Showing posts with label Internet Speed Up. Show all posts
Showing posts with label Internet Speed Up. Show all posts

26 April 2013

Android ရဲ့ ဖုန်းလိုင်းဆွဲအား၊ Internet ဆွဲအား၊ ဘက်ထရီကြာရှည်ခံမှု စတဲ့ ဖုန်းနဲ့ပတ်သက်တာတွေကို မြှင့်တင်ပေးမယ့် All in One Booster Pro for Android




ဒီ App ကတော့ Android Devices တွေမှာ ဖုန်းလိုင်းဆွဲအားကို မြှင့်တင်နိုင်ပါတယ်.. Internet လိုင်းအားကို မြှင့်တင်ပေးတယ်.. Wi-Fi ကို ပိုမိစေတယ်.. ဘက်ထရီသက်တမ်းကို ပိုကြာကြာခံအောင်လုပ်ပေးတယ်... Android OS ကို ပိုသွက်အောင်လုပ်ပေးမယ်.
ဒါကြောင့် All In One Booster လို့တောင် နာမည်ပေးထားတာထင်တယ်..  Android 2.1 နှင့်အထက် တွေမှာသုံးစွဲနိုင်ပါတယ်...
 

“All In One Booster Pro” is amazing app that can be proved very helpful in this situation, the app bumps up to 60% speed of your Android device. All In One Booster PRO scans arguably the four most important areas of your mobile device – battery, Wi-Fi, internet and cellular connection – and assesses whether they are performing at their optimum level.it does offer a faster speed in some important aspects such as battery, internet, signal, Wi-Fi, etc. The app makes some noticeable improvements.

အဆင်ပြေပါစေ...


မောင်ပေါက်

Download Links:

22 April 2013

အန်းဒရိုက်ပေါ်မှာ အင်တာနက် Speed မြှင့်မယ်


 
အင်တာနက် Speed မြှင့်တာလေး ကွန်ပျူတာအတွက်တင်ပေးလိုက်ရော
ဖုန်းအတွက်လုပ်ပါအုံးတဲ့အော်ကြတယ် 
ကဲအော်တဲ့လူတွေရော မအော်တဲ့လူတွေရော သုံးကြဗျာ
တင်ပေးလိုက်ပါပီနော် နာမည်လေးလည်း မှတ်ထားအုံး

Super Internet Booster ++ APK 6.0


Download

credit to aungkyaw

08 March 2013

မြန်မာမှာမမြင်ဘူးသော Phone ရဲ့ internet Speed ကို မြင့်မယ်


                         
ပထမဦးစွာ မိမိဖုန်းကို “WCDMA only” mode ကိုပြောင်းပါ
Settings -> Wireless and networks -> Mobile Networks -> Network Preferences -> WCDMA only
ဒါမှမဟုတ်
*#*#4636#*#* dialer မှာနှိပ်ပါ prefferd network ကို WCDMA only mode ပြောင်းပါ
၁)3g/4g speed optimizer ကိုဒေါင်းပါ
၂)Script manager ကိုဒေါင်းပါ
၃)3G turboCharger script
မိမိ speed ကိုစမ်းချင်ရင် google play ကနေ Speedtest app ကိုဒေါင်းပြီးစမ်းနိုင်ပါတယ်
ဦးစွာ 3g/4g speed optimizer ကို ဖွင့်ပါ
-network speed ကို 12/28/7-max speed လို့ရွေးပါ
-down speed increase ကို check လုပ်ပေးလိုက်ပါ
-ပြီးရင် apply tweak ကို နှိပ်ပါ
စက်ကို restart ပြန်လုပ်ပြီး Script Manager ကိုဖွင့်ပါ
-ဒေါင်းလုပ်လုပ်ထားတဲ့ 3G turboCharger ဖိုင်ကို ရှာပါ
-superuser icon ကို check လုပ်ပါ
-script အလုပ်စဖို့ run ကိုနှိပ်ပါ၊ တစ်ခုခုရွေးခိုင်းတဲ့အထိစောင့်
ပါ
-fast, faster, fastest ဆိုပြီးရွေးခိုင်းပါလိမ့်မယ် fastest ကိုရွေးပါ
-reboot နောက်တစ်ခါလုပ်လိုက်ပါကဲ reboot လုပ်လို့ပြီးသွားရင်တော့ 3G speed ကတိုးလာပါပြီသတိ။ user အားလုံးအတွက်အလုပ်ဖြစ်ချင်မှဖြစ်မယ်၊ မရရင်သင်ဟာ သင့် network operator ကနေ max speed ရနေပြီးဖြစ်လိမ့်မယ်
မှတ်ချက်- မိမိဖုန်းကို root လုပ်ထားဖို့ တော့လိုပါမယ်

(ဘေးထွက်ဆိုးကျိုး=> ဒီ နည်းလမ်းနဲ့အဆင်ပြေသွားသော ဖုန်းများသည် မြန်နှုန်းအလွန်မြင့်လာမည်ဖြစ်ပါသည်..သို့သော် ဒီ Software ကို
အချိန်ကြာမြင့်စွာ ဥပမာ - ၂ နာရီနှင့်အထက် မသုံးသင့်ပါ.. Network IC လောင်သွားနိုင်ပါသည်...အရေးပေါ်ဖိုင်အကြီးစားများကို Download
ရယူလိုသည့်အချိန်များတွင်သာ သုံးသင့်ပါသည်..ဒီ Software သုံးနေသော ဖုန်းသည် အနည်းငယ် စက် ဟန်း ( Hang ) ဖြစ်နိုင်ပါသည် MMITHelper )
Download=>Solidfiles / Mediafire
       www.myanmarplay.com မှကူးယူဖော်ပြသည်။

03 March 2013

ဟူးဟူးထ အောင်မြန်မယ့် Mozilla Firefox



ဒီနည်းကို ကျွန်တော်ကိုယ်တိုင်တွေးတောကြံဆ ထားတာ မဟုတ်ပါဘူး ..  Online ပေါ်မှာလိုက်မွှေရင်း ရှာတွေ့ခဲ့တာပါ .. ဒီနည်းကို တွေ့တဲ့အချိန်တုန်းက ကျွန်တော်ကိုယ်တိုင်နားလည်နိုင်ရုံ အနှစ်ချုပ်ကိုပဲ မှတ်သားထားခဲ့မိတာကြောင့် မူရင်း ပို့စ်ပိုင်ရှင်ကို By Name နဲ့ Credit မပေးနိုင်တော့တာကို အားနာမိပါတယ် .. ဒါပေမယ့် ကျွန်တော်ကိုယ်တိုင် လက်တွေ့လုပ်ကြည့်တဲ့အခါ တစ်ကယ်ပဲ ထိရောက်မှုမြင့်မားတဲ့ နည်းပညာတစ်ရပ်ဖြစ်နေတာကြောင့် ပိုပြီးကျယ်ကျယ်ပြန့်ပြန့် သိနိုင်အောင်ရယ် .. ကျွန်တော်ကိုယ်တိုင် ပြန်ဖတ်ချင်တဲ့အချိန် အလွယ်တကူပြန်ရှာနိုင်အောင် ရည်ရွယ်ပြီး ဒီနည်းပညာလေးကို ကျွန်တော့ ဘလော့မှာ တင်လိုက်တာပါ .. 

ကဲ .. လေရှည်နေရင် ဖတ်ရတာ ပြင်းသွားလိမ့်မယ် စလိုက်ကြစို .. Mozilla Firefox ကို ပြင်ဆင်မှုတွေလုပ်ပေးရပါမယ် .. ဒါပေမယ့် .. ဒီနည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေက ပညာရှင်အဆင့် ပြင်ဆင်မှုတွေဖြစ်တဲ့အတွက် အဆင့်အားလုံးကို သေသေချာချာ ဂရုတစိုက်လုပ်ဖို့တော့ အရေးကြီးပါတယ် .. မှားသွားခဲ့ရင်တော့ Mozilla ကို Uninstall လုပ်ပစ်ဖို့ပဲ ရှိတော့တာပေါ့ ..

ပြင်ဆင်မှုအားလုံးကို စနစ်တကျ အောင်မြင်သွားပြီဆိုရင်တော့ သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဟူးဟူးထ အောင် မြန်ဆန်သွက်လက်နေတာကို တွေ့ကြရမှာဖြစ်ပါတယ် .. 

ဒီနည်းစနစ်က Mozilla Firefox တစ်မျိုးတည်းအတွက်ပဲဆိုတာကိုတော့ အသိပေးပါရစေ

ကဲ .. Mozilla Firefox ကိုဖွင့်လိုက်ပါ (အင်တာနက်လိုင်း မရှိလည်း ပြင်ဆင်လို့ရပါတယ်) ပြီးတော့ အပေါ်က Address Bar  မှာ about:config လို့ရိုက်ထည့်ပြီး ENTER နှိပ်ပါ။ (မှားမှာစိုရင် Copy ကူးသွားပြီး Paste လုပ်လိုက်ပါ ) Enter နှိပ်လိုက်တဲ့အခါ .. ပညာရှင်အဆင့် ချိန်ညှိမှုတွေ လုပ်မယ့် Page ကိုသွားမှာဖြစ်တာကြောင့် .. အောက်မှာပြထားတဲ့ပုံအတိုင်း သတိပေးတဲ့စာတမ်း တစ်ခုပေါ်လာပါလိမ့်မယ်။ 

I'll be careful. I promise! ဆိုတဲ့ Buttom လေးကို နှိပ်ပေးလိုက်ပါ အဲဒီအခါ စာတမ်းတွေအများကြီးပါတဲ့ Page တစ်ခု ပွင့်ကျလာပါမယ် .. အဲဒီစာတမ်းတွေအများကြီးထဲကမှ ဘယ်ဖက်အခြမ်းထဲက စာတွေထဲမှာ
 network.http.pipelining ဆိုတဲ့စာလုံးတွေရှိတဲ့နေရာကို တဖြည်းဖြည်းဆင်းသွားပါ။ အောက်မှာ နမူနာပုံပြထားပါတယ် ..


 တွ့ပြီဆိုရင်သူ့ရဲ့ Value Field မှာ False ဖြစ်နေတာကို တွေ့ရပါလိမ့်မယ် .. အဲဒီနေရာလေးကို Double Click နှိပ်ပေးလိုက်ပါ .. အဲဒီအခါ True ဆိုပြီး အလိုလိုပြောင်းသွားပါလိမ့်မယ် .. ( True ဖြစ်နေပြီးသားဆိုရင်တော့ ဒီအဆင့်ကို ကျော်လိုက်ပါ)

နောက်ထပ် network.http.pipelining.maxrequests ကိုရှာပါ။ သူ့ကို Double Click နှိပ်လိုက်ရင် Box တစ်ခုတက်လာပါမယ် .. အဲဒီထဲက တန်ဘိုးကို 8 လို့ပြောင်းပြီး OK နှိပ်လိုက်ပါ ..


network.http.proxy.pipelining ကိုထပ်ရှာပါ ..။ သူ့ကို Double Click နှိပ်လိုက်ရင် သူ့တန်ဘိုးက အလိုလို True ဆိုပြီးပြောင်းသွားပါလိမ့်မယ် ..


network.dns.disableIPv6 ကိုရှာပြီး Double Click နှိပ်ပြီး True ပြောင်းပေးပါ ..


ပြီးရင် အဲဒီ Page  ရဲ့ ညာဘက်က လွတ်နေတဲ့  နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ Menu ထဲက New ကိုရွေးပြီး Boolen ကိုတဆင့် ရွေးပေးပါ။ လွတ်တဲ့နေရာမှာ Right Click နှိပ်ခိုင်းပေမယ့် တစ်ခုခုမှာ ကလစ်မိပြီး အပြာရောင်လေးနဲ့ Select လုပ်သလိုဖြစ်သွားတာက ဘာမှ အရေးမကြီးပါဘူး .. အောက်မှာ ပုံနဲ့ ပြထားပါတယ် .. 

 ပေါ်လာတဲ့ New boolean box ထဲမှာ content.interrupt.parsing လို့ရိုက်ထည့်ပါ။ 


OK ကိုနှိပ်ပေးလိုက်ရင် နောက်ထပ် True နဲ့ False ပါတဲ့ Box တစ်ခုပြောင်းသွားပါမယ် .. အဲဒီထဲက True ကိုရွေးပြီး OK ကိုနှိပ်လိုက်ပါ


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး ပေါ်လာတဲ့ထဲက New ကိုရွေး အဲဒီထဲကမှ Integer ကိုရွေးပါ။ ပေါ်လာတဲ့ New Integer menu ထဲမှာ content.max.tokenizing.time လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက ကိန်းဂဏန်းတွေကို 2250000 လို့ပြောင်းပေးပြီး OK နှိပ်လိုက်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုထပ်ရွေးပါ .. ပေါ်လာတဲ့ New Integer menu ထဲမှာ content.notify.interval လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးနေရာမှာ 750000 လို့ပြောင်းပေးပြီး OK နှိပ်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး  New ထဲက Boolen ကိုရွေးပါ။ ပေါ်လာတဲ့ New boolean value pop-up window မှာ content.notify.ontimer လို့ရိုက်ထည့်ပါ။ OK ကိုနှိပ်ပေးပြီး ပွင့်လာတဲ့ထဲမှာ True ကိုရွေးပေးပြီး OK နှိပ်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New  ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ content.notify.backoffcount လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးကို 5 လို့ထားပေးပါ။ OK နှိပ်ပါ


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menuအတွင်းမှာ content.switch.threshold လို့ရိုက်ထည့်ပါ။OK ပေးပြီး ပွင့်လာတဲ့ထဲကတန်ဘိုးကို 750000 လို့ထားပေးလိုက်ပါ။ OK နှိပ်ပါ ..


နောက်တစ်ခေါက် လွတ်တဲ့နေရာမှာ Right Click နှိပ်ပြီး New ထဲက Integer ကိုရွေးပါဦး။ ပေါ်လာတဲ့ New Integer Pop up menu အတွင်းမှာ nglayout.initialpaint.delay လို့ရိုက်ထည့်ပါ။ OK ပေးပြီး ပွင့်လာတဲ့ထဲက တန်ဘိုးမှာ 0 ထားလိုက်ပါ။ OK နှိပ်လိုက်ပါ ..
 အားလုံးပြီးသွားရင်တော့ Mozilla Firefox ကိုပိတ်လိုက်ပြီး ပြန်ဖွင့်သုံးကြည့်လိုက်ပါ .. 
သူငယ်ချင်းတို့ရဲ့ Mozilla Firefox ဟာ ဟူးဟူးထ အောင် မြန်ဆန်သွက်လက်နေတာကို သူငယ်ချင်းတို့ကိုယ်တိုင် တအံ့တသြ တွေ့ကြရပါလိမ့်မယ် ... အဆင်ပြေနိုင်ကြပါစေဗျာ

credit to ဘလော့ခရီးသည်