12 June 2013

Hack မခံရလေ အောင် ကာကွယ်ခြင်း



Hack မခံရလေ အောင် ကာကွယ်ခြင်း



Run box မှာ compmgmt.msc လို့ရိုက်ထည့်ပြီးတော့
computer management (local)/system tools
/share folders/shares ကို သွားကြည့်လိုက်ပါ ညာဘက် box ထဲမှ
file များနောက် မှာ $ ပါနေလား
ကြည့်ပါ .. $ နေတယ်ဆိုတယ် သေချာပါပြီ…. သင့် ကွန်ပျုတာကို
ဟပ်မယ်ဆိုရင် အလွယ်တစ်ကူ
ဟပ်နိုင်နေပါတယ် ..ဘယ်လို ဟပ်မှာလဲဆိုတော့ run box မှာ
\\13.0.3.122\E$ ဒိလိုမျိုးရိုက်
ခေါ်ပြီးတော့ အလွယ်တစ်ကူ ဟပ်သွားနိုင်ပါတယ် ဒီ default share ($)
တွေကို ဘယ်လို ဖြုတ်ရ
မလဲဆိုတော့
1.Start – Run – regedit … HKEY_LOCAL_MACHIE\SYSTEM\CurrentControlSet\Services\
Lanmanserver\Parameters ကို Click ပါ။
2.ညာဘက်ရှိ Box ထဲတွင် AutoShareWks file ကို ရှာပါ။
မတွေ့ခဲ့လျှင် လွတ်နေသော နေရာတွင် Right Click – New – DWORD value
ကိုရွေးပါ။ New Value #1 ဆိုတဲ့ နေရာမှာ AutoShareWks ဟု ရေးပါ။

3.AutoShareWks file အား Double Click ပါ။
Value Data: အောက်ရှိ Box တွင် 0 ( zero ) ဆို Default Shares
တွေကို Close တာ 1 ( one ) ဆို Default Shares တွေကို Open တာ၊
0 (zero ) ပေးပြီး OK ပေးပါ။

4. Restart ပေးပြီး Windows ပြန်တက်သောအခါ
Default Shares တွေကို ပိတ်ပြီးသား ဖြစ်သွားပါလိမ့်မည်။


ကျွန်တော် သိတာလေး ပြောကြည့်တာပါနော်.. အဓိက ကတော့
ညီအစ်ကို မောင်နှမတို့ရဲ့ဆွေးနွေးချက်ကို ဖတ်ရှု့လေ့လာချင်လိုပါ
အားသာချက်၊ အားနည်းချက် ဘယ်လိုအကျိုး
အပြစ်တွေ ရှိတယ်ဆိုတာကို
ဆွေးနွေးပေးကြပါဗျာ…တကယ်တော့
hacker တစ်ယောက်ဆိုတာ ကွန်ပျူတာ
System တစ်ခုလုံးကို အရည်ကြိုသောက်ထား သူလို့မြင်ပါတယ်
ကျွန်တော် ကတော့ ကွန်ပျူတာကို အဆင်ပြေကိုက်
ညီအောင် အသုံးပြုတဲ့
User အဆင့် ပေါ့ဗျာ …ဒါပေမဲ့ အလွယ်တစ်ကူနဲ့တော့
hack မခံရလေအောင်
သိချင်ပါတယ်ဗျာ
ခက်ခက်ခဲခဲ နဲ့ဟတ်လို့ရသွားလဲ ဟတ် ပေါ့ဗျာ
ဟုတ်ဘူးလား :P………………သင်ကြားပြသ ပေးကြပါဦး



အမှန်က အဲဒီ window မှာတင်ကတည်းက ပါတဲ့ $ တွေကို တစ်ခြားကွန်ပျူတာက ၀င်ကြည့်တယ်ဆိုတာ လုံးဝမလွယ်ပါဘူး။ ၀င်ဟက်ဖို့ဆိုတာ ဝေးပါတယ်။ ကျွန်တော်မသိတာလည်း ဖြစ်မှာပါ။ တကယ်လို့ ၀င်လို့ရသွားတယ်ဆိုရင်တောင် ဟတ်လို့ မရနိုင်သေးပါဘူး။ ၀င်းဒိုးမှာတင်ကတည်းက ပါနေတဲ့ $ တွေကို ၀င်ဖို့ အသုံးပြုခံရမယ့် ကွန်ပျူတာက လှမ်းပြီး အသုံးပြုမယ့်(သို့) ၀င်ချင်တဲ့ ကွန်ပျူတာကို admin right ပေးထားမှ ၀င်လို့ရမှာပါ။ ဒီတိုင်းဘယ်လိုမှ ၀င်လိုမရပါဘူး။ (ကျွန်တော်သိသလောက်ပါ။)
မယုံရင် စမ်းကြည့်ပါ။
စက်တစ်ခုရဲ့ အိုင်ပီ၊ အဲဒီနောက်က partation$ (ဥပမာ- \\13.0.-.-\D$) ဆိုပြီး ၀င်ကြည့်ပါ။ ( ဒီနေရာမှာ D ဆိုတာ computer ရဲ့ partation ပါ။ $နဲ့ share ပေးထားတဲ့ ဖိုင်မဟုတ်ဘူး။ $ နဲ့ ရှယ်ရာပေးတဲ့ နည်းကိုတော့ အားလုံးသိပြီးဖြစ်မှာပါ။)
ဝင်လို့မရပါဘူး။ password တောင်းနေပါလိမ့်မယ်။ ကျွန်တော် အဲဒီ password ကိုသိချင်လို့ အမျိုးမျိုး ကြိုးစားပြီး လိုက်မေးဖူးပါတယ်။ ဘယ်လိုမှ အဆင်မပြေခဲ့ပါဘူး။ အချိန်ကုန် လူပန်းပါပဲ။
ရိုးရိုးပဲ စဉ်းစားကြည့်လေဗျာ။ ဒါမျိုးကို Microsoft ကမသိပဲနေမလား။ ။ တကယ်လို့တာ
အဲဒီအတိုင်း ၀င်လို့ရနေရင် user တွေရဲ့ DATA တွေမှာ ဘယ်လိုလုပ် လုံခြုံမှုရှိတော့မှာလည်း။ ဒါမျိုးကိုလုပ်ပေးထားတယ်ဆိုတာက တစ်ခြားကွန်ပျူတာတစ်လုံးကို admin အကောင့်သဘောမျိုးပေးပြီး DATA တွေရှယ်လို့ရအောင်ပါ။ အခုကျွန်တော်တို့ အပေါ်ကနေ ဆွေးနွေးသွားတဲ့အတိုင်း ၀င်ပြီး DATA တွေယူဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့ အရင် window version တွေကိုတော့ မပြောတတ်ဘူး။ XP S-2 ဆိုရင်တော့ လုံးဝမလွယ်ပါဘူး။ သေချာ တိတိကျကျ သိချင်ရင်တော့ ကိုရဲအောင်ကြီး ကိုမေးကြည့် ။ :D (ဟီးဟီး -မအားတဲ့လူကို အချွန်နဲ့ မလိုက်ပြီ)

ဖိုရမ်တွေ ဘလော့တွေမှာ တော်တော်များများရေးတာကို တွေ့ရပါတယ်။ Default shares ပိတ်ထားချင်းဖြင့် အဟက်မခံရအောင် ကာကွယ်နည်းဆိုပြီး ပြောဆိုရေးသားနေကြပါတယ်။ ပြီးတော့ Default shares ပိတ်နည်းကို ရေးကြတယ်။

ကောင်းပြီ...

ဒါဆို ကျွန်တော်မေးမယ်နော်... Default shares ဖွင့်ထားတဲ့ စက်တစ်လုံးကို ခင်ဗျားတို့ ဟတ်တတ်လားဆိုတော့ .....(ဟိုလိုလုပ်ပါလား၊ ဒီလိုလုပ်ပါလား၊ ငါလည်းမလုပ်တတ်ဘူးတွေနဲ့ပဲ တိုးနေတယ်။)

ကဲ.. အရင်ဆုံး ကျွန်တော်တို့ သူတို့ ပြောတဲ့ Default shares ဆိုတာဘာလဲ ဆွေးနွေးလိုက်ရအောင်


သူတို့တွေ ပြောတဲ့ Default shares ဆိုတာ ၀င်ဒိုးက $ နဲ့ပေးထားတဲ့ partation တွေကိုပြောတာပါ။ c$, d$ စသည်ဖြင့် paration ရှိသလောက်ပေါ့။ အဲဒီ partation တွေကို ၀င်ချင်ရင် run box ကနေ // IP(၀င်ချင်တဲ့ စက်ရဲ့ IP ပါ။)/c$: စသည်ဖြင့် ၀င်လို့ ရပါတယ်။ ဒါပေမဲ့ password တောင်းပါတယ်။ အဲဒီပတ်ဝေါ့က ဘာလဲ ဆိုတာ Default shares ပိတ်နည်းရေးတဲ့ ကျွန်တော်ဆရာ ဘလောကာများ မသိကြပါဘူး။ တော်တော်များများ သိချင်ကြတဲ့ အရာပါ။ ဒါပေမဲ့ အဲဒီပတ်ဝေါ့က တကယ်ရော ရှိနိုင်ပါမလား။ ရှိတယ်ဆိုရင် ၀င်းဒိုးကြီးက လုံခြုံမှု မရှိဘူးပေါ့။ သို့လော သို့လော တွေးစရာတွေပါ။

အမှန်က microsoft wondow က ပေးထားတဲ့ အဲဒီ Default shares တွေက အခြားစက်ကနေ Guest အကောင့်ဖြင့် ၀င်သုံးချင်တဲ့ လူတွေအတွက်ပါ။

ကဲ မိတ်ဆွေရော အဲဒီလို သုံးချင်တယ်ဆိုရင်တော့ မခက်ပါဘူး။ မိတ်ဆွေရဲ့ ကွန်ပျုတာ၊ ဒါမှမဟုတ် Default shares ပေးချင်တဲ့ ကွန်ပျူတာ ရဲ control panel ထဲက User account ထဲကိုဝင်ပြီး guest accout ကို ဖွင့်ပြီး password ပေးထားလိုက်ရင်ရပါပြီ။
 

ကျွန်တော်ရေးတာကို နားမလည်ဘူးထင်တယ်။ ကျွန်တော်တို့ ပုံမှန်ကွန်ပျူတာ အားလုံးမှာ Default shares ကအမြဲ ဖွင့်ထားပါတယ်။ ကြောက်လန့်ပြီး ပိတ်ထားတဲ့ ကွန်ပျူတာတွေက လွဲလို့ပေါ့။ :P
Default shares ကို လှမ်းသုံးချင်တယ်ဆိုရင် ....
ဥပမာ- ကိုwhiteskyptz က ကျွန်တော့ကွန်ပျူတာထဲက Default shares ကိုလှမ်းသုံးချင်တယ် ဆိုပါဆို့...
ပုံမှန်အတိုင်းဆို အကိုလှမ်းသုံးလို့ မရပါဘူး။ ကျွန်တော်က Guest အကောင့်သုံးပြီး အဲဒီ Guest အကောင့်ကို ပတ်ဝေါ့ပေးထားမှ ရတာပါ။ ကျွန်တော်တို့ အခုသုံးနေတဲ့ အကောင့်တွေက များသောအားဖြင့် Administrator right အကောင့်တွေနဲ့ limited အကောင့်တွေ ဖြစ်ပါတယ်။ Guest အကောင့်သုံးတဲ့လူတွေ ရှားပါတယ်။
ကွန်ပျူတာ တစ်လုံးက Guest အကောင့်ကို ဖွင့်ထားမယ်။ ပတ်ဝေါ့ ပေးထားမယ်ဆိုမှ ၀င်လို့ရတာပါ။ ၀င်တယ်ဆိုရာမှလည်း ကိုယ်က သူ့ကွန်ပျူတာကို ဘာမှ စွက်ဖက်ပိုင်ခွင့် မရှိပါဘူး။ Data တွေ လှမ်းယူလို့ရယုံပါပဲ။

0 comments:

Post a Comment