Showing posts with label Dictionary. Show all posts
Showing posts with label Dictionary. Show all posts

13 April 2013

Android သုံး ချင်း-အင်္ဂလိပ် အဘိဓါန်


မြန်မာ့တိုင်းရင်းသားတွေထဲက ချင်းတိုင်းရင်းသားတွေအသုံးတည့်မည့် App လေးပါ.
 ချင်းဘာသာကနေ အင်္ဂလိပ်ဘာသာနဲ့ အဓိပ္ပါယ်တွေ သိရှိနိုင်မယ့် Android သုံး
အဘိဓါန်လေးဖြစ်ပါတယ်..

မောင်(စွယ်စုံကျမ်း) ဆီမှာတွေ့လို့ ခွင့်မတောင်းဘဲ ယူလာတာ..

04 March 2013

ကွန်ပြူတာဆိုင်ရာဝေါဟာရတွေကို အလွယ်တကူသိနိုင်မယ့် Dictionary ဆော့ဝဲ

ကျွန်တော်တို့ဟာ ကွန်ပျူတာကို နေ့စဉ်အသုံးပြုနေရင်း ကွန်ပျူတာသုံး စကားလုံးတွေရဲ့ အဓိပ္ပါယ်တွေထဲက တစ်ချို့သော စကားလုံးတွေရဲ့အဓိပ္ပါယ်ကို မဖြစ်မနေသိဖို့ လိုအပ်လာတာမျိုးတွေ ကြုံရတတ်ပါတယ် ..  သာမာန် အဘိဓာန်တွေထဲမှာ လှန်လှောရှာဖွေကြည့်ပေမယ့် Field မတူတဲ့အတွက်
ရှာတွေ့ဖို့မလွယ်ပါဘူး ..
အဲဒီတော့ ရမ်းသမ်းပြီး နှိပ်ချင်တာနှိပ်ထည့်တာ ပေါ်ချင်တာတွေ ပေါ်သွားပါလေရော .. :D
ဒီနေ့မျှဝေပေးမယ် ပရိုဂရမ်လေးကတော့ အဲဒီလို အခက်အခဲမျိုးနဲ့ ကြုံလာတဲ့အခါမှာ အလွယ်တကူ ဖြေရှင်းနိုင်မယ့် ပရိုဂရမ်လေးတစ်ခုပါ ..

ကွန်ပျူတာဆိုင်ရာ စကားလုံးတွေအတွက် သီးသန့်ရေးသားထားတဲ့ ကွန်ပျူတာအဘိဓာန်ပေါ့ ..
ဒီဆော့ဝဲလေးက Install လုပ်စရာလည်းမလိုသလို အသုံးပြုရတာလည်း သိပ်ကို လွယ်ကူရိုးရှင်းပါတယ် ..
ဆော့ဝဲလေးကို Double Click နှိပ်ပြီး Run ..
အဘီဓာန်ဝင်းဒိုးလေး ပွင့်လာပြီဆိုရင် ကိုယ်သိချင်တဲ့စာလုံးကို ရိုက်ထည့် .. အဲဒီလို စာလုံးတွေကို ရိုက်ထည့်နေတုန်းမှာပဲ အောက်မှာ သက်ဆိုင်ရာစာလုံးတွေတက်လာမယ် ..
အဲဒီတက်လာတဲ့စာလုံးတွေထဲက ကိုယ့်စာလုံးကို ကလစ်လိုက်တာနဲ့ ညာဖက်က အကွက်ထဲမှာ အဲဒီစာလုံးရဲ့ အဓိပ္ပါယ်ကို ဖော်ပြပေးလာမှာ ဖြစ်ပါတယ် ..
အဲ .. အသံထွက်ပါသိချင်သေးတယ်ဆိုရင်လည်း အသံထွက်ပြောပြမယ့် Tool လေးပါ ထည့်သွင်းထားပါတယ် ...

ကဲ .. လိုချင်တဲ့သူငယ်ချင်းများ ဒီမှာ ဒေါင်းယူလိုက်ပါဗျာ
 
credit to  ဘလော့ခရီးသည်