10 March 2013

play store က app တွေကိုpc နဲဒေါင်းလို့ အဆင်မပြေသူများအတွက်


ပထမရက်က facebook မှာတွေ့ဒါလေး ပြန်လည်ဝေမျှထားဒါလေးကို အသုံးပြုရအဆင်မပြေဘူးဆိုလို့ ညက ကျွန်တော်ကိုယ်တိုင်စမ်းပြီး သုံးကြည့်ပါတယ် နည်းနည်းလေးပဲ ပြင်ရပါတယ် ဒေါင်းလို့အဆင်ပြေသွားပါတယ် အဆင်ပြေခဲ့ပုံလေးကို ပြန်လည်ဝေမျှပေးမှာပါ။ cboxကမေးထားတဲ့အကိုတွေအတွက်လည်းတစ်ခါတည်းအဆင်ပြေသွားတာပေါ့ဗျာ။

ပထမဆုံး apk downloader lasted version လေးဖြစ်တဲ့ 1.4.0 ကိုဒေါင်းပါ့မယ်။ လိုက်ရှာမနေပါနဲ့ တစ်ခါတည်းအောက်က မလိုက်ပါ။
>> Download <<
ဒေါင်းလို့ရလာတဲ့ဖိုင်လေးကို desktop ပေါ်မှာထားလိုက်ပါ။ မိမိစက်မှာတော့ အနည်းဆုံး chrome 23 လောက်တော့တင်ထားပြီးသားဖြစ်ရမှာပါ။ မရှိသေးဘူး မဒေါင်းရသေးဘူးဆိုသူများလည်းအောက်မှာ ဒေါင်းယူလိုက်ပါ။
>> Download <<
ဒေါင်းပြီးရင် install လုပ်ထားပါ။ chrome ကိုဖွင့်ထားပြီး settings ထဲက extensions ထဲကိုသွားထားပါ။
ပြီးရင် desktop ပေါ်မှာထားခဲ့တဲ့ apk downloader 1.4.0 ကို မောက်ဖြင့် ဆွဲထည့်လိုက်ပါ လက်လွတ်လိုက်တာနဲ့ install ပြီးလို့ google အကောင့်နဲ့ phone ရဲ့ device id ကိုထည့်ပေးပြီး login ၀င်လိုက်ပါ။ device id ကို ဖုန်းရဲ့ ဖုန်းခေါ်မဲ့နေရာမှာ *#*#8255#*#* ဆိုပြီးကြည့်နိုင်ပါတယ်။
ဖုန်းက jelly beam ဖြစ်နေတယ်ဆိုရင်တော့ ဆော့ဝဲလ်လေး install လုပ်ပြီးကြည့်ပါ။ ကျွန်တော်တော့ jelly မှာ အပေါ်က နံပါတ်ကလေးရိုက်ကြည့်လို့ဘယ်လိုမှ မရလို့ပါ။
ဆော့ဝဲလ်နဲ့ကြည့်မယ်ဆိုရင်တော့အောက်ကဒေါင်းပါ။
>> Download <<
အားလုံးပြီးသွားရင်တော့ desktop ပေါ်က chrome icon ပေါ်မှာ right click >> properties >> shortcut ထဲသို့ဝင်ပါ။
ပုံထဲကနေရာလေးရောက်ရင် target ဘေးက box လေးထဲမှာ 
C:\Users\Corporation\AppData\Local\Google\Chrome\Application\chrome.exe အဲဒီစာလေးရဲ့နောက်မှာ spacebar တချက်နှိပ်ပြီး 
--ignore-certificate-errors --allow-running-insecure-content ဒါလေးထပ်ထည့်လိုက်ပါ။ ပြီးရင် 
apply ၊ ok ပေါ့နော်။
နောက်ထပ်တစ်ဖိုင်ဒေါင်းပါဦးမယ် တနေ့က တင်ပေးထားတဲ့ဖိုင်ထဲမှာပါတဲ့ freegate lasted ဆော့ဝဲလ်လေးပါ။
>> Download <<
ဒေါင်းပြီးသွားရင် freegate ခေါ် fg738p ကိုဖွင့်ပါ။ browser တစ်ခုခုပွင့်ရင်ပိတ်လိုက်ပါ။ fg ကိုမပိတ်ပါနဲ့။
chrome ကိုဖွင့်ပြီး play.google.com က ပိုက်ဆံမပေးရသော အလကားပေးတာမှန်သမျှဆွဲလို့ရပါပြီခင်ဗျာ။
 နဲနဲပြန်ပြင်တယ်သာပြောဒါနော်
အားလုံးအသစ်တွေပဲပြန်တင်ပေးလိုက်တာပါ။
 အသုံးပြုပုံကအတူတူပါပဲ နောက်ဆုံး version လေးတွေပြောင်းသုံးတာနဲ့ error ရှင်းလိုက်တဲ့သဘောပါ။ လိုင်းမကောင်းလို့ဒေါင်းမရဘူးဆိုရင်တော့ကျွန်တော်နဲ့မဆိုင်တော့ဘူးနော်။
ဒီလောက်ဆို သူငယ်ချင်းအားလုံးအဆင်ပြေကြမယ်ထင်ပါတယ် ။သူငယ်ချင်းအားလုံးကို အထူးပဲကျေးဇူးတင်ပါတယ် ခင်ဗျာ။
 
credit to pyayblogger

0 comments:

Post a Comment