22 January 2014

Call Wait Service,Call Forward Service,Voice Mail Servie & Missed Mail Alert ၀န်‌‌ဆောင်‌မှု

မြန်မာ့ဆက်သွယ်ရေး လုပ်ငန်းက Call Wait Service , Call Forward Service , Voice Mail Servie & Missed Mail Alert တို့ကို GSM ဖုန်းလိုင်းနှင့် WCDMA ဖုန်းလိုင်းများအတွက် အသုံးပြုခွင့်ပေးခဲ့ပါပြီ။
          Call Wait Service ကို အသုံးပြုလိုပါက 1331 သို့  Orderdata CH ဟု ပေးပို့ရမည် ဖြစ်ပြီး (ပြန်စာ ရရှိပါက Orderdata CH ဟု ပြန်လည် ပေးပို့ရမည်)။ Call Wait Service အသုံးပြုရန်အတွက် တစ်လလျှင် ၅၀၀ကျပ်။ Call Wait Service စနစ်သည် ဖုန်းလိုင်းမအားသည့်အခါ လိုင်းကျသွားခြင်းမရှိဘဲ စောင့်ဆိုင်းပေးသည့် ၀န်ဆောင်မှု ဖြစ်သည်။
          Call Forward Service ကို အသုံးပြုလိုပါက 1331 သို့ Orderdata CF ဟုပေးပို့ရမည်ဖြစ်သည်။
။ Call Forward Service အသုံးပြုရန်အတွက် တစ်လလျှင် ၉၀၀၀ ကျပ်။ Call Forward Service သည် မိုဘိုင်းဖုန်းနှစ်လုံးကို ကိုင်ဆောင်သည့်အခါ ဖုန်းတစ်လုံးမှ တစ်လုံးဆီသို့လွှဲပြောင်း လက်ခံခြင်း ၊လွှဲ ပြောင်းခေါ်ဆိုခြင်းတို့ကို ပြုလုပ်နိုင်သည့် ၀န်ဆောင်မှုဖြစ်သည်။
          Voice Mail Service ကို အသုံးပြုလိုပါက 1331 သို့ Orderdata VMS ဟုပေးပို့ရမည်ဖြစ်သည်။ Voice Mail Service အသုံးပြုရန်အတွက် တစ်လလျှင် ၁၀၀၀ကျပ် ။ Voice Mail Service သည် အသံဖိုင် ကို ပေးပို့နိုင်သော ၀န်ဆောင်မှု ဖြစ်သည်။
          Missed Call Alert ကို အသုံးပြုလိုပါက 1331 သို့ Orderdata MCA ဟုပေးပို့ရမည်ဖြစ်သည်။ Missed Call Alert ကိုအသုံးပြုရန်အတွက် တစ်လလျှင် ၁၀၀၀ကျပ် ကို မိုဘိုင်းဘီလ်မှတစ်ဆင့် ကောက်ခံသွားမည်ဖြစ်သည်။ Missed Call Alert သည် မိုဘိုင်းဖုန်းလိုင်းပြောဆိုနေစဉ် ဖုန်းလိုင်းဝင်ရောက်လာသည့်အခါ အချက်ပြသည့် ၀န်ဆောင်မှု ဖြစ်သည်။
          ( Call Wait Service နဲ့ Call Forward Service နှစ်ခုမှ တစ်ခုသာသုံးရန်)
          ( Voice Mail Service နဲ့ Missed Call Alert နှစ်ခုမှ တစ်ခုသာသုံးရန်)
           မြန်မာ့ဆက်သွယ်ရေးမှ အသုံးပြုခွင့်ပေးခဲ့သည့် မိုဘိုင်းဖုန်းဝန်ဆောင်မှု လေးခုသည် ကိုယ်တိုင်ဖွင့်လှစ်အသုံးပြုရ သည့် ၀န်ဆောင်မှု များဖြစ်ပြီး အသုံးပြုလိုခြင်းမရှိသည့်အခါ 1331 သို့
Cancel CF ဟု ရေးသားပေးပို့ ကာ ပိတ်ပင်နိုင်ပါသည်။

MPT ၏ Voice Mail Service အကြောင်း ========================်
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬Voice Mail ဆိုတာကတော့ ဖုန်း Message တွေပို့သလို စာသားနဲ့မဟုတ်ဘဲ အသံနဲ့ပေးပို့တဲ့သဘောမျိုးပဲဖြစ်ပါတယ်။

GSM/WCDMA တွေမှာအသုံးပြုနိုင် ပြီး

အသုံးပြုပုံကတော့ ...

မိမိဆီကိုဝင်တဲ့ Voice Mail အသစ်ရှိရင် Message Box ထဲမှာ ဘယ်သူ့ဆီ
ကပို့ထားကြောင်း Message ၀င်ပါတယ်။ မိမိဆီကိုဝင်ထားတဲ့ Voice Mail
တွေကိုစစ်မယ်ဆို 1550 ကိုဖုန်းခေါ်ပြီး၏ ပြန်လည်ဖြေကြားတဲ့အခါမှာ 1 ကိုနှိပ်ပေးရမှာဖြစ်ပါတယ်။

အခြားဖုန်းဆီကို Voice Mail ပို့ချင်တယ်ဆိုရင်တော့ 1550 ကိုဖုန်းခေါ်ပြီး
ပြန်လည်ဖြေကြားတဲ့အခါမှာ 2 ကိုနှိပ်ပါ ပြီးလျှင် ပို့ချင်သည့်ဖုန်းနံပါတ်ကို
နှိပ်ပြီး * (star) ကိုနှိပ်ရမှာဖြစ်ပါတယ်။

refer 2 - Internet Journal
         

0 comments:

Post a Comment