။ ဖိုင်အမျိုးစားတော်တော်များများကို ဒေါင်းလို့ရတယ်။
ဒေါင်းလုတ် Speed အရမ်းကောင်းတယ်။ အခုလည်းအဲလို ကွန်ပျူတာက IDM လိုမျိုးခံစားမှုနှင့် ဒေါင်းနိုင်မှာပါ။ ဒေါင်းလုတ် Speed မြန်မယ်။ ဖိုင်တော်တော်များများဒေါင်းနိုင်မယ်။
ဖေ့ဘုတ်က ဗွီဒီယိုတွေလည်း ဒေါင်းနိုင်တယ်။အရင်က ကျနော် Download Blazer ကိုသုံးခဲ့တယ။်အခုတော့ သူ့ထက် ဒေါင်းစပိကောင်းတဲ့ IDM Plus လေးကို ပြောင်းသုံးနေတယ်။

သုံးကြည့်လိုက်ပါဦးဗျာ။



ကွန်ပျူတာမလိုပဲ ဖုန်းထဲက နေ Root ကြမယ်100%Worked


ဖုန်းတွေကို Root တဲ့နေရာမှာ ကွန်ပျူတာကနေပဲ လုပ်နေရတာ အားလုံးအသိပါ။ 
ကွန်ပျူတာကို လူတိုင်းမကိုင်နိုင်၊မသုံးတတ်ကြပါဘူး။ Root Tool တွေရှိပေမယ့်
ကွန်ပျူတာမရှိလို့၊မသုံးတတ်လို့ ကိုယ့်ဟာကို Root မလုပ်ရတဲ့သူတွေ အများကြီးပါ။အဲဒီအခါ
ဖုန်းထဲကနေ လုပ်လို့ရရင်ကောင်းမှာပဲဆိုတဲ့ အတွေးတွေ ၀င်မိကြမှာပါ။ ဖုန်းဆော့ဝဲတွေရှာမိကြမှာပါ။
ကျနော်လည်းရှာဖူးပါတယ်။တွေ့ပါတယ်။ဒါပေမယ့် အမှန်တကယ် အလုပ်မလုပ်ပါဘူး။ဟိုဟာလိုရတာနှင့် ဒီဟာလိုရတာနှင့်ပါ။ကွန်ပျူတာသုံးတတ်ပြန်တော့လည်း Driver လိုရတာနှင့် ရှုပ်နေတာပါပဲ။အခုတော့ 
ဖုန်းထဲကနေ အမှန်ကန် Root လို့ရတဲ့ apk လေးထွက်ပေါ်လာပါပြီ။ကျနော် G510 ကို စမ်းကြည့်တာ unlockcode မတောင်းပဲ Root နိုင်ခဲ့ပါတယ်။ Super User လေးက အစိမ်းရောင်အရိုးခေါင်းလေးနှင့်ပါ။
ဆော့ဝဲကိုဖွင့်ပြီး Start Root ကိုနှိပ်လိုက်တာ စတင်အလုပ်လုပ်ပါတော့တယ်။ 79%လောက်မှာ Ok နှင့် Cancel နှစ်ခုမေးတယ်။တရုတ်စာတွေနှင့်မေးတော့ ဘာမှန်းမသိဘုး။အရဲစွန့်ပြီး OK ကို နှိပ်လိုက်တာ ဆက်အလုပ်လုပ်သွားပါတယ်။ နောက်ထပ် Boxတစ်ခုကျလာပါတယ်။ Ok နေရာမှာ အနီရောင် Box လေးနှင့်ပါ။ Cancel ရောပေါ့။အနီရောင်ဘက်က တရုတ်လိုဆိုတော့ဘာမှန်းတော့မသိပေမယ့် အဲဒါကိုနှိပ်လိုက်တယ်။ ကံကောင်းစွာ Root လုပ်ငန်းပြီးဆုံးသွားတယ်ဗျာ။
ကြိုက်ရင်တော့ယူသွားလိုက်ပါ။

အော်ဆော့ဝဲလေးနာမည်က Pro Myanmar Root တဲ့ ။Developer ကတော့ KoKyawKoKo ပဲဖြစ်ပါတယ်။
တရုတ် root apk လေးကို English လို နားလည်အောင်ပြန်ရေးပေးထားပါတယ်တဲ့။ English version အဖြစ်ပြောင်းပေးထားတဲ့ ဆော့ဝဲလေးနာမည်ကိုတော့ Pro Myanmar Root လို့နာမည်ပေးထားတယ်လို့ဆိုပါတယ်။ တရုပ် root တွေမှာ root လိုက်ရင် ကျွန်တော်တို့ အလွယ်ခေါ်တဲ့  တရုပ်စာတွေပါတဲ့ တရုပ် superuser တက်လာပါတယ် ။ဒီကောင်လေးက လုံးဝ English လို တက်ပါတယ်။ ဖုန်းအားလုံးတိုင်းကို root လို့ ရပါတယ် ။ ပြုလုပ်ထားသူကတော့ ကိုကျော်ကိုကို (IPA Cracker) ပါ။ Pro Myanmar Root for Android ကိုအောက်က link မှာရယူနိုင်ပါတယ်။


12 November 2013

စုဗူး ဟင်းချက်နည်းများ စုစည်းမှု apk for android


ဒီတစ်ခါတော့ Facebook ကနေ ကို Be Mind တောင်းဆိုထားလို့ ဒါလေးကို လုပ်ဖြစ်သွားတာပါ။
ဟင်းချက်နည်းတွေကို သီးသန့်တင်ပေးတဲ့ ဆိုဒ်တွေကို စုစည်းပေးထားတာပါ။ဒီထဲမှာ Facebook page နှစ်ခုနှင့် Blog နှစ်ခု ထည့်ပေးထားပါတယ်။Facebook တွေက update တွေ တင်ပေးပါတယ်။
Blog တွေက update တွေ မတင်ပေးပါဘူး။ဒါပေမယ့် အရင်က သူတို့တင်ထားတဲ့ ဟာတွေလည်း ကောင်းလို့ လေ့လာလို့ရအောင်ထည့်ပေးထားတာပါ။ကျန်တဲ့ FB page တွေ ဆိုဒ်တွေ ထည့်ချင်သေးရင် မန့် ထားခဲ့ကြပါ။ version 2 မှာ ပါဝင်နိုင်အောင်လုပ်ပေးပါ့မယ်။