
ဒီတစ်ခါ အလန်းလေးလာပြီ။ စက်ရုပ်တွေမှာ ဖောင့်တွေကို မိမိစိတ်ကြိုက်သွင်းလို့ရနိုင်မယ့်နည်းလမ်းလေးပါ။
ပထမဆုံးလိုအပ်တဲ့ FILE တွေကို အရင်ဒေါင်းလိုက်ပါ။
ttf ဖိုင်တွေက သူ့ချည်းပဲဆို install မောင်းလို့မရပါဘူး။ Root Explorer နှင့်လုပ် ၇င်ရပေမယ့် တစ်ခုခုမှားသွားရင် ပြသနာတက်ပါတယ်။ဒါ့ကြောင့်ဒီနည်းလေးကို ပေးလိုက်တာပါ။
နံပါတ်1နှင့် 2.မှာပါတဲ့ RARနှင့် Zip ဖိုင်ကိုဖြည်ပြီး SD ကဒ်ထဲကို ထည့်လိုက်ပါ။
နံပါတ်3.မှာပါတဲ့ font installer apk ကို install မောင်းလိုက်ပါ။ပြိးရင် font installer ကိုဖွင့်လိုက်ပါ။
အောက်ပါအတိုင်းမြင်ရပါလိမ့်မယ်။ အော် အဲလိုမြင်ဖို့ local က နေ ခုနက ttf တွေထည့်ထားတဲ့
folder ထဲကို အရင်သွားလိုက်ပါ။ အဲဒါဆိုအောက်ကလိုမြင်ရပါမယ်။အဲဒါက နံပါတ်1 ဖိုဒါ ကိုသွားပြီး ပါတဲ့
ttf ဖိုင်တွေပါ ။သူတို့ရဲ့ ဒီဇိုင်းကိုလည်း တစ်ခါတည်းမြင်ရပါတယ်။ ttf ဖိုင်တွေက ဖုန်းမှာ ဒီတိုင်းဆိုဘာမှမမြင်ရပါဘူး။ဒီဆော့ဝဲထဲမှာမြင်ရတာပါ။
နံပါတ်2 မှာပါတဲ့ font ttf 2ဖိုင်တွေကတော့ မြန်မာစာတွေကို ဒီဇိုင်းပြောင်းမသွားပဲ ရိုးရိုးဇော်ဂျီဖောင့်အတိုင်း ၇ှိနေပါမယ်။English တွေပဲဒီဇိုင်းပြောင်းသွားမှာပါ။
နံပါတ် 1.မှာပါတဲ့ Font ttf ဖိုင်တွေက မြန်မာစာတွေကိုပါ ဖောင့်စတိုင်ပြောင်းလဲပေးနိုင်ပါတယ်။
ပထမဆုံးကိုယ်ကြိုက်ရာဖိုင်တစ်ခုခုကို install လုပ်ကြည့်လိုက်ပါ။

Install ကိုနှိပ်လိုက်ပါ။

Reboot တောင်းရင် yes ကိုနှိပ်လိုက်ပါ။

ပြန်တက်လာရင်တော့ ကိုယ်သွင်းထားတဲ့ ဖောင့်ဒီဇိုင်းလှလှလေးတွေကို မြင်တွေ့ရမှာပါ။
အောက်မှာ နမူနာကျနော်စမ်းထားတာတွေပါ။

အပေါ်ကပုံကတော့ ArtHouse05.ttf ကိုထည့်ထားတာပါ။

ဒီပုံကတော့ Dancing Zawgyi.ttf ကိုထည့်ထားတာပါ။

ဒါကတော့ pyinoolwin.ttf ကိုထည့်ထားတာပါ။

ဒါကတော့ Sony.ttf ကိုသွင်းထားတာပါ။
ဒီထက်မက ttf file တွေလိုချင်သေးရင် အင်တာနက်ဖွင့်ပြီး Sever ဆိုတဲ့နေရာကနေ ရှာဖွေပြီးသွင်းနိုင်တယ်နော်။
ဒီထက်မက ttf file တွေလိုချင်သေးရင် အင်တာနက်ဖွင့်ပြီး Sever ဆိုတဲ့နေရာကနေ ရှာဖွေပြီးသွင်းနိုင်တယ်နော်။
တခြား ဖောင့်တွေကိုလည်း ကလိကြည့်လိုက်ပါဦး။ပျော်ရွှင်ပါစေ။
အဆင်မပြေပါက မှတ်ချက်ပေးခဲ့ပါ။ အဆင်ပြေတယ်ဆိုရင် ကြော်ငြာလေးတွေကို နှိပ်ခဲ့ပေးပါနော်။
ကျေးဇူးတင်တယ်ဗျို့
ReplyDeleteကျေးဇူးတင်တယ်ဗျို့
ReplyDeleteကျေးဇူးပါ brother ရေ.....ပြန်ရှယ်မယ်နော်.....
ReplyDeleteကျနော်ဖုန်း galaxy grand ပြန်မတက်လာတော့ဘူး အဲ့အတိုင်းလုပ်ပြီး reboot လုပ်ခိုင်းပြီး yes နိုပ်လိုက်တာ ပြန်မတက်လာတော့ဘူး တစ်ချက်လောက်ပြန်ကူညီပါခင်ဗျာ... frimware ပြန်တင်ရင်ရနိုင်မလားဟင်
ReplyDeleteပြန်တင်လို့ရပါတယ် Recovery ကနေအရင်လုပ်ကြည့်ပါအုံး မရမှာ Frimware ပြန်တင်ပါ
ReplyDeleteမလုပ်ဘူးလို့ပါ ၁ချက်လောက်ရှင်းပြပါခင်ဗျာ..လေးစားလျှက်..
ReplyDeleteHuawei တွေစမ်းဖူးလားဗျို့ ဖန်လုံးလစ်သွားမှာစိုးလို့ပါ P1 နဲ့ok.ရင်ကောင်းမယ်ဗျာ အရမ်းလန်းနေလို့ တစ်ချက်လောက်ပြောပြပါဦးဆရာရေ
ReplyDeleteHuawei တွေစမ်းဖူးလားဗျို့ ဖန်လုံးလစ်သွားမှာစိုးလို့ပါ P1 နဲ့ok.ရင်ကောင်းမယ်ဗျာ အရမ်းလန်းနေလို့ တစ်ချက်လောက်ပြောပြပါဦးဆရာရေ
ReplyDeleteအဲဒီအတွက် ဖုန်း ROOT ထားမှရမှာလား အကို။ ကျနော် TAB 2 မှာ ထည့်တာ REBOOT လုပ်ခိုင်းလို့ လုပ်ပေမယ့် reboot မလုပ်ဘူး ကိုယ့်ဟာကို စက်ကို ရီစတက် ချပီးပြန်ဖွင့်ပေမယ့် ဖောင်တွေကတခုမှ မမြင်ရပါဘူး။ ဘာကြောင့်လဲတချက်လောက်ပြောပြပါဦး။ ကျနော့်ကောင်က root လုပ်မထားပါဘူး...
ReplyDeleteဖုန်းကို Root ထားမှ ရမှာပါ။ ကျနော်စမ်းတာ HauweiG510-0010 ပါ။ဒါပေမယ့် အဲဒီ Hauwei G510-0010 ကို တခြားတစ်ယောက်လုပ်တာ logo မှာရပ်နေတယ်ပြောတယ်။ ကျနော်ကတော့ ခဏခဏလုပ်တာ။ဘာမှဖြစ်ဘူး။ သတိတော့ထားကြပါ။မြန်မာစာတွေဘာမှမမြင်ရရင် Zawgyi Font changer တစ်ခုခုနှင့်ပြန် မောင်းလိုက်ပါ။ပြန်မြင်ရပါတယ်။ကျနော်လည်းခဏခဏ ပျောက်ဖူးပါတယ်။ဒါပေမယ့် အဲလိုပြန်သွင်းရင် ပြန်ရပါတယ်။ပြီးမှ နံပါတ်1 ထဲက မြန်မာစာရတဲ့ဟာတစ်ခုခုကိုပြန်သွင်းကြည့်ပါ။ အဆင်ပြန်ပြေပါတယ်။
ReplyDeleteကယ်ပါ ဦး......အကိုရေ......(နံပါတ် 1.မှာပါတဲ့ Font ttf ဖိုင်တွေက မြန်မာစာတွေကိုပါ ဖောင့်စတိုင်ပြောင်းလဲပေးနိုင်ပါတယ်။)တဲ့
ReplyDeleteစမ်းကြည့်လိုက်တာ ကျွန်တော် ဖုန်း ပါဝါ ပွင့်မနိုင်တော့ဘူး ဖြစ်နေလို့ပါ...
android logo ပုံလေးမှာပဲ ရပ်နေပါတယ်....ကူညီပါနော်....
ဖုန်း အမျိုးအစားက i-mobile iq 5.3 ပါ...android os 4.2.1 ပါ....
root ဖောက်ပြီးသားပါ.....ဘယ်လိုပြန်လုပ်ရမယ်ဆိုတာ ပြန်ပြောပေးပါနော်....
huawei y300c မှာ စမ်းလိုက်တာ ဖန်းဝဲ ပါသေသွားတယ်... လုပ်ရင်လည်းသေချာလုပ်ဗျာ... မလိုအပ်ပဲ အသုံးပြုသူတွေကို ဒုက္ခရောက်စေတဲ့ ဆော့ဝဲလ်တွေကိုတော့ မတင်သင့်ဘူးထင်တယ်.။။ ကျနော်တောင် ဖန်ဝဲ ပြန်တင်လိုက်ရတယ်..
ReplyDeletehuawei U8825Dမှာ လုပ်တာ။ဖုန်းပြန်မပွင့်တော့ဘူး။logo မှာပဲရပ်နေတယ်။ကူညီကြပါဦး။ဘယ်လိုပြန်လုပ်ရမလဲ။
ReplyDeletefirmware ပြန်တင် ရမယ်ဆိုရင်လည်း ဆိုင်မသွားပဲ ကိုယ့်ဖာသာ တင်လို့ရလား။သိတဲ့လူတွေ ရှိရင် ကူညီကြပါဦး ဗျာ။
ReplyDeleteအကို တို့ရယ် ကူညီပါဦးနော်။firmware တင်နည်းလေးများ postလေး ရေးပေးပါနော်။မရှိမဲ့ ရှိမဲ့ဟာလေး စုပြီး ဝယ်ထားတဲ့ ဖုန်းလေးမို့ပါ။အခု ပွင့်ကိုမလာတော့ဘူး။
ReplyDeleteတစ်ခုခုတင်ရင်ဖုန်းတိုင်းနဲ့ ကိုက်ညီမှုရှိမရှိစစ်ဆေးပြီးမှတင်ရန်အကြံပြုလိုပါတယ် ရတဲ့ Model ကိုသာရေးပေးပါ
ReplyDelete