Showing posts with label Android Font Installer. Show all posts
Showing posts with label Android Font Installer. Show all posts

30 January 2014

Android မှာ Zawgyi ကော Unicode ကော အမှန်မြင်ရဖို့အတွက် fezu (Font Engine for Zawgyi and Unicode) v1.0 (BETA)

Android မှာ Zawgyi ကော Unicode ကော အမှန်မြင်ရဖို့အတွက် fezu (Font Engine for Zawgyi and Unicode) v1.0 (BETA) လေးနဲ့ ခြေလှမ်းစလိုက်ပါတယ်။ fepfz ကိုတော့ လောလောဆယ် v2.1 နဲ့ပဲ အဆုံးသတ်လိုက်ပါပြီ။

fepfz က ရှိပြီးသား file ကို patch လုပ်ပေးတာပါ။ အခု fezu ကတော့ file တစ်ခုလုံးကို အစားထိုးလိုက်မှာပါ။ brick ဖြစ်သွားနိုင်ချေ အရမ်းများပါတယ်။ ဒါကြောင့် ဒီစာကို ဆုံးအောင်ဖတ်ပြီး၊ backup လုပ်ပြီး သေချာပြီဆိုမှ စမ်းသပ်ပါ။

(၁) contact တွေနဲ့ အပျက်မခံနိုင်တဲ့ data တွေကို backup လုပ်ပါ။ (ဖုန်းကို တစ်ခုခုကလိတော့မယ်ဆိုတိုင်း ဒါတွေလုပ်ဖို့ မမေ့ပါနဲ့။)

(၂) /system/lib/libharfbuzz.so ကို ဘေးကင်းတဲ့တစ်နေရာရာမှာ copy ကူးထားပါ။

(၃) custom recovery တစ်ခုခု လိုပါတယ်။ update.zip နဲ့ ပြန်သွင်းမှာမို့လို့ပါ။ ကိုယ့်စက်နဲ့ ကိုက်ညီတဲ့ တစ်ခုခုကို သွင်းထားပါ။ bootloader unlock လုပ်ဖို့လည်း လိုကောင်းလိုပါလိမ့်မယ်။

(၄) ဒီ zip file (DOWNLOAD 1OR DOWNLOAD 2) လေးကို သုံးပြီး update.zip လေး ဖန်တီးပါ။ zip file ကို ဖွင့်ပြီး system/lib အောက်မှာ ခုနက ကူးထားတဲ့ libharfbuzz.so ဖိုင်ရယ်၊ စမ်းသပ်ဖို့ တခြား file သေးသေးတစ်ခုရယ် ထည့်ပါ။ ဒါဆိုရင် အဲဒီ zip file လေးသုံးပြီး recover ပြန်လုပ်လို့ ရပါပြီ။

(၅) zip file လေး တကယ်အလုပ်လုပ်ရဲ့လားဆိုတာ စမ်းကြည့်ပါဦး။ recovery ထဲကို ဝင်ပါ။ system ကို mount လုပ်ပါ။ zip လေးကို flash ကြည့်ပါ။ reboot ပြန်တက်လို့ ခုနက စမ်းသပ်ဖို့ထည့်ထားတဲ့ file လေးကို /system/lib အောက်မှာ တွေ့တယ်ဆိုရင် အိုကေပါပြီ။ တကယ်လို့ brick ဖြစ်သွားပြီဆိုရင် အဲဒီ zip file လေးကို ပြန် flash ပေးလိုက်ပါ။

အပေါ်မှာရေးထားတာတွေကို နားလည်ပြီ၊ backup လုပ်ပြီးပြီဆိုရင် စမ်းသပ်လို့ရပါပြီ။

Download APK here >> Download 1  or Download 2 ဟာ စက်ထဲမှာရှိပြီးသား Zawgyi Font ပေါ်မှာပဲ အခြေခံပြီး Unicode ကို မြင်ရဖို့ ကြိုးစားထားခြင်းပါ။ font အသစ် ထပ်မသွင်းပါ။ အခုမှ စမ်းသပ်ဆဲဖြစ်တဲ့အတွက် အမှားအယွင်းတွေ အများကြီးတွေ့ရပါလိမ့်မယ်။ သည်းမခံနိုင်တော့ဘူးဆိုရင် zip file လေးကို ပြန် flash လိုက်ပါ။

လိုအပ်ချက်တွေအများကြီးနဲ့ BETA Version တစ်ခုကို ချပြရတာက ...
(၁) ဘယ် device တွေမှာ brick ဖြစ်လဲဆိုတာ သိချင်လို့ပါ။
(၂) long term stability ကို သိချင်လို့ပါ။
(၃) perfect ဖြစ်မှ ချပြရမယ်ဆိုရင် ဘယ်တော့မှ ချပြရမှာမဟုတ်တော့လို့ပါ။ အခု version ကိုလည်း တော်တော်နဲ့ update လုပ်နိုင်ဦးမှာမဟုတ်သေးပါ။ Unicode ကိုယ်တိုင်က တော်တော်ရှုပ်ပါတယ်။ အဲဒါကို နည်းမှန်လမ်းမှန်မဟုတ်ဘဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ရအောင်လုပ်ထားတာမို့လို့ပါ။

brick ဖြစ်တဲ့ device တွေ၊ android version တွေနဲ့ အဆင်ပြေတဲ့ device တွေကို comment ပေးသွားကြပါခင်ဗျ။ နောက်လူတွေလည်း သိရအောင်လို့ပါ။ beta tester အားလုံးကို ကျေးဇူးတင်ပါတယ်။

icon အတွက် ယူသုံးထားတဲ့ပုံနဲ့ update.zip အတွက်တို့ကိုလည်း သက်ဆိုင်သူများကို ဒီနေရာကနေပဲ credit ပေးလိုက်ပါတယ်။

PS: စာလုံးတွေအဆင်မပြေတာတွေကိုတော့ comment မပေးကြဖို့ မေတ္တာရပ်ခံပါတယ်ခင်ဗျ။ မဟုတ်ရင် noti တက်လို့ပြီးမှာမဟုတ်တော့လို့ပါ။

CREDIT TO FEPFZ

C8813 နှင့်‌ G510 တို့ အဆင်‌‌ပြေ‌ကြောင်း ၄င်းစာမျက်‌နှာ မှတ်‌ချက်‌တွင်‌‌တွေ့ရသည်‌။

‌
Blog www.itsuboo.blogspot.com
Fb page: https://www.facebook.com/pages/It-Suboo/438140609594426

Download အဆင်မပြေရင် ပြောပါ.. အဆင်ပြေအောင် အတတ်နိုင်ဆုံး ကြိုးစားပေးပါမယ်... အဆင်ပြေရင် ကြော်ငြာလေး တစ်ချက်လောက်တော့ Click ပြီး ဝင်ကြည့်စေချင်ပါတယ်.

15 January 2014

MMSD Sony Installer v1.0(Beta)

အသုံးပြုနည်းလမ်းညွန်

Sony 4.0 နဲ့အထက်မှာ ဒီ App ကိုအသုံးပြုနိုင်ပါတယ်။
မည့်သည့်ဖောင်မှမပျက်ပဲ မြန်မာစာသွင်းနိုင်ပါတယ်။
မြန်မာစာလွဲနေတာလေးတွေ မှန်သွားမှာဖြစ်ပါတယ်။( Credit to: ကိုကျော်ဇောနိုင်)
ဒီ App မှာသွင်းနိုင်တဲ့ Font တွေကတော့
-- SmartZawgyiPro font ကို Install လုပ်ရန်
-- DanceZawgyi font ကို Install လုပ်ရန်
-- Flower Font ကို Install လုပ်ရန်
-- Sanpya Font ကို Install လုပ်ရန်
-- SONY font ကို Install လုပ်ရန်
(Android 4.3 များအတွက် ဒီတစ်ခုတည်းနဲ့ မြန်မာစာ မှန်ပါတယ်၊)
-- ZawgyiGhost Font ကို Install လုပ်ရန်
မှတ်ချက်။ Sony Font သွင်းရင် တရုတ်နဲ့ထိုင်းစာများပျက်နိုင်သည်။
ဒီနည်းလမ်းက
၁။ ( -ျ ) တွေလည်း အပေါ်တက်တာမျိုးမဖြစ်ပါ။
၂။ မည်သည့် system font မှလည်းမပျက်စေပါ။
Credit ။ ။ ဒီ App ကို Sony Mobile User Group မှ ကိုအောင်တင်ဝင်းရေးသော
Bat Program ကိုပြန်လည်ရေးသားထားခြင်းဖြစ်ပါတယ်။
ဖောင့် Creator အားလုံးကို Credit ပေးပါတယ်။

-Apk File Size 1.9MB ရှိပြီး
Android OS Version 4.0 နှင့်အထက်ရှိ
ထားသော Sony ဖုန်းများမှာထည့်သွင်းအသုံး
ပြုနိုင်ပါပြီ-

★ DOWNLOAD ဆွဲရန် လင့်ခ်★

http://www.mediafire.com/?oixsa45vs6om5wb

★Google Play Store လင့်ခ်★

https://play.google.com/store/apps/details?id=com.phyochan.mmsdsonyfont

အဆင်ပြေပါစေ။

Credit ကို‌ဇော်‌သွင်‌ နည်းပညာ

12 November 2013

Jelly Bean တွေမြန်မာစာ100%မှန်ပြီ(Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း)

Android ဖုန်းတစ်လုံးကို မြန်မာစာမှန်အောင်လုပ်ခြင်း

ကျွန်တော်က cdma 800 mHz ကဒ်နဲ့ C8813 ကိုင်ပါတယ်။ GSM ကော ထည့်လို့ရအောင် MIUI rom ပြောင်းထားပါတယ်။ အကုန်အဆင်ပြေပါတယ်။ မြန်မာစာ အဆင်မပြေတာတစ်ခုကလွဲလို့။

ကျွန်တော့်သူငယ်ချင်းတွေလည်း HTC One ကိုင်တဲ့တစ်ယောက်ကလွဲပြီး ကျန်တဲ့သူတွေအားလုံး မြန်မာစာ လွဲကြပါတယ်။ အင်တာနက်ပေါ်မှာရှာတော့လည်း အဖြေမတွေ့။ မှန်အောင်လုပ်နိုင်တယ်ဆိုတဲ့ model ကလည်း တစ်လုံးနှစ်လုံးရယ်။ လူအတော်များများလည်း ဒီပြဿနာတက်နေကြပါတယ်။ ကျွန်တော်လည်း အတတ်နိုင်ဆုံး ဖြေရှင်းကြည့်တယ်။ ဒီအတွက် အချိန်တွေအများကြီး ပေးခဲ့ရတယ်။

JB ရဲ့ ပြဿနာက unicode font ကို support လုပ်လိုက်ခြင်းပါ။ unicode အတိုင်းဆိုရင် 'အမေ' လို့ ပေါ်ဖို့အတွက် 'အမေ' လို့ ရိုက်ရပါမယ်။ ကျွန်တော်တို့က 'အမေ' လို့ ရိုက်လိုက်ရင် 'အေမ' လို့ သွားပေါ်ပါတယ်။ နောက်ထပ်ပြဿနာတက်တာက အသတ်တွေပါ။

ပြဿနာက font rendering engine ထဲမှာ ရှိနေပါတယ်။ တစ်ချို့ model တွေကို font ပြောင်းထည့်ပြီး ဖြေရှင်းကြပါတယ်။ တစ်ချို့လည်းအဆင်ပြေတယ်။ အဆင်မပြေတာက ပိုများပါတယ်။ ကျွန်တော်လည်း font rendering ကို ပြောင်းကြည့်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ ဘယ်လိုမှအဆင်မပြေပါဘူး။ မျက်စိညောင်းသွားတာသာ အဖတ်တင်ခဲ့တယ်။

ဒါနဲ့ နောက်တစ်နည်းဖြစ်တဲ့ font rendering engine ကို patch လုပ်ဖို့ ကြိုးစားပါတယ်။ ကျွန်တော်ရှာလို့ရသလောက် font rendering engine က /system/lib/libskia.so နဲ့ /system/lib/libharfbuzz.so ဆိုတဲ့ file နှစ်ခုထဲမှာရှိနေတယ်။ ပြဿနာကလည်း အဲဒီထဲမှာရှိနေပါတယ်။ ရှိနေတယ်ဆိုတာကိုသိပေမယ့် ဘယ်လိုဖြေရှင်းရမယ်မှန်း မသိဘူးဖြစ်နေတယ်။ libskia.so နဲ့ ရက်အတော်ကြာ တိုင်ပတ်နေသေးတယ်။

နောက်ဆုံး android source code ကို ဖတ်ကြည့်တော့မှ ပြဿနာက libharfbuzz.so မှာရှိနေမှန်း သိသွားပါတယ်။ အဲဒါကို ကျွန်တော် IDA Pro နဲ့ reverse engineering ပြန်လိုက်တယ်။ သဝေထိုးတွေ၊ ငသတ်တွေကို ရှေ့နောက်မစီနိုင်အောင် လုပ်ပစ်လိုက်တယ်။ အဲလိုနဲ့ ကျွန်တော့် C8813 မြန်မာစာ မှန်သွားပါတယ်။

လုပ်ပုံလုပ်နည်းက ဖုန်းထဲကနေ libharfbuzz.so ကိုထုတ်တယ်။ computer ထဲမှာ reverse engineering ပြန်လိုက်တယ်။ code တွေပြင်တယ်။ နောက်ပြီး ပြန်ထည့်တယ်။ ပြဿနာက ဖုန်းတစ်လုံးချင်းစီအတွက် သီးသန့်လုပ်ရပါတယ်။ libharfbuzz.so ကို တခြားဖုန်းထဲကယူထည့်ရင် boot loop ဖြစ်သွားပါတယ်။ ကျွန်တော့်သူငယ်ချင်းတစ်ချို့ကိုလည်း မှန်အောင်လုပ်ပေးလိုက်တယ်။ အဆင်ပြေပါတယ်။

နည်းပညာရသွားပြီဆိုတော့ ရောင်းစားမလားလို့ ကျွန်တော်စိတ်ကူးမိပါသေးတယ်။ ကျွန်တော့်ကို ပြဿနာဖြစ်နေတဲ့ file ကိုပေး၊ ကျွန်တော်က patch လုပ်ပေးမယ်ပေါ့။ အခုလက်ရှိနည်းပညာအရကလည်း အများစုတစ်ပြိုင်တည်းလုပ်ဖို့ မဖြစ်နိုင်သေးပါဘူး။ ဒါပေမယ့် ပြန်စဉ်းစားကြည့်တော့ ကျွန်တော်ရမယ့်အကျိုးအမြတ်က နည်းနည်းရယ်။ တကယ်လို့ ဖုန်းအားလုံး မြန်မာစာမှန်မယ်ဆိုရင် အတော်များများပျော်ကြရမှာ။ အဲလိုနဲ့ နောက်ဆုံး free ရအောင်လုပ်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အဓိကပြဿနာက အဲဒီမှာစပါတယ်။ model မတူတဲ့ဖုန်းတွေအများကြီးကို တစ်လုံးချင်းဆီ patch file ထုတ်ဖို့ဆိုတာမဖြစ်နိုင်ဘူး။ အဲဒီနားမှာတော့ ကျွန်တော့်ဦးနှောက် အရည်ပျော်ကျမတတ် စဉ်းစားရပါတယ်။ နောက်ဆုံး ကံကောင်းစွာနဲ့ ဖုန်းအားလုံးနီးပါးမှာ ပြင်ရမယ့် code segment လေးက သွားတူနေပါတယ်။ ကျွန်တော်က byte တွေ bit တွေနဲ့ ကစားရတာကို ဝါသနာပါတယ်။ အပြန်ပြန်အလှန်လှန်ကြိုးစားပြီးနောက်မှာ one click tool လေးတစ်ခုကို C++ နဲ့ ရေးနိုင်ခဲ့ပါတယ်။

အဲဒီ one click tool လေးကို ထုတ်ပေးတော့မလားလို့ စဉ်းစားလိုက်ပါသေးတယ်။ ဒါပေမယ့် သုံးသူအားလုံး တကယ့်ကို free ရစေချင်တယ်။ one click tool လေးက computer မရှိတဲ့သူအတွက်ဆို အဆင်မပြေပြန်ဘူး။ နောက်ပြီး ကျွန်တော်အလကားပေးထားတဲ့ tool လေးကို တစ်ချို့တွေက အခကြေးငွေယူပြီး လုပ်စားကြဦးမယ်။ အဲလိုနဲ့ နောက်ထပ်တစ်လှမ်း ဆက်လှမ်းရပါတယ်။

အဲဒါကတော့ လူတိုင်းလွယ်လွယ်ကူကူသုံးဖို့ apk ထုတ်ပေးဖို့ပါ။ android programming က ကျွန်တော်ကျွမ်းကျင်လှတဲ့ ဘာသာရပ်မဟုတ်ဘူး။ နောက်ပြီး UI တွေရေးတဲ့နေရာမှာ ကျွန်တော်တော်တော်ညံ့တယ်။ C++ ကနေ Java ပြောင်းဖို့ကို အချိန်တော်တော်ယူလိုက်ရပါတယ်။ နောက်ဆုံးမှာတော့ apk file လေး ထွက်လာခဲ့ပါတယ်။ အလှကြီးမဟုတ်ပေမယ့် ကြည့်ပျော်ရှုပျော်လို့ ပြောလို့ရမယ့်ဒီဇိုင်းလေးနဲ့ပါ။

အဲဒီ apk လေးက ဒီလိုအလုပ်လုပ်ပါတယ်။
- /system/lib/libharfbuzz.so ကို သူ့ files directory ထဲကို backup ဆိုတဲ့ နာမည်နဲ့ copy ကူးယူတယ်။
- အဲဒီ copy ကူးထားတဲ့ file လေးကို byte တစ်ချို့ပြင်ပြီး temp ဆိုတဲ့ file အနေနဲ့ ရေးလိုက်တယ်။
- အဲဒီ temp file လေးကို /system/lib/libharfbuzz.so ဖိုင်နေရာမှာ အစားပြန်ထိုးပါတယ်။

အလုပ်လုပ်သွားပုံက လွယ်လွယ်ကလေးပါ။ ဒါပေမယ့် အဲဒီအတွက် တော်တော်ကြိုးစားခဲ့ရပါတယ်။

apk file လေး အကြမ်းထွက်လာတော့ ကျွန်တော့်သူငယ်ချင်းတွေရဲ့ ဖုန်းတွေမှာ လိုက်စမ်းပါတယ်။ နောက်ဆုံး စိတ်ချရလောက်ပြီဆိုတဲ့အချိန် တင်ပေးလိုက်တာပါ။ ကျွန်တော်ကတော့ စိတ်တိုင်းမကျလှသေးဘူး။ ဒါပေမယ့် သူငယ်ချင်းတွေက အတင်းတင်ခိုင်းတာနဲ့ တင်လိုက်ရပါတယ်။ ကျေးဇူးတင်ရမယ့်သူတွေထဲမှာ သူတို့တွေလဲ ပါပါတယ်။ (Soe Min Htut, Khun Htun Hla, Khaing Khant Lwin)

PATCH_FAIL_ERROR ဖြစ်ရတဲ့အကြောင်းရင်းက code segment မကိုက်လို့ပါ။ အဲဒီဖုန်းတွေအတွက် /system/lib/libharfbuzz.so ဆိုတဲ့ file လေးကို dr.kyawzawnaing@gmail.com ကို ပို့ပေးထားပါ။ နောက်ပိုင်း အဲဒီ code segment လည်း ပြင်လို့ရအောင် update ထုတ်ပေးပါ့မယ်။ ကြန့်ကြာနေခဲ့ရင်လည်း သည်းခံပေးပါ။

နောက်ပြီး ကျွန်တော့်ရဲ့ app ဟာ unicode နဲ့ ပိုဝေးသွားစေတာအတွက်တော့ စိတ်မကောင်းပါဘူး။ ကျွန်တော်တို့ဟာ ရှေ့ကိုတိုးတာမဟုတ်ဘဲ နောက်ကိုပြန်ဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။

IT ဖွံ့ဖြိုးဖို့ဆိုရင် developer တွေကို အားပေးဖို့လိုပါတယ်။ ဒါကြောင့် သူတို့ရောင်းတဲ့ app တွေကို ဝယ်ယူအားပေးစေချင်ပါတယ်။ သူတို့ဆိုတဲ့အထဲမှာ ကျွန်တော်တော့ မပါပါဘူး။ ကျွန်တော်ဟာ ဝါသနာရှင်အဆင့်ပဲရှိပါတယ်။

ဘယ်လိုပဲဆိုဆို အားပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အားလုံးပျော်နေကြတဲ့အတွက် ကျွန်တော်လည်းပျော်ပါတယ်။ brick ဖြစ်သွားတယ်လို့ မကြားရသေးတဲ့အတွက်လည်း ဝမ်းသာပါတယ်။ donate လုပ်ချင်သူများအနေနဲ့တော့ dr.kyawzawnaing@gmail.com ကို MecTel 800 MHz ငွေဖြည့်ကဒ် ကုဒ်နံပါတ်များ ပို့ပေးနိုင်ပါကြောင်း :D

ဒီဖုန်းတွေမှာ စမ်းသပ်ြ့ပီးဖြစ်ပါတယ်။
Xperia SP,Z,Z1 Huawei C8813,C8813D, P6,Y300,G610 , Motorola XD928 , Samsung Note 2, Glaxy Grand , Z1 , galaxy s3 mini , S Advance , 610 cdma , Sp , c8815 , G520 , Note10.1 N8000 , galaxy tab 3 , samsaung tab2 , g610 u00 , Xperia Z , sony,G510,Y320


21 September 2013

Huawei (flash Font ) နည်းလမ်းမှန်နဲ့ထည့်ကြမယ်


Android version 4.0.1 နှင့်အထက်
Recovery mood ကသွင်းရပါမယ်
ဒေါင်းပြီး ထည့်လိုက်ပါ။
သက်ဆိုင်ရာ CW Mတော့သွင်းထားရပါမယ်။
Overwrite လုပ်ခြင်းမဟုတ်ပဲ Zawgyi font ကို
Google ကသတ်မှတ်တဲ့အတိုင်းထည့်သွင်းခြင်းဖြစ်ပါတယ်။
FrozenKeyboard တစ်ခါတည်း ပါပါတယ်။
ပညာရှင်များကို ခရစ်ဒစ် ပေးပါ၏။


Huawei ဖုန်းတွေအတွက် Root မလိုပဲ မြန်မာစာရေးနိုင်ဖတ်နိုင်မယ့် IT Suboo Huawei Theme Font (For Jelly Bean) 4.1.1

Huawei Emotion UI ပါဝင်ပြီး Themes ပြောင်းလို့ရတဲ့ Huawei ဖုန်းတွေအတွက် Root မလိုပဲ မြန်မာစာရေးနိုင်ဖတ်နိုင်မယ့် IT Suboo Huawei Theme Font (For Jelly Bean) 4.1.1 
လေးကို တင်ဆက်လိုက်ပါတယ်။ ဒါလေးကိုပြုလုပ်သူကတော့ ကျနော်တို့ရဲ့ IT SuBoo စာရေးသူ LinkStar ပဲဖြစ်ပါတယ်။
အဲဒီ လိုTheme ပြောင်းလို့ရတာ မျိုးမိမိတို့ရဲ့ hauweiဖုန်းမှာdefault ပါတယ်ဆိုရင်အခုပြောမယ့်နည်းလေးနဲ့မြန်မာစာထည့်နိင်ပါတယ်။ Root လုပ်စရာမလိုပါဘူး။Root မလုပ်ချင်ဘဲဖုန်းမှာ မြန်မာစာပေါ်ချင်တဲ့သူတွေအတွက်အဆင်ပြေမှာပါ။လက်တလော မြန်မာပြည်ကိုရောက်နေတဲ့ Emotion UI သုံးထားတဲ့တခြားhuaweiဖုန်းတွေ (G510,C8813,U8950,y300.. etc) အစရှိတဲ့ဖုန်းတွေမှာလည်းဒီ Theme pack လေးနဲ့ မြန်မာစာထည့်နိုင်ပါတယ်။
 ပထမဆုံးလိုအပ်တာလေးကို အရင်ဒေါင်းလိုက်ပါ။
==========================


 ဒေါင်းလို့ရလာတာလေးကို ဒီအတိုင်းပဲ SD Card သို့မဟုတ် Internal ထဲက
 HWThemes folder>>Diythemes ထဲမှာ ထည့်လိုက်ပါ။
ပြီးရင်ပြန်ထွက်ပြီး Themes ဆိုတဲ့ ထဲဝင်လိုက်ပါ။
အဲဒီမှာIT SuBoo  ဆိုတဲ့ Themes ကို Apply ပေးလိုက်ပါ။
  Themes With Font လား  Themes Without Font လားမေးရင်
Themes With Font ကို ရွေးပေးလိုက်ပါ။ Reboot ကျပြီး ပြန်တက်လာရင် မြန်မာစာFont တွေကိုသုံးလို့
ရပါပြီ။အဆင်ပြေပါစေဗျာ။

အဆင်မပြေရင် မှတ်ချက်ပေးခဲ့ကြပါ။အဆင်ပြေရင်တော့ ကြော်ငြာလေးတွေကိုနှိပ်ခဲ့ပေးပါနော်။ 

04 September 2013

Android ဖုန်းတွေမှာ မြန်မာစာဖောင့်ဒီဇိုင်းလှလှလေးတွေကို မိမိစိတ်ကြိုက်သွင်းကြမယ်

ဒီတစ်ခါ အလန်းလေးလာပြီ။ စက်ရုပ်တွေမှာ ဖောင့်တွေကို မိမိစိတ်ကြိုက်သွင်းလို့ရနိုင်မယ့်နည်းလမ်းလေးပါ။
ပထမဆုံးလိုအပ်တဲ့ FILE  တွေကို အရင်ဒေါင်းလိုက်ပါ။