25 April 2013

App Saver for android









Android phone ကိုင်ဆောင်သူတွေ အတွက်  google play မှ download ဆွဲထားတာတွေ သိမ်းလို့ အဆင်မပြေသူတွေအတွက် တင်ပေးလိုက်ပါတယ်..  google play မှ download ဆွဲထားတာတွေကို ကိုယ်ဖုန်းထဲ ရောက်ပြီး ဆိုပြီး ဖျက်မိတတ်ကြပါတယ် .. .ပြန်ရှာတော့ မတွေ့ တာမျိုးဖြစ်တတ်ကြမှာပါ.. ဘာဖြစ်လို့လဲဆိုတော့ google play က direct install ဖြစ်တာကြောင့်ဖိုင် သိမ်းထားခြင်းမရှိပါဘူး ..အဲဒီလို ဆွဲထားတာတွေကို သိမ်းထားချင်သူတွေအတွက် ဒီဆော့ဝဲလ်လေးကို တင်ပေးလိုက်ပါတယ် ..ဒီဆော့ဝဲလ်လေးကတော့ လွယ်လွယ်ကူကူပဲ  google play က download ဆွဲထားတာတွေကို မိမိဖုန်းထဲမှာ သိမ်းပေးထားနိုင်မှာဖြစ်ပါတယ် … မြန်မာလိုလေး ပြောင်းပေးထားတာကြောင့် အသုံးပြုသူ အဆင်ပြေစေမှာပါ.. အရင် ဆုံး ဆော့ဝဲလ်လေးဖွင့်ပါ..ပြီးရင် မိမိသိမ်းချင်တဲ့ ဆော့ဝဲလ်လေးကို ခေါက်ခြစ်ပြီး  ဆော့ဝဲလ် သိမ်းမယ် နှိပ်လိုက်ရင် မိမိဖုန်းရဲ့ SD  ထဲက  appsaver ထဲမှာ မိမိသိမ်းထားတဲ့ ဆော့ဝဲလ်တွေကို ပြန်ရှာလို့ရပါပြီ..ဒါအပြင် မိမိဖုန်းထဲမှာရှိတဲ့ ဆော့ဝလ်တွေကိုလည်း ကဒ်ထဲကို အလွယ် တကူရွှေ့ပြောင်းနိုင်တာကြောင့် အသုံးဝင်မှာ သေချာပါတယ် ..ဒီဆော့ဝဲလ်လေးကို   Myanmar Mobile App Store မှာ download ရယူနိုင်ပါတယ် ခင်ဗျာ..
အောက်က  Link မှာ ရယူနိုင်ပါတယ် ..
Appsaver for android  အားရယူရန်

credit to MMAS

0 comments:

Post a Comment