Showing posts with label G510 MMFont. Show all posts
Showing posts with label G510 MMFont. Show all posts

26 October 2013

မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိ

 
မည်သည့် Android ဖုန်းတွင်မဆိုထည့်သွင်းနိုင်မည့် Smart Zawgyi 3 ထွက်ရှိလာပါတယ်။ Android version 1.6 မှ Android 4.4 ဖုန်းများအားလုံးကို ဒီ Tool နဲ့မြန်မာစာသွင်းနိုင်မှာပါ။ ကွန်ပျူတာ Tool တစ်ခုဖြစ်ပါတယ်။ နောက်ပိုင်းထွက် Sony တွေမှာ ဥပမာ Xperia C, Xperia L Build Number အမြင့်တွေဆို Font သွင်းတဲ့ပုံစံပြောင်းသွားပါတယ်… အရင်ပုံစံတွေနဲ့အဆင်မပြေတော့ပါဘူး… နောက် Huawei G610-U00,Y320-U00 ဆို ၀လုံးတွေထပ်နေတယ်… Y511-U00 ဆိုမြန်မာစာကိုမပေါ်ဘူး… အဲ့ကောင်တွေမှာမြန်မာစာအဆင်ပြေအောင်… နောက် Smart Zawgyi သွင်းပြီးအဆင်မပြေလို့ပြန်ဖြုတ်ချင်ရင်လဲပြန်ဖြုတ်လို့ရအောင်ဒီ Version မှာပြင်ပေးထားပါတယ်… နောက် Bootloop မပတ်အောင်လဲ ကွန်ပျူတာပေါ်ကနေ မ Run ခိုင်းပဲ ဖုန်းပေါ်ကနေ Run ခိုင်းထားတယ်… Font ပုံစံကိုလဲမသေးအောင် ကြည့်ရှု့လို့ကောင်းအောင်ပြင်ပေးထားပါတယ်။ Smart Zawgyi 3 Tool ကိုရေးသားသူကတော့ Developer ကိုကျော်စွာသွင်ဖြစ်ပါတယ်။
Smart Zawgyi 3 ကိုအောက်က link များမှာရယူနိုင်ပါတယ်။
 
 

10 September 2013

HuaweiG510 နှင့် C8813 တို့ကို Root မလုပ်ဘဲ မြန်မာစာထည့်ကြမယ်

ဒါလေးကတော့ သိပြီးသားသူတွေလည်းရှိမှာပါ။ မသိသေးသူတွေကလည်း 
ခဏခဏမေးနေတော့ ကျနော့်ဆိုဒ်မှာ ပြန်တင်ပေးလိုက်တာပါ။သူများဆိုဒ်မှာတော့
 ပြန့်နေတာကြာပါပြီ။ဒါ့ကြောင့်မသိသေးသူတွေ အတွက်ပါ။ဘယ်သူ့ကို Credit ပေးရမှန်းမသိတော့ပါဘူး။
ဒါ့ကြောင့် ဒါလေးလုပ်ပေးတဲ့ Developer ကို တော့ ကျေးဇူးတင်စွာဖြင့် Credit ပေးပါတယ်။
ပထမဆုံးလိုအပ်တာလေးကို အရင်ဒေါင်းလိုက်ပါ။


ဒေါင်းလို့ရလာတာလေးကို ဒီအတိုင်းပဲ SD Card သို့မဟုတ် Internal ထဲက
 HWThemes folde>>Diythemes ထဲမှာ ထည့်လိုက်ပါ။
ပြီးရင်ပြန်ထွက်ပြီး Themes ဆိုတဲ့ ထဲဝင်လိုက်ပါ။
အဲဒီမှာ Elegance ဆိုတဲ့ Themes ကို Apply ပေးလိုက်ပါ။
With Themes Font လား Without Themes Font လားမေးရင်
With Themes Font ကို ရွေးပေးလိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် မြန်မာစာFont တွေကိုသုံးလို့
ရပါပြီ။ Themes ပြန်ပြောင်းချင်ရင် ဒီတစ်ခါ Without Themes Font ကိုရွေးပေးပါ။
မြန်မာစာပြန်ပျောက်မသွားပါဘူး။ တခြား launcher တွေလည်းပြောင်းသုံးလို့ရပါတယ်။
မြန်မာစာ မပျောက်သွားပါဘူး။အဆင်ပြေပါစေဗျာ။      

အဆင်မပြေရင် မှတ်ချက်ပေးခဲ့ကြပါ။အဆင်ပြေရင်တော့ ကြော်ငြာလေးတွေကိုနှိပ်ခဲ့ပေးပါနော်။